×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Interview with Ma Nang Thandar Aye (Director of The Spa Signature)
October 17, 2019 | by The Spa Signature

ယခုအပတ်မှာတော့ The Spa Signature ရဲ့ Director Ma Nang Thandar Aye နဲ့ အင်တာဗျူးကို ပြောပြပေးလိုက်ပါတယ်။

Ma Nang Thandar Aye

Director

The Spa Signature

Interview Date: Oct 17, 2019

အလှအပအတွက် စဉ်းစားမယ်ဆိုရင်တော့ Spa ကို အနည်းဆုံး တစ်လတစ်ခါ (သို့)နှစ်ခါ သွားသင့်ပါတယ်

ဟုတ်ကဲ့။ အစ်မနာမည်က နန်းသန္တာအေးပါ။အစ်မကတော့ The Spa Signature ရဲ့ Director တစ်ယောက်ပါ။ Civil Engineer တစ်ယောက်လည်းဖြစ်ပြီး လက်ရှိမှာတော့ Construction Company တစ်ခုမှာ Assistant Contracts Manager အနေနဲ့ လုပ်ကိုင်နေပါတယ်။

ဒီ Spa ဖွင့်ဖြစ်ခဲ့ပုံလေးပြောရရင် ဝါသနာပါလို့လို့ပဲ ပြောရမယ်ထင်တယ်။ အစ်မရော၊ အစ်မအမျိုးသားရောက အလုပ်အားရက်တွေဆို သူငယ်ချင်းတွေနဲ့ချိန်းပြီး spa သွားတတ်ကြတယ်။ အဓိကကတော့ အနှိပ်ခံချင်တာပေါ့နော်။ အစ်မတို့အလုပ်တွေကလည်း Stress အရမ်းများတော့ စိတ်ရောကိုယ်ပါပင်ပန်းတယ်။ ဒါကြောင့် စိတ်လည်းအပန်းဖြေရင်း ခန္ဓာကိုယ်အတွက်သွေးလှည့်ပတ်မှုကောင်းအောင်ဆိုပြီး အမြဲအနှိပ်ခံဖြစ်ကြတယ်။ နှိပ်ပြီးအညောင်းအညာပြေ ပေါ့ပါးလန်းဆန်းသွားတဲ့ Feeling ကိုအရမ်းကြိုက်ကြတာပေါ့နော်။ ပြည်ပနိုင်ငံခရီးတွေထွက်ရပြီဆိုရင်လည်း ရောက်တဲ့နေရာအချိန်ပေးပြီး Spa သွားဖြစ်တယ်။ ဒီလိုနဲ့ ကိုယ်တွေဝါသနာလည်းပါ Passive Income လည်းရအောင် ကိုယ်ပိုင် Spa ဖွင့်ကြမယ်ဆိုတဲ့အတွေးနဲ့ မိသားစုအားလုံးစုပြီး ဒီ Family Spa လေးကို ဖွင့်ဖြစ်သွားတာပါ။ Spa နဲ့ပတ်သက်တဲ့ ပညာရပ်တွေကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့တွေမှာ သွားရောက်လေ့လာသင်ယူခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က စဖွင့်ခဲ့တာဆိုတော့ ခုဆိုရင် (၃)နှစ်ကျော်သက်တမ်းရှိပါပြီ။ Spa Operation ပိုင်းကိုတော့ အစ်မရဲ့အစ်ကိုကြီးက ဦးဆောင် run ပေးနေပါတယ်။ မနက် (၁၁)နာရီကနေ ည(၁၁)နာရီအထိ နေ့စဉ် (ပိတ်ရက်မရှိ) ဖွင့်ပါတယ်။

အစ်မတို့ Spa မှာ Health & Beauty နှစ်မျိုးလုံးအတွက် Service တွေရပါတယ်။ Beauty ပိုင်းအတွက်ဆို body spa၊ pedicure & manicure၊ facial treatment၊ shampoo & waxing service စသဖြင့်ရှိပြီး Health ပိုင်းအတွက်ကတော့ foot massage၊ head & shoulder massage၊ body massage၊ herbal ball hot compress & ear candling service တွေရပါတယ်။ Customer တွေအတွက် Service Quality နဲ့ Hygiene ကို အဓိကအလေးထားပြီး ဝန်ဆောင်မှုပေးပါတယ်။

Service Charges တွေကတော့ အနည်းဆုံး ကျပ် ၁၆,၀၀၀ ကနေ အများဆုံး ကျပ် ၃၅,၀၀၀ အထိရှိပြီး၊ ပျမ်းမျှ ကျပ် ၂၅,၀၀၀ ဝန်းကျင်ရှိပါတယ်။

Spa Product တိုင်းကို Quality ကောင်းတဲ့ပစ္စည်းတွေကိုပဲ အစ်မကိုယ်တိုင်ရွေးချယ်၊ စမ်းသပ်အသုံးပြုကြည့်ပြီးမှ Customer အတွက် အသုံးပြုစေပါတယ်။ Herbal Based Product တွေကိုသာ အဓိကရွေးချယ်အသုံးပြုထားလို့ Product တွေက စျေးကြီးနေပေမယ့်လည်း Customer တိုင်းရဲ့အသားအရေနဲ့တည့်လို့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ Spa Product တွေကို စင်ကာပူ၊ မလေးရှား နဲ့ ထိုင်းနိုင်ငံတွေကနေ အဓိကမှာယူတင်သွင်းပါတယ်။

ကျန်းမာရေးအတွက်စဉ်းစားရင် Spa ကို တစ်ပတ်တစ်ခါ အနည်းဆုံးသွားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ တချို့ Customer တွေဆို အစ်မတို့ Spa ကို တစ်ပတ်ကို နှစ်ခါ/သုံးခါပုံမှန်လာ အနှိပ်ခံပါတယ်။ ခန္ဓာကိုယ်သွေးလှည့်ပတ်မှုအားကောင်းမှ ကျန်းမာမှာပါ၊ ကိုယ်ကျန်းမာနေရင် စိတ်ချမ်းသာပြီး ကိုယ့်အလုပ်ကို ပိုအာရုံစူးစိုက်လုပ်ဆောင်နိုင်ပြီး Productivity & Performance ပိုကောင်းလာစေပါတယ်။ ဒါကြောင့်လည်း တချို့နိုင်ငံတွေမှာဆို ကုမ္ပဏီသူဌေးတွေကိုယ်တိုင်က သူ့ဝန်ထမ်းတွေအတွက် Office Massage Session သတ်မှတ်ပေးထားပြီး Therapist တွေကို ရုံးခေါ်ပြီး နှိပ်ခိုင်းစေပါတယ်။ အလှအပအတွက် စဉ်းစားမယ်ဆိုရင်တော့ Spa ကို အနည်းဆုံး တစ်လတစ်ခါ (သို့)နှစ်ခါ သွားသင့်ပါတယ်။ Pedicure & Manicure ဖြစ်စေ၊ Body Spa ဖြစ်စေ၊ Facial Treatment ဖြစ်စေ တစ်ခုခုကို သူ့ routine လေးအတိုင်း အမြဲလုပ်ပေးနေနိုင်မယ်ဆိုရင် အများနဲ့မတူ အရွယ်တင်နုပျိုနေမှာ အမှန်ပါပဲ။

ခုလို အစ်မတို့ရဲ့ The Spa Signature ကို အချိန်ပေးပြီး Interview လာလုပ်ပေးတဲ့အတွက် Your Fitster Health & Beauty ကို အထူးကျေးဇူးတင်ပါတယ်။ ပြည်သူလူထုအတွက် ကျန်းမာရေးနှင့် အလှအပရေးရာဆိုင်ရာ အသိပညာဗဟုသုတတွေအမြဲဖြန့်ဝေပေးနေတဲ့ Your Fitster Health & Beauty လည်း ဒီထက်မကတိုးတက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။