- ဆောင်းပါးများ
- ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) နှင့်ပတ်သက်၍ အမေးများသော အမေးအဖြေများ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) နှင့်ပတ်သက်၍ အမေးများသော အမေးအဖြေများ
ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19) နှင့်ပတ်သက်၍ အမေးများသော အမေးအဖြေများ
( ၁ ) ကိုရိုနာဗိုင်းရပ်စ် ( Coronavirus ) ဆိုတာ ဘာလဲ ?
– ကိုရိုနာဗိုင်းရပ်စ် ( Coronavirus ) ဆိုတာ တိရစ္ဆာန်တွေသာမက လူတွေမှာပါတွေ့နိုင်တဲ့ ကြီးမားတဲ့ ဗိုင်းရပ်စ်အုပ်စုတစ်မျိုးပါ ။ လူတွေ ကူးစပ်တဲ့အခါ ပုံမှန်တုပ်တွေးရောဂါ လက္ခဏာကနေ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေအထိ ဖြစ်တတ်ပါတယ် ။
( ၂ ) နော်ဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ( Novel Coronvirus ) ဆိုတာ ဘာလဲ ?
– နော်ဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ( Novel Coronvirus ) ဆိုတာ လူတွေမှာ အရင်တုန်းကမတွေ့ရှိဘူးတဲ့ ဗိုင်းရပ်စ်မျိုးစိတ် အသစ်တစ်ခုဖြစ်ပါတယ် ။ ၂၀၁၉ ခုနစ် ဒီဇင်ဘာလကတရုတ်နိုင်ငံဝ◌ူဟန်မြို့မှ စတင်တွေ့ရှိခဲ့တဲ့ Coronvirus ဟာ မျိုးစိတ်အသစ်တစ်ခုဖြစ်ပါတယ် ။ 2019-nCoV လို့ခေါ်ပီး သူ့ကြောင့်ဖြစ်တဲ့ရောဂါကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ ( COVID-19 ) လို့အမည်ပေးထားပါတယ် ။
( ၃ ) အခုဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်အသစ်ဟာ SARS ရောၐါကိုဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်နဲ့တူပါသလား ?
– မတူပါ
( ၄ ) ဒီ ဗိုင်းရပ်စ်ဟာ ဘယ်လောက်ထိ အန္တရာယ်ရှိပါသလဲ ?
– အခြားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောၐါများလိုပဲ ဒီ ဗိုင်းရပ်စ် ကူးစပ်ခံရရင် နှာစေး ချောင်းဆိုးတာ ဖျားတာစေတဲ့ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားရ
နိုင်ပါတယ် ။ ဆီးချိုရောဂါ နှလုံးရောဂါ စတဲ့ ရောဂါအခံရှိတဲ့သူနဲ့ အသက်ကြီးတဲ့ သူတွေမှာ ပိုမို ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားးပြီး တခါတရံမှာ အသက်ဆုံးရှူံးသည်အထိ ဖြစ်နိုင်ပါတယ် ။
( ၅ ) 2019-nCoV ဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေက တစ်ဆင့်လူတွေ ကူးစပ်နိုင်ပါသလား ?
– ၂၀၁၂ ခုနှစ်က အရှေ့အလယ်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ MERS ရောၐါဟာ ကုလားအုတ်ကနေတဆင့် လူတွေကိုကူးစပ်ခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ SARS ရောၐါကတော့
ကြောင်ကတိူးကနေ တစ်ဆင့် လူကို ကူးစပ်ခဲ့တာ ဖြစ်ပါတယ် ။ Coronvirus အများစုကတော့ တိရစ္ဆာန်များရဲ့ ခန္တာကိုယ်ထဲမှာ နေထိုင်ပြီး လူတွေဆီကိုကူးစပ်မှုမရှိတာကို တွေ့ရပါတယ် ။ တရုတ်နိုင်ငံရောဂါ စတင်ဖြစ်ပွာတိရစ္ဆာန်အရှင်များမှတစ်ဆင့် စတင်ကူးစပ်တယ်လို့ ယူဆရပါတယ် ။ အသားတွေကို သေချာစွာကျက်အောင်ချက်ပြုတ်ပီး စားသောက်ရပါမယ် ။ အသားစိမ်းတွေ ကလီစာတွေ တိရစ္ဆာန်က ထွက်တဲ့နို့တွေကိုသန့်သန့်ရှင်းရှင်းနဲ့စနစ်တကျ ကိုင်တွယ်ရမှာဖြစ်ပီး ကိုင်တွယ်ပီးရင် စနစ်တကျ လက်ပြန်ဆေးရမှာဖြစ်ပါတယ် ။
( ၆ ) 2019-nCoV ဗိုင်းရပ်စ်ဟာ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်များက တစ်ဆင့်ကူးစပ်နိုင်ပါသလား ?
– မကူးစက်နိုင်ပါ ။
2019-nCoV ဗိုင်းရပ်စ်ဟာ ခွေး ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေက တစ်ဆင့် ကူးစပ်ပျံ့နှဲံ့ကြောင်း ယခုအချိန်ထိ အထောက်အထားမတွေ့ရှိသေးပါဘူး ။
( ၇ ) 2019-nCoV ဗိုင်းရပ်စ်ဟာ လူအချင်းချင်း ကူးစပ်နိုင်ပါသလား ?
– ရောဂါရှိတဲ့သူနဲ့ အနီးကပ်ထိတွေ့ရာက တဆင့် ရောဂါ ကူးစပ်နိုင်ပါတယ် ။ဒါကြောင့် သာမာန်ပြည်သူအနေနဲ့ ရောဂါလက္ခဏာရှိတဲ့သူတွေနဲ့ အနီးကပ်နေထိုင်ခြင်းကိုရှောင်ကြည်ရမည်ဖြစ်ပါသည် ။
( ၈ ) ကိုယ့်ကိုကိုယ် ကာကွယ်မို့ ဘာတွေလုပ်ရမလဲ ?
– ကျန်းမာရေးနဲ့ အားကစားဝ◌န်ကြီးက အချိန်နဲ့ တပြေးညီ ထုတ်ပြန်တဲ့ ရောၐါကာကွယ်နိုင်မည့် ကျန်းမာရေးအသိပညာပေးသတင်းအချက်အလက်တွေကို သတိပြုဖတ်ကြမို့တိုက်တွန်းလိုပါတယ် ။
— ရေနဲ့ဆပ်ပြာအသုံးပြုပြီး လက်ကိုမကြာခဏ စနစ်တကျဆေးကြောပါ ။ ရေမရှိပါက Alcohol ( 60% ) ပါတဲ့ လက်သန့်စင်ဆးရည်ကို အသုံးပြုပါ ။
— နှာစေး ချောင်းဆိုး ဖျားနာနေတဲ့သူတွေနဲ့ တွေ့ဆုံတဲ့အခါ အနည်းဆူံး ( ၃ ) ပေ အကွာကနေ ပြောဆိုဆက်ဆံပါ
( ၉ ) ကိုယ့်ကိုကိုယ် ကာကွယ်မို့ ပါးစပ်နှင့်နှာခေါင်းစည်းတပ်သင့်ပါသလား ?
– ခွဲစိတ်ခန်းသုံး ပါးစပ်နှင့်နှာခေါင်းစည်း တပ်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောၐါအချို့ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ပေမယ့်စနစ်တကျလက်ဆေးခြင်းအပါအဝ◌င် အထက်ဖော်ပြပါ ကာကွယ်နည်းတွေကို လိုက်နာဖို့ကအရေးကြီးပါတယ် ။
— နှာစေး ချောင်းဆိုးစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောၐါလက္ခဏာရှိတဲ့လူတွေ ရောၐါလက္ခဏာရှိတဲ့သူတွေကို အနီးကပ်ပြုစုပေးသူတွေ ကျန်းမာရေးဝ◌န်ထမ်းတွေပဲပါးစပ်နှင့် နှာခေါင်းစည်း ( Sugical Mask ) တွေကို သုံးရမှာ ဖြစ်ပါတယ် ။
— နှာချေ ချောင်းဆိုးတဲ့သူတွေ အနေနဲ့ ပါးစပ်နှင့် နှာခေါင်းစည်း အလွယ်တကူမရနိုင်ခြင်း / စိုစွတ်သွားပီး အစားထိုးအသုံးပြုရန်မရှိနိုင်ခြင်းတို့ ကြုံတွေ့ပါက တစ်ခါသုံးတစ်ရှူးကိုအသုံးပြုပီး ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာ ဖုံးအုပ်ပီး နှာချေ / ချောင်းဆိုး ရမှာ ဖြစ်ပါတယ် ။
( ၁၀ ) ပါးစပ်နှင့်နှာခေါင်းစည်း ( Sugical Mask ) ကို ဘယ်လိုတပ်ရမလဲ / ချွတ်ရမလဲ / ဘယ်လိုစွန့်ပစ်မလဲ ?
– ပါးစပ်နှင့်နှာခေါင်းစည်းကို မဝ◌တ်ခင်လက်ကို သေချာစွာဆေးပါ ။
– အရောင်ပိုရင့်သည့် မျက်နှာပြင်ကို အပြင်ဘက်တွင်ထားရှိပါ ။
– ပါးစပ်နှင့် နှာခေါင်းနှစ်ခုလုံးကို လုံခြုံစွာ ဖုံးအုပ်ပါ ။
– Mask အသုံးပြုနေချိန Mask ကိုလက်ဖြင့်ထိတွေ့ကိုင်တွယ်ခြင်းမပြုရပါ ။
– Mask ကို ဖယ်ရှားပြီးပါက မိမိ၏လက်ကို စနစ်တကျပြန်လည်ဆေးကြောပါ ။
– အသုံးပြုပြီးသား Mask ကို ပြန်လည်အသုံးမပြုရပါ ။
– အသုံးပြုပြီးသား Mask ကို အမှိုက်ပုံးထဲသို့ စနစ်တကျ်လွှင့်ပစ်ပါ ။
– ချည်ထည် / ပိတ်စအဝတ်တို့ဖြင့် ပြုလုပ်ထားသော Mask များကို အသုံးအပြုရပါ ။
( ၁၁ ) ဘယ်လိုလူတွေကို ဗိုင်းရပ်စ်ကူးစပ်ခံရနိုင်သလဲ ?
– 2019-nCoV ဗိုင်းရပ်စ်ပျံ့နှံ့နေတဲ့နေရာတွေမှာ နေတဲ့သူတွေနဲ့ အဲ့ဒီနေရာဒေသတွေကိုခရီးသွားလာဖူးတဲ့သူတွေ ကူးစပ်ခံနိုင်ပါတယ် ။ ယခုလက်ရှိမှာတော့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှာ2019-nCoV ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှု အများဆုံးဖြစ်နေပြီး လူအများအပြားဟာ ကူးစပ်ခံနေရကြောင်း တွေ့ရှိရပါတယ် ။
( ၁၂ ) ဘယ်လိုလူတွေမှာ ရောဂါပိုပီး ပြင်းထန်နိုင်သလဲ ?
– အသက်ကြီးတဲ့သူတွေနဲ့ နာတာရှည်ရောဂါ ( ဆီးချို / နှလုံး ) ရှိတဲ့သူတွေက ရောဂါပိုးဝ◌င်တဲ့အခါ ရောဂါကိုပိုပြီး ပြင်းထန်စွာ ခံစားရနိုင်ပါတယ် ။
( ၁၃ ) 2019-nCov ဗိုင်းရပ်စ် ဘယ်လိုကူးစပ်ပျံ့နှံ့သလဲ ?
– ယခုအသစ်တွေ့တဲ့ 2019-nCov ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ကူးစပ်တတ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ် ။ ရောဂါပိုးရှိတဲ့သူ နှာချေ / ချောင်းဆိုးရာက တစ်ဆင့်ထွက်လာတဲ့ ရောဂါပိုးပါဝ◌င်တဲ့ အစက်အမှုန်တွေက အသက်ရှူလမ်းကြောင်းကနေ တိုက်ရိုက်ဝ◌င်ရောက်ခြင်းကြောင့်ဖြစ်စေ / အရာဝ◌တ္တုအပေါ် ကပ်နေတဲ့ ရောဂါပိုးတွေကို လက်နဲ့ ကိုယ်တွယ်ထိတွေ့မိရာကတစ်ဆင့်ဖြစ်စေ ရောဂါကူးစပ်နိုင်ပါတယ် ။
( ၁၄ ) ရောဂါပိုးက ခန္တာကိုယ်ပြင်ပ မှာ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်သလဲ ?
– အတိအကျတော့ မသိရသေးပါဘူး ။ သတင်းအချက်အလက်တွေ အရတော့ခန္တာကိုယ်ပြင်ပမှာ နာရီ အနည်းငယ်ကြာ အသက်ရှင်နိုင်တယ်လို့ သိရပါတယ်။ပုံမှန် သန့်ရှင်းရေးသုံး ပိုးသတ်ဆေးရည်က ဗိုင်းရပ်စ်ကိုသေစေနိုင်ပါတယ်။
( ၁၅ ) 2019-nCoV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါ ( COVID-19 ) နဲ့ သာမန်အအေးမိတုပ်ကွေးရောဂါနဲ့ဘာကွာလဲ ?
– ဖြစ်ပွားတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကတော့ အတူတူပါပဲ ။ဒါကြောင့် ဖျားခြင်း / နှာစေးခြင်း ချောင်းဆိုးခြင်း စတဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်ပွားပြီဆိုရင် စောစီးစွာ ဆေးကုသမှုခံသင့်ပါတယ် ။
ထို့ပြင် ရောဂါဖြစ်ပွားမှုရှိတဲ့ နေရာဒေသကို ( ၁၄ ) ရက် အတွင်း သွားရောက်ခဲ့တဲ့သူတွေ( သို့မဟုတ် ) ရောဂါဖြစ်ပွားတဲ့သူတွေနဲ့ အနီးကပ်ထိတွေ့ခဲ့ဖူးတဲ့သူတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာပေါ်ပေါက်လာရင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာအဖြစ် သတ်မှတ်နိုင်ပါသည် ။
( ၁၆ ) COVID-19 ရောဂါပျိုးတဲ့ အချိန်က ဘယ်လောက်ကြာလဲ ?
– ရောဂါပျိုးချိန်ဆိုတာက ဗိုင်းရပ်စ်ပိုး ခန္တာကိုယ်ထဲကို ဝင်ရောက်တဲ့အချိန်ကနေရောဂါလက္ခဏာပေါ်ပေါက်တဲ့အချိန် ကြားကာလကို ခေါ်တာပါ ။ဥပမာ – MERS , SARS တို့လိုပဲ 2019-nCoV ဗိုင်းရပ်စ်ရဲ့ ရောဂါပျိူးချိန်ကို ( ၁၄ ) ရက်လို့ WHO မှ အကြမ်းအားဖြင့် သတ်မှတ်ထားပါတယ် ။
( ၁၇ ) 2019-nCoV ဗိုင်းရပ်စ်က ရောဂါလက္ခဏာ မပြသေးတဲ့သူတွေဆီကရော ကူးနိုင်ပါသလား ?
– ကူးစပ်နိုင်ခြေရှိပါတယ် ။ ဒါပေမယ့် အခုလက်ရှိသတင်းအချက်အလက်တွေအရ ရောဂါလက္ခဏာပြတဲ့သူတွေဆီကပဲ ကူးစပ်ပျံ့နှံံ့နေတာ တွေ့ရပါတယ် ။
( ၁၈ ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ အခြားသော ဗိုင်းရပ်ကူးစပ်ခံနေရာတွေကနေပို့တဲ့ပါဆယ်ထုတ်တွေကို လက်ခံရင်ရော ရောဂါကူးစပ်နိုင်ပါသလား ?
– မကူးနိုင်ပါဘူး ။ အခြား ကိုရိုနာဗိုင်းရပ်စ်လိုပဲ ဒီဗိုင်းရပ်စ်က စာအိတ်နဲ့ ပါဆယ်ထုပ်တွေမှာ အကြာကြီးအသက်မရှင်နိုင်ပါဘူး ။
( ၁၉ ) 2019-nCoV ဗိုင်းရပ်စ်ကို ကာကွယ်ကုသတဲ့အခါ ပဋိဇီဝဆေးတွေကထိရောက်ပါသလား ?
– မထိရောက်ပါ ။ ပဋိဇီဝဆေးတွေက ဗက်တီးရီးယား ကြောင့်ဖြစ်တဲ့ ရောဂါတွေကိုပဲကုသနိုင်တာပါ ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် မသူံးသင့်ပါဘူး ။
( ၂၀ ) 2019-nCoV ဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ COVID-19 ရောဂါ ကုသဖို့ဆေးရှိပြီလား ?
– အခုထိတော့ မရှိသေးပါ ။ 2019-nCoV ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာများရဲ့ရောဂါလက္ခဏာတွေကို သက်သာဖို့အတွက်သာ အသင့်တော်ဆုံးကုထုံးတွေနဲ့ ကုသနေကြပါတယ် ။ 2019-nCoV ဗိုင်းရပ်စ် ကာကွယ်ဆေးနဲ့ COVID-19 ရောဂါကုသဖို့ဆေးရရှိဖို့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြိုးစားနေကြပါတယ် ။
Covid-19 ရောဂါကာကှယျရေးမှာ လှဲမှားနတေဲ့ အယူအဆတှကေတော့
<3 sharing is caring <3