- ဆောင်းပါးများ
- နှစ် (၁၀၀)မှာ (၁)ခါဖြစ်ပေါ်နေတဲ့ အံသြစရာ တိုက်ဆိုင်မှု ကပ်ဆိုး
နှစ် (၁၀၀)မှာ (၁)ခါဖြစ်ပေါ်နေတဲ့ အံသြစရာ တိုက်ဆိုင်မှု ကပ်ဆိုး
နှစ် (၁၀၀)မှာ (၁)ခါဖြစ်ပေါ်နေတဲ့ အံသြစရာ တိုက်ဆိုင်မှု ကပ်ဆိုး
လတ်တလော တရုတ်ပြည် ဝူဟန်မှ စတင်ဖြစ်ပေါ်နေတဲ့ coronavirus (ကိုရိုနာဗိုင်းရပ်စ်) နဲ့ပါတ်သက်ပြီး သမိုင်းကြောင်းပြန်ကြည့်မယ်ဆို လွန်ခဲ့တဲ့ နှစ် (၁၀၀) ဝန်းကျင်ကလဲ ယခုလိုပဲ နှစ်ကြိမ်တိုင် ကပ်ဆိုးသဘောမျိုးဖြစ်ပေါ်ခဲ့ဘူးတယ်ဆိုတာ အင်တာနက်အသုံးပြုသူတွေကြားပျံ.နှံ.နေတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ၁၇၂၀-ပလိပ်ကပ်ရောဂါ
ပြင်သစ်နိုင်ငံ Marseille မြို.မှာ (၁၇၂၀)ခုနှစ်က ပလိပ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီး လူပေါင်း ၁သိန်းခန့် သေကြေခဲ့ပါတယ်။
၂။ ၁၈၂၀-ကာလဝမ်းရောဂါ
(၁၈၂၀) ခုနှစ်က ဂျာဘားကျွန်း နှင့် အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဖိလစ်ပိုင် နိုင်ငံတို့မှာလဲ လူတစ်သိန်းခန့် သေကြေပျက်စီးခဲ့တဲ့ ကာလဝမ်းရောဂါ ဆိုက်ကပ်ခဲ့ပါတယ်။
၃။၁၉၂၀-တုပ်ကွေးရောဂါ
The Spanish Flu လို့ခေါ်ဝေါ်ကြတဲ့ H1N1 Virus လိုတုပ်ကွေးရောဂါဟာ (၁၉၁၈-၁၉၂၀)ဝန်းကျင်က ကမ္ဘာတဝန်းတွင် ၅၀၀မီလီလံျခန့် ပျံ.နှံ.ခဲ့ပြီး သေဆုံးသူ ၁၀၀မီလီလျံခန့်ရှိခဲ့ပါတယ်။ လူ့သမိုင်းမှာ သေကြေမှုအများဆုံးလို့ ပြောလို့ရနိုင်တဲ့ ကပ်ဆိုးတစ်ခုပါ။
၁၉၂၀ကရေတွက်ရင် ခု ၂၀၂၀ မှာ နှစ် (၁၀၀)သက်တမ်းဖြစ်နေတာကြောင့် (၂၀၂၀)မှာရော ဘာတွေဖြစ်နိုင်သလဲဆိုပြီး စိုးရိမ်ကြောင့်ကြမှုများ ရှိနေခဲ့ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ coronavirus ဟာကူးစက်မှုနှုန်းများလာပြီး သေဆုံးသူဦးရေလဲ မြင့်တက်လျှက်ရှိနေတာကြောင့်ပါ။ ပညာရှင်တွေအနေနဲ့ ဒီရောဂါကို ဘယ်လိုတားဆီးရမလဲဆိုတာ လေ့လာနေဆဲ့ရှိပြီး တရုတ်ပြည်ပြင်ပသို့ ခရီးသွားလာမှုများကို ခေတ္တှဆိုင်းငံထားပါတယ်။
နှစ်တစ်ရာမှာ တစ်ခါဖြစ်ခဲ့တဲ့ အသေအကြေများတဲ့ ရောဂါဆိုးတွေဟာ ဆက်စပ်မှုများ ရှိနေသလား လေ့လာကြည့်ရင်.. ပထမဆုံး ပလိပ်ကပ်ရောဂါဟာ သေးငယ်တဲ့ တိရိစ္ဆာန်လေးတွေကတဆင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတွေကို ကူးစက်ခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ ကာလဝမ်းရောဂါကတော့ ဆားငံရည်နှင့် ပူနွေးသော ရေတချို.မှ ရောဂါပိုးစတင်ပေါက်ပွားခဲ့ပြီး ထိုရေကို လူများသောက်မိခြင်းနှင့်အစားအသောက်တွင် ဘတ်တီးရီးယားများ ပါဝင်ခြင်းကြောင့်ဖြစ်ပါသည်။ တတိယအကြိမ်ဖြစ်ပေါ်ခဲ့သည့် တုပ်ကွေးရောဂါကတော့ ထူးထူးဆန်းဆန်း ကြက်ငှက်တုပ်ကွေးရောဂါမျိုးဖြစ်ပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ Coronavirus ကတော့ ဈေးမှဝယ်ယူစားသောက်ခဲ့တဲ့ ပင်လယ်စာမှ ကူးစက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တရုတ်နှစ်ကူးအတွင်းမှာ တရုတ်ပြည်မှ လူအတော်များ ဟိုဒီ ခရီးသွားလာမှုများကြောင့် ဒီရောဂါပိုးဟာ အခြားနိုင်ငံများသို့ကူးစက်စေမလားဆိုတာတော့ စိုးရိမ်ဖွယ်ရာပါ။ WHO (the World Health Organization-ကမ္ဘာ့ကျန်းမာရေးအဖွဲ.အစည်း) အနေနဲ့ နိုင်ငံတကာမှာ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်လို့ဆိုပါတယ်။
(philnews မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3