×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Interview with Ko Zayar Tun Phyu (Founder of City Gym)
August 2, 2019 | by City Gym

ယခုအပတ်မှာတော့ City Gym ရဲ့ပိုင်ရှင် Ko Zayar Tun Phyu နဲ့အင်တာဗျူးကို ပြောပြပေးလိုက်ပါတယ်။

Ko Zayar Tun Phyu

Managing Director

City Gym

Interview Date: August 2, 2019

ကျွန်တော်တို့ကျောင်းအနေနဲ့ဒီပထမဦးအနေနဲ့နိုင်ငံတကာ Course ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လည်း Educator အနေနဲ့ရခဲ့ထားတဲ့ Rehab Trainer ပေါ့။

ကျွန်တော်ကတော့ ကိုဇေယျာထွန်းဖြူဖြစ်ပါတယ်။ City International Fitness Academy ရဲ့Founder တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ဒီနိုင်ငံတကာ Fitness Certification ပေါင်း ကျွန်တော် ၄၀ ကျော် ကျွန်တော် Certified ဖြစ်ပြီးသားဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ American Council Society နောက် National Clinical Sports Medicine စတဲ့ အဖွဲ့စည်းတွေကနေပြီးတော့ ကျွန်တော်တို့ Certified Personal Trainer, Collective Exercise Specialist, Functional Training Specialist, Fitness Nutrition Specialist စသည်ဖြင့် ကျွန်တော် Courses တွေ တော်တော်များများ Certified ဖြစ်ပြီးသားဖြစ်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ဒီ Rehab Trainer Australia ရဲ့ Educator တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီအကယ်ဒမီကို တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ World Class Fitness Education ပေါ့နော်။ အဲ့ဒါတွေကို မြန်မာပြည်ထဲကို သွင်းလာဖို့ရည်ရွယ်ချက်ပေါ့။ အဓိက ကျနော်အနေနဲ့International Sports Academy Singapore မှာ ကျွန်တော်ပထမဦးဆုံး Course ဖြစ်တဲ့ ကျွန်တော်တို့တွေ Certified Personal Trainer Course ကို တက်ပြီးတဲ့နောက်မှာ ကျွန်တော် ဒီမြန်မာပြည်မှာ Fitness Education အနေနဲ့နိုင်ငံတကာ Fitness Education ကောင်းကောင်းလေး Launch လုပ်ဖို့လည်း ဆန္ဒဖြစ်လာပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ဒီအကယ်ဒမီကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

အကယ်ဒမီအနေနဲ့သုံးနှစ်ကျော်ကာလအတွင်းမှာ Certified Personal Trainer ပေါင်း အယောက် ၃၀၀ ကျော် ၄၀၀ တစ်ခြားသော Certification ပေါင်းဆိုရင် အယောက် ၁၀၀၀ နီးပါးကို Certified လုပ်ပေးပြီးသားဖြစ်ပါတယ်။

ကျွန်တော်တို့ကျောင်းအနေနဲ့ဒီပထမဦးအနေနဲ့နိုင်ငံတကာ Course ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လည်း Educator အနေနဲ့ရခဲ့ထားတဲ့ Rehab Trainer ပေါ့။ ဒီ Course လေးကို ပထမဦးဆုံးအနေနဲ့Launch လုပ်ခဲ့ပါတယ်။ ဒီ Course ရဲ့အကျိုးကျေးဇူးကတော့ အင်မတန်ပဲ များပါတယ်။ ကျွန်တော်တို့ဒီ Fitness လုပ်နေတဲ့ ပရိတ်သတ်တွေ ကြားထဲမှာ Injury တွေက တော်တော်လေးကို အမြှောက်အများ ရှိခဲ့ပါတယ်။ ဒီလိုမျိုးအနေနဲ Injury Precaution အနေနဲ့Injury ရပြီးသား သူတွေကို ပြန်ကောင်း လုပ်ဖို့အတွက် ကျွန်တော်တို့ရဲ့Trainer ကို ကျွန်တော် ဒီမှာ ပထမဦးဆုံး မြန်မာပြည်မှာ Launch လုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော် ဒီဘက်မှာ Fitness နဲ့ပတ်သက်တဲ့ မြန်မာပြည်မှာ အကုန်လုံး Injury ဘက်မှာ ကျွန်တော်တို့ တော်တော်လေး Awareness ရလာတယ်။ ပြီးတော့ ဒီ Injury ကင်းရှင်းအောင် Train လုပ်နိုင်လာကြတယ်။ နောက်ပြီးတော့ Injury ရပြီးသားသူတွေလည်း ပြန်ကောင်းအောင်လုပ်နိုင်တဲ့အတွက် အများကြီး အကျိုးရှိတဲ့ Course ကို ကျွန်တော် ပထမဦးဆုံး Launch လုပ်နိုင်ခဲ့ပါတယ်။ နောက်တစ်ခုက ဒီ NASM ပေါ့။ National Academy of Sports Medicine ရဲ့Certified Personal Trainer ပေါ့။ နိုင်ငံတကာအဆင့်အသိမှတ်ပြု Certified Personal Trainer Course ကို ကျွန်တော် ဒီမှာ အောင်အောင်မြင်မြင်နဲ့ကျွန်တော် Launch လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒါနောက်ပြီးမှာ ကျွန်တော်တို့ FTI ပေါ့။ Functional Training Institute Australia နဲ့ တွဲဖက်ပြီးတော့ Functional Training ပေါ့။ Functional Training ဆိုလည်း အခုခေတ်မှာ အများကြီးခေတ်စားနေတဲ့ နိုင်ငံတကာမှာ တကယ့်ကိုခေတ်စားနေတဲ့ Fitness Training အမျိုးစားတစ်ခုဖြစ်ပါတယ်။ Functional Training နဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ FTI ရဲ့Courses တွေ အများကြီးပေါ့နော်။ Pathway Course တွေ Catalog Course တွေ Suspension Training Course တွေ Power Pack Course တွေ စသည်ဖြင့် Functional နဲ့ပတ်သက်တဲ့ Course တွေ အများကြီးကိုလည်း ကျွန်တော်တို့ဒီမှာ Launch လုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီပြီးတဲ့နောက်မှာ Body Transformation နဲ့ ပတ်သက်တဲ့ Fiting Transformation ပေါ့။ ကျွန်တော်တို Weighing and Weight Loss နဲ့ပတ်သက်တဲ့ Body နဲ့ပတ်သက်တဲ့ Fiting Transformation Course တွေကိုလည်း ကျွန်တော်တို့အောင်အောင်မြင်မြင် Launch လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ရဲ့အကယ်ဒမီအနေနဲ့ပေါ့နော်။ မြန်မာပြည်မှာ ဟို နိုင်ငံခြားမှာ သွားသင်မယ်ဆိုရင် လေယာဉ်စာရိတ်တွေ၊ ဟိုတယ်စာရိတ်တွေ နောက်ပြီးတော့ ဒီ Course ကို နိုင်ငံခြားမှာ သင်မယ်ဆိုရင် ကုန်ကျစာရိတ်အများကြီး ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့သက်သက်သာသာနဲ့သင်နိုင်အောင် နိုင်ငံခြားထက် ဈေးအများကြီးချပြီးတော့ ကျွန်တော်တို့သင်နိုင်အောင် စီစဉ်ပေးထားပါတယ်။

အကယ်ဒမီအနေနဲ့နောက်တစ်ခုက ကျွန်တော်တို့ရဲ့Professional Fitness Trainer တွေမွေးထုတ်ဖို့ ရည်ရွယ်ချက်ကို ဦးတည်တဲ့ လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်မှာ Fitness Coaching နဲ့ပတ်သက်တဲ့ Functional Training Australia နဲ့ FPI Australia တို့ပူးပေါင်းပြီးတော့ ကျွန်တော်တို့ဒီ Fitness Coaching နဲ့ပတ်သက်တဲ့ Course တွေပေါ့နော်။ ကျွန်တော်တို့အဲ့ဒီ Course တွေမှာဆိုရင်လည်း Client တွေရဲ့ Behavior နဲ့ပတ်သက်တဲ့ Coaching လုပ်တာရယ် နောက်ပြီးတော့ Client Personality Typing ပေါ့။ ဒီ Client တွေရဲ့သူတို့ရဲ့Personality Traits လေးတွေ ဘယ်လိုများခွဲခြားပြီးတော့ ဘယ်လို Training လုပ်ရမယ်ဆိုတာရယ် Movement နဲ့ပတ်သက်တဲ့ Proper Coaching တွေပေါ့။ Coaching ဆိုတာ ဘာလဲဆိုတာကို Trainer တွေ သေချာနားလည်လာအောင် ကျွန်တော်တို့ဆက်လက်ပြီးတော့ Fitness Course ကို မကြာခင် Launch လုပ်သွားဖို့ရှိပါတယ်။

အချုပ်အားဖြင့် ပြောရရင် ကျွန်တော်တို့၃ နှစ်ကျော်ကာလအတွင်းမှာ City International Fitness Academy အနေနဲ့ကျွန်တော်တို့ Fitness နဲ့ ပတ်သက်တဲ့ဟာတွေကို မြန်မာပြည်မှာ ကျွန်တော်တို့ပထမဦးဆုံး Rehab Trainer ပထမဦးဆုံး NASM, CPT နောက် ပထမဦး FTI နဲ့ပတ်သက်တဲ့ Course တွေ ပထမဦးဆုံး နိုင်ငံခြား Course တွေ တော်တော်များများကို မြန်မာပြည်မှာ အကောင်းဆုံး Course တွေ ရွေးထုတ်ပြီး Launch လုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့Course တွေကို Launch လုပ်တဲ့အခါမှာ ကျွန်တော်တို့က ကြုံရင် ကြုံသလို Launch လုပ်တာမဟုတ်ပဲနဲ့Continuous လို့ခေါ်တဲ့ အဆင့်ဆင့်ပေါ့။ ဥပမာ လူတစ်ယောက်ကို စ Train မယ်ဆိုလို့ရှိရင် အဲ့လူမှာ Injury ဖြစ်နိုင်တဲ့ Movement False လေးတွေ ရှိမယ်။ Muscle Imbalance လေးတွေ ရှိမယ်။ Causal False လေးတွေ ရှိမယ်။ ဒါတွေကို ကျွန်တော်တို့ အရင်ဆုံးရှင်းရမှာဖြစ်ပါတယ်။ အဲ့ဒါက နံပါတ်တစ်ပေါ့။ နံပါတ်တစ်ကိစ္စကို ရှင်းဖို့အတွက် ကျွန်တော်တို့Rehab Trainer ပေါ့။ Rehab Trainer တွေ ကျွန်တော်တို့မွေးထုတ်ပေးခဲ့ပါတယ်။ နောက်တစ်ခုက Second ပေါ့။ Movement False တွေ ရှင်းပြီးသွားရင် Movement တွေ ဘယ်လို Improve ဖြစ်လဲ Functional Training ပေါ့။ Functional Training ဆိုတာကလည်း တကယ်တော့ Movement Training ပါပဲ။ Movement ကို အဓိကလုပ်တဲ့ Training ဖြစ်တယ်။ အဲ့ဒီတော့ Functional Training နဲ့ပတ်သက်ပြီးတော့လည်း FTI Australia ရဲ့Functional Trainng Course တွေ အများကြီး Launch လုပ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့ Movement Scheming နဲ့ပတ်သက်တာရယ်၊ Sport Functional Training နဲ့ပတ်သက်တာရယ် အဲ့ဒါတွေလည်း ပါဝင်ပြီးတော့ Course ထဲမှာ ရေးပြီးတော့ Launch လုပ်ပေးခဲ့ပါတယ်။ တတိယအဆင့်အနေနဲ့လူတစ်ယောက်ရဲ့Body ကို Transformation လုပ်ဖို့အတွက်လည်း Fiting Body Transformation Specialist Course ကို ကျွန်တော်တို့Launch လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြီးရင် စတုတ္ထအဆင့်ဖြစ်တဲ့ လူတစ်ယောက်ကို Performance နဲ့ပတ်သက်တဲ့ Coaching တွေ နောက်ပြီးတော့ လူတစ်ယောက်ရဲ့Persoanlity Type ပေါ့။ လူတစ်ယောက်ရဲ့ဗီဇ၊ သူ့ရဲ့ပုံစံအတိုင်းကို ကျွန်တော်တို့က Properly ဘယ်လို Coach လုပ်ရမလဲဆိုတာရယ် နောက် Movement Coaching ရယ်၊ Behaviour Coaching ရယ် Coaching နဲ့ပတ်သက်တဲ့အပိုင်းတွေကို ကျွန်တော်မကြာခင် Launch လုပ်သွားဖို့ရှိပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့အကယ်ဒမီမှာ ဒီလူတစ်ယောကို ပြောင်းလဲသွားအောင် သူ့ရဲ့Life Style ကအစ သူ့ရဲ့ကျန်းမာရေးကအစ အကုန်လုံးပေါ့လေ။ အကုန်လုံးပြောင်းလဲသွားအောင် လုပ်တဲ့နေရာမှာ လိုအပ်တဲ့ တစ်စိတ်တစ်ပိုင်းချင်းစီကို အသေးစိပ်အနုစိပ် သင်ပေးပြီးတော့ Fitness Professional အဖြစ်ကို တစ်ဖြေးဖြေးရောက်ရှိသွားအောင် ကျွန်တော်တို့လမ်းကြောင်းအတိုင်း Road Map အတိုင်းသွားနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့Professional Trainer အဖြစ် ရပ်တည်ချင်တဲ့သူတွေ ကျွန်တော်တို့Company ကိုလာလို့ရပါတယ်။ လက်ရှိ ကျွန်တော်တို့သင်တန်းဆင်းပေါ့နော်။ တစ်ချို့သော ကျောင်းသားလေးတွေဆိုရင် တော်တော်လေးကို အောင်မြင်နေပြီ တော်တော်လေးကို ဝင်ငွေကောင်းနေတဲ့ အနေအထားလေးတွေမှာ ရှိပါတယ်။ ဒါကြောင့်မို့Professional Trainer အဖြစ် ရပ်တည်လိုသူတွေ နောက်ပြီးတော့ Passion ကို ကိုယ့်ရဲ့Professional အဖြစ် Change လိုသူတွေ ကျွန်တော်တို့ဆီကို လာခဲ့ပါလို့ဖိတ်ခေါ်လိုပါတယ်။