- အင်တာဗျူးများ
- Interview with Dr Cho Zin Win Thu (Founder of Dr Glow Aesthetic Clinic)
Interview with Dr Cho Zin Win Thu (Founder of Dr Glow Aesthetic Clinic)
ယခုအပတ်မှာတော့ Dr Glow Aesthetic Clinic ရဲ့ ပိုင်ရှင် Dr Cho Zin Win Thu နဲ့ အင်တာဗျူးကို ပြောပြပေးလိုက်ပါတယ်။

“ မျက်နှာ V shape လုပ်တာ ကြိုးထိုးတာ သဘာဝကျကျ Glow skin ရအောင်လုပ်တာ အသားဖြူဆေးထိုးတာ အဆီကျကုထုံးတွေကတော့ လူကြိုက်များပါတယ်။ ”
အစ်မကတော့ အခုလက်ရှိ Dr Glow Aesthetic Clinic နဲ့ Tain Yaung Sin Liquor Store ကို ဦးစီးလုပ်ကိုင်နေတဲ့ Dr Cho Zin Win Thu ဖြစ်ပါတယ်။
Clinic ဖွင့်ဖြစ်ခဲ့ပုံလေးကတော့ အစ်မကဒီအလှအပဆိုင်ရာကို ဝါသနာပါလို့ကျောင်းပြီးတော့ အမ Singapore မှာ စပြီး သင်တန်းတက်တယ်။ ပြီးတော့အစ်မ လိုအပ်တဲ့သင်တန်းတွေ ထပ်တက်ဖြစ်ပြီး Study လုပ်ဖြစ်တယ်...အဲ့နောက်ပိုင်းတော့ ပုသိမ်မှာက ခုလို Aesthetic Clinic ရယ်လည်းသေချာမရှိဘူး။ ပုသိမ်ကလူတွေအတွက်က ဒီလိုမျိုး Aesthetic Procedure တစ်ခုခုလုပ်မယ်ဆိုလည်း ရန်ကုန်ကိုတကူးတက သွားနေရတာ အဆင်မပြေဘူးပေါ့နော်။ အဲ့ဒါနဲ့ အစ်မ ပုသိမ်မှာ 2018 October ကစပြီး အစ်မ Dr glow Clinic လေးကိုပုသိမ်မှာ စဖွင့် ဖြစ်ခဲ့တာ ခုဆို ၁ နှစ်ပြည့်ပြီပေါ့။
Service တွေကတော့ facial treatment တွေကစပြီး အမတို့ ဝက်ခြံကုထုံး အမဲစက်ကုထုံး အဆီချတာ မျက်နှာ Collagen ကြိုးထိုးတာတွေ အဆီဖျော်တာတွေ V shape လုပ်တာတွေကစပြီး တခြား aesthetic procedure တွေကိုလည်း ရရှိနိုင်ပါတယ်။
အနည်းဆုံး ၂ သောင်းခွဲမှ အများဆုံး ၅ သိန်း ၆ သိန်းလောက်ထိ ရှိပါတယ်။
လိုအပ်တဲ့ ပစ္စည်းတွေကတော့ USA made Spain made Korea made တွေကိုအများဆုံး သုံးဖြစ်ပါတယ်ရှင့်။
လူကြိုက်များတာကတော့ မျက်နှာ V shape လုပ်တာ ကြိုးထိုးတာ သဘာဝကျကျ Glow skin ရအောင်လုပ်တာ အသားဖြူဆေးထိုးတာ အဆီကျကုထုံးတွေကတော့ လူကြိုက်များတဲ့ ကုထုံးတွေပဲဖြစ်ပါတယ်။
အခုလိုမျိုး yourfitster လိုမျိုးလေးတွေပေါ်လာတာကတော့ အလှအပကြိုက်သူတွေအတွက် အလွယ်တကူ ဝင်ရောက်လေ့လာနိုင်သွားတဲ့အတွက် တကယ်အဆင်ပြေ အသုံးဝင်တယ်လို့ ထင်ပါတယ်ရှင့်။