

ဖွင့်ချိန်-ပိတ်ချိန်
Open Daily : 9:00 am - 8:30 pm
ဆက်သွယ်ရန်
No.791, 2nd Floor, Corner of Phone Kyi Street & Maha Bandula Road,
Lanmadaw,
Yangon
ဖုန်းနံပါတ် - 09771893141, 09798026416
၀န်ဆောင်မှုများ
သွားဖာခြင်း
သွားပိုးစားခြင်းတစ်ခုဖြစ်ဖို့ဆိုတာ ရက်အနည်းငယ်၊ လအနည်းငယ်အတွင်းဖြစ်ပေါ်လာခြင်း မဟုတ်ပါ။ သင့်သွားများကို မှန်ထဲတွင်ကြည့်ပါက အမည်းစက်ကလေး၊ အမည်းကြောင်းကလေး ရှိနေပါက သွားပိုးစားခြင်းဖြစ်ပေါ်နေပြီဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ သွားပိုးစားခြင်းကို စောစီးစွာသိရှိပါက အချိန်မှီပြန်လည်ဖာထေးနိုင်သောကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို မခံစားရတော့ပေ။ သွားဖာရာတွင် သွားနှင့်အရောင်တူအောင် ပြန်လည်ပြုပြင်ပေးသဖြင့် သွားပိုးစားထားခြင်း၊သွားဖာထားခြင်းအား မသိနိုင်သဖြင့် ယုံကြည်ချက်အပြည့်ဖြင့် ပြုံးပျော်နိုင်ပါတယ်။
သွားအကြောထုတ်ကုသခြင်း
သွားပိုးစားခြင်းဟာ လပေါင်းများစွာ၊ နှစ်အနည်းငယ်ကြာတဲ့အခါမှာ သွားအတွင်းအနှစ်လွှာမှတစ်ဆင့် သွားအကြောတွင်းရောက်ရှိကာ နာကြင်ကိုက်ခဲမှုကို ခံစားရပါတယ်။ ဒီအချိန်မှာ သွားဖာခြင်းဖြင့်ကုသလို့မရတော့ဘဲ သွားအကြောထုတ်ကုသခြင်းကို ခံယူမှသာ သွားနာ၊သွားကိုက် ပျောက်ကင်းမှာဖြစ်ပါတယ်။ သွားအကြောထုတ်ကုသမှုဆိုတာ သွားအကြောတွင်းရောက်ရှိနေတဲ့ သွားပိုး (မျက်စိဖြင့်မမြင်နိုင်သော ပိုးမွှားများ) များအား သန့်ရှင်းအောင် အဆင့်ဆင့်ပြုလုပ်ပြီး နောက်ဆုံးတွင် သွားအကြောနေရာအား ဆေးဖြင့်ပြန်လည် ပိတ်ပေးခြင်းဖြစ်ပါတယ်။ သွားအကြောထုတ်ကုသမှုခံယူထားတဲ့သွားဟာ ကြံ့ခိုင်မှုအားနည်းသွားတာကြောင့် ရေရှည်အသုံးပြုလို့ရအောင် သွားအစွပ်ပြန်လည် စွပ်ပေးဖို့လိုအပ်လှပါတယ်။ ဥပမာအနေနဲ့ပြောရရင် သွားတစ်ချောင်းဟာ သစ်ပင်တစ်ပင်လိုပါပဲ။ သစ်ပင်တစ်ပင်ဟာ အသက်ရှင်နေစဉ်မှာ သူ့ရဲ့ ပင်စည်၊ အကိုင်းများဟာ ချိုးဖဲ့ဖို့ခက်ခဲလှပေမယ့် အသက်မရှိတော့တဲ့သစ်ပင်ဟာ ခြောက်သွေ့ပြီး ချိုးဖဲ့ဖို့လွယ်ကူသွားသလိုပါ။ သွားတစ်ချောင်းဟာလည်း အသက်ရှင်နေစဉ်မှာ သူ့ဘာသူကျိုးသွားဖို့ခဲယဉ်းပေမယ့် အကြောထုတ်ကုသမှုခံယူလိုက်ပြီးနောက် ကျိုးပဲ့လွယ်တာကြောင့် ရေရှည်အသုံးပြုနိုင်အောင် သွားအစွပ်ခံယူဖို့လိုအပ်လှတယ်ဆိုတာကို သိရှိထားမယ်ဆိုရင် အကြောထုတ်ထားတဲ့မိမိသွားကို ရေရှည်အသုံးပြုလို့ရနိုင်ပါတယ်။
သွားအစွပ်စွပ်ခြင်း
သွားအကြောထုတ်ကုသမှု ခံယူထားတဲ့သွားကို အစွပ် စွပ်ပေးတာဖြစ်ဖြစ်၊ သွားတစ်ချောင်းနှုတ်ထားလို့ ပြန်လည်အစားဖို့ ဘေးသွား ၂ချောင်းနဲ့ သွား ၃ချောင်းတွဲအစွပ်စွပ်တာဖြစ်ဖြစ် သွားအစွပ်အမျိုးအစား ၃မျိုးရှိပါတယ်။
(၁) သတ္တုသွား အစွပ်
(၂) သတ္တုတစ်ထပ်ပါ ကြွေအစွပ်
(၃) ကြွေသီးသန့် အစွပ်
အမာဝါးရတဲ့ အံသွားများတွင် သတ္တုအစွပ်များက ပိုမိုသင့်လျော်ပါတယ်။ ရှေ့သွားများမှာတော့ သတ္တုတစ်ထပ်ပါကြွေအစွပ် နဲ့ ကြွေသီးသန့်အစွပ်များ စွပ်ပေးမှသာလျှင် သင့်ရဲ့အပြုံးများကို ယုံကြည်ချက်ရှိစေမှာပါ။
သွားကျောက်ခြစ်ခြင်း
လူတိုင်းလူတိုင်းဟာ သွားတိုက်ခြင်းကို နေ့စဉ်၂ကြိမ်ခန့်ပြုလုပ်ပေးနေကြပေမယ့် ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့ အစားအစာအကြွင်းအကျန်များဟာ သွားကြားများ၊ သွားနှင့်သွားဖုံးကြားများမှာ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ၆လတစ်ကြိမ်ခန့် သွားနှင့်ခံတွင်းစစ်ဆေးပြီး သွားကျောက်ခြစ်ခြင်းကို ခံယူသင့်ပါတယ်။ သွားကျောက်တည်ခြင်း အများဆုံးဖြစ်လေ့ရှိတဲ့ နေရာများကတော့ အောက်အရှေ့သွားများရဲ့ အတွင်းဘက်ဖြစ်ပါတယ်။ မှန်ထဲတွင် အဆိုပါနေရာအားကြည့်ပါက သွားနှင့်သွားဖုံးကြားတွင် အဝါရောင်အဖတ်များတွေ့ပါက၊ လက်နှင့်ဖယ်မရပါက အဆိုပါအရာများဟာ သွားကျောက်များဖြစ်လို့ နီးစပ်ရာသွားဆေးခန်းသို့ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။
သွားနှုတ်ခြင်း
သွားနှုတ်ခြင်းဟာ သွားတစ်ချောင်းအား မည်သည့်နည်းနဲ့မှ ဆက်လက်ထိန်းသိမ်းမထားနိုင်တော့တဲ့အခြေအနေမှာသာ ပြုလုပ်ပေးရပါတယ်။
သွားအရှင်စိုက်ခြင်း(သို့မဟုတ်)အံကပ်ပြုလုပ်ခြင်း
သွားနှုတ်ထားသောနေရာအား ပြန်လည်အစားထိုးရန် သွားအစွပ် စွပ်ခြင်းဖြင့်ပြုလုပ်နိုင်သလို အံကပ်ပြုလုပ်ခြင်းဖြင့်လည်း အစားထိုးနိုင်ပါတယ်။ အံကပ်ကတော့ ဖြုတ်လို့တပ်လို့ရတဲ့ သွားအရှင်စိုက်ခြင်းဖြစ်တာကြောင့် ဘေးသွားများကို တိုက်စားပစ်စရာမလိုပေမယ့် နေ့စဉ်ဖြုတ်ရတပ်ရတဲ့ကထိကထတော့ ရှိနေပါတယ်။ နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
Dental Implant ခေါ်သွားမြစ်အစားထိုးတိုင်စိုက်ကုသခြင်း
သွားနှုတ်ထားတဲ့ နေရာမှာ အထက်ပါအစားထိုးနည်း၂ခုဖြစ်တဲ့ သွားအစွပ်စွပ်ခြင်းနဲ့ သွားအရှင်စိုက်ခြင်းအပြင် Dental Implant ဖြင့်ကုသမှုခံယူနိုင်ပါတယ်။ ဘေးသွားများကိုလည်း တိုက်စားပစ်တာမခံချင်တဲ့သူများ၊ သွားအရှင်အံကပ်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ရတဲ့ ကထိကထမခံချင်သူများအနေနဲ့ ဤကုသမှုကိုခံယူနိုင်ပါတယ်။ ၁ချောင်းနှုတ်ထားရင် Dental Implant ၁ချောင်းပဲထဲ့ပြီး သဘာဝသွားကဲ့သို့ခံစားမှုမျိုး ပြန်လည်ပေးစွမ်းနိုင်တာကြောင့် နိုင်ငံတကာမှာ ဤကုသမှုဟာ အလွန်ပင်ခေတ်စားလာပါတယ်။
သွားညှိကုသမှုခံယူခြင်း
သွားမညီတာ၊ သွားထပ်တာ တွေကြောင့် နေ့စဉ်အပြုံးတွေမှာ စိုးရိမ်စိတ်ဝင်နေသူများအတွက် ဤကုသမှုဟာ အရေးပါလှပါတယ်။ မည်သည့်အခြေအနေမဆို ကုသမှုခံယူပြီး အလှပဆုံးဖြစ်အောင်ပြုံးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါတယ်။
ကျွန်ုပ်တို့၏ကုန်ပစ္စည်းများ
TOKYO Dental Implant Center မှ ထုတ်ကုန်များ တင်ထားခြင်းမရှိသေးပါ
လိပ်စာတည်နေရာ
TOKYO Dental Implant Center
No.791, 2nd Floor, Corner of Phone Kyi Street & Maha Bandula Road
TOKYO Dental Implant Center (North Dagon)
No.1198, First Floor, Pin Long Road, 35 Ward, North Dagon Tsp, Yangon
TOKYO Dental Implant Center (Mandalay)
Corner of 35th & 62nd Street, Chan Aye Thazan Tsp, Mandalay
ဆိုင်လိပ်စာများ
TOKYO Dental Implant Center
No.791, 2nd Floor, Corner of Phone Kyi Street & Maha Bandula Road
09771893141, 09899043404
TOKYO Dental Implant Center (North Dagon)
No.1198, First Floor, Pin Long Road, 35 Ward, North Dagon Tsp, Yangon
09788402211, 09967013717
TOKYO Dental Implant Center (Mandalay)
Corner of 35th & 62nd Street, Chan Aye Thazan Tsp, Mandalay
09891002900, 09798026416
ပရိုမိုးရှင်းများ
TOKYO Dental Implant Center မှ ပရိုမိုးရှင်းများ တင်ထားခြင်းမရှိသေးပါ
ဆောင်းပါးများ
ဗွီဒီယိုများ
TOKYO Dental Implant Center မှ ဗီဒီယိုများ တင်ထားခြင်းမရှိသေးပါ