- ဆောင်းပါးများ
- Detox Water ၏ကောင်းကျိုးများ
Detox Water ၏ကောင်းကျိုးများ
Detox Water ၏ကောင်းကျိုးများ
ကျန်းမာရေးအတွက်အထောက်အကူပြုတဲ့ Detox Water ကို ခုနောက်ပိုင်းသုံးစွဲသူ များပြားလာသလို နေရာအတော်များမှာ တွေ့ရမှာပါ။ ကျန်းမာရေးအတွက် ရေဓာတ်က အရေးကြီးပြီး တစ်နေ့ ရေဖန်ခွက် ၈ ခွက်ခန့်သောက်သုံးသင့်တယ်ဆိုတာ လူတိုင်းသိရှိပြီးဖြစ်ပါတယ်။ နောက်ပိုင်း ဒီလိုအရေးကြီးတဲ့ ရေသောက်သုံးမှုမှာ ကျန်းမာရေးအတွက် ပိုမိုအထောက်အကူပြုဖို့ အခြားပါဝင်ပစ္စည်းများပေါင်းစပ်လိုက်မယ်ဆိုရင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်ကို ပြေစေတယ်။ စွမ်းအားတိုးစေတယ်။ ဝတ်ကျဖို့ အကူအညီပေးတယ် စသဖြင့် ကောင်းကွက်များကို တွေ.ရှိပြီး Detox Water အဖြစ်ဖန်တီးခဲ့ကြသည်။
Detox Water ဆိုတာဘာလဲ ?
Detox Water ဆိုတာလတ်ဆတ်သော သစ်သီး သစ်ဥ နဲ့ ဆေးဘက်ဝင်ဟင်းခတ်အမွှေးအကြိုင်တို့ကို ရောနှောထားသော ကျန်းမာရေးအတွက်သောက်သုံးသည့် သစ်သီးထည့်စိမ်ထားသောဖျော်ရည်ဖြစ်ပါသည်။ Detox Water ကိုအိမ်မှာပဲ လွယ်ကူစွာ ကိုယ်တိုင်
ပြုလုပ်နိုင်ပါသည်။ အသီးချည်းပဲ (သို့) အသီးအရွက်၊ ဆေးဘက်ဝင်အရွက်များရောကာ စသဖြင့် နည်းအမျိုးမျိုးဖြင့် ပြုလုပ်နိုင်ပါသည်။ အသီးဖျော်ရည်ဆိုပေမယ့် Detox Water ဟာ ကယ်လိုရီအနည်းငယ်သာ ပါဝင်လို့ လူအများ ကြိုက်နှစ်သက်ကြခြင်းဖြစ်ပါသည်။ ပေါ်ပြူလာအဖြစ်ဆုံးကတော့ သံပုယို သီးနဲ့ပြုလုပ်တဲ့ (Lemon Detox) ပဲဖြစ်ပါတယ်။ Detox Water ကို ဝိတ်ချ ဝိတ်ထိန်းတဲ့ ပရိုဂရမ်တွေမှာ အတော်လေးတွေ.ရလေ့ရှိပြီး သကြားများစွာပါဝင်တဲ့ အချိုရည်တွေနေရာမှာ အစားထိုးသောက်သုံးကြတာဖြစ်ပါတယ်။
Detox Water ကိုဘယ်လိုပြုလုပ်၇မလဲ?
အိမ်မှာပဲ လွယ်ကူစွာပြုလုပ်နိုင်ပါတယ်။ ကိုယ်ဖျော်ချင်တဲ့ အသီးအနှံ၊ အရွက် စတာတွေကို အခွံလွှာ၊ အတုံးများအဖြစ်ခုတ်ထစ်ပြီး ရေပူ (သို့) ရေအေးနဲ့ နှစ်သက်သလို ဖျော် နိုင်ပါတယ်။ကိုယ်သုံးတဲ့ ပါဝင်ပစ္စည်းများလေ အရသာက ပြင်းလေပါပဲ။
အေးအေးလေးသောက်ချင်တယ်ဆိုရင်တော့ ၁နာရီကနေ ၁၂နာရီအထိ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ ဒါမှသာ ကောင်းကောင်းပျော်ဝင်ပြီး အရသာ ပိုရှိမှာပါ။ ဖျော်ရည်ပေါ်က အသီးဖတ်တွေကိုတော့ ဖယ်ပစ်ဖို့ မမေ့ပါနဲ့။ ကြာရင် ပုပ်သွားနိုင်ပါတယ်။
အကယ်၍ အရေးတကြီးဖျော်သောက်ချင်တယ်ဆိုရင်တော့ ကိုယ်သုံးမယ့် ပါဝင်ပစ္စည်းတွေကို အရင်ဆုံးဖိချေပြီးမှ ထည့်သုံးသင့်ပါတယ်။
Detox Water ပြုလုပ်တော့မယ်ဆိုရင် အောက်ပါ ပေါင်းစပ်နည်းအတိုင်းပြုလုပ်လို့ရပါတယ်။
၁။သခွားသီးနှင့် ပူစီနံရွက်
၂။လီမွန် နှင့် ဂျင်း
၃။ Blackberry နှင့် လိမ္မော်သီး
၄။လီမွန် နှင့် ငရုပ်ကောင်း
၅။ဖရဲသီးနှင့် ပူစီနံရွက်
၆။ ဂရိပ်ဖရုသီးနှင့် ရိုစ့်မာရီ ရွက်
၇။လိမ္မောသီးနှင့် လီမွန်
၈။လီမွန်နှင့် သံပုရာသီး
၉။စတော်ဘယ်ရီ နှင့် ပင်စိမ်းရွက်
၁၀။ပန်းသီး နှင့် သစ်ကြမ်းပိုး တို့ဖြစ်ပါတယ်။
ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပေးလဲ?
Detox Water သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
၁။ဝိတ်ကျစေခြင်း
၂။အဆိပ်အတောက်ကင်းစေခြင်း
၃။ PH Level ထိန်းညှိပေးခြင်း
၄။အစာချေစနစ်ကောင်းမွန်စေခြင်း
၅။ကိုယ်ခံအားကောင်းမွန်စေခြင်း
၆။စိတ်ခံစားမှုကောင်းမွန်ခြင်း
၇။ စွမ်းအားတိုးစေခြင်း
၈။အသားအရေလှစေခြင်း တို့ဖြစ်ပါသည်။
(healthline.com-com မှ Artical အား Your Fitster Teamမှ ဆီလြောျအောငျဘာသာပွနျသညျ)
ကနြျးမာရေးအလှအပနဲ့ ပါတျသကျတဲ့ ဗဟုသုတလေးတှေ သူငယျခငြျးတှသေိစဖေို့ Like & Share လုပျခွငျးဖွင့ျ မြှဝလေိုကျပါအုံးနောျ
sharing is caring