- ဆောင်းပါးများ
- Cronavirus (ကိုရိုနာဗိုင်းရပ်စ်) မှကာကွယ်ဖို့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ
Cronavirus (ကိုရိုနာဗိုင်းရပ်စ်) မှကာကွယ်ဖို့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ
Cronavirus (ကိုရိုနာဗိုင်းရပ်စ်) မှကာကွယ်ဖို့ ဘယ်လိုပြုမူနေထိုင်သင့်သလဲ
Cronavirus မှကာကွယ်ရန်အတွက် အောက်ပါအချက်များအတိုင်းပြုမူနေထိုင်သင့်ပါတယ်။
၁။လက်ကိုသေချာစွာဆေးကြောပါ
အရက်ပျံဆွတ်ထားသောအဝတ်ဖြင့်လက်ကို သေချာစွာသုတ်ခြင်းဖြစ်စေ (သို့) ဆပ်ပြာဖြင့်သေချာဆေး၍ဖြစ်စေ ပြုလုပ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်လက်တွင် ကပ်ငြိနေသော ဗိုင်းရပ်စ်များကို သုတ်သင်ဖယ်ရှားပေးနိုင်ပါတယ်။
၂။လူထုနှင့် တတ်နိုင်သလောက်ဝေးဝေးနေပါ
လူအုပ်(သို့)လူထူထပ်သောနေရာများသို့ သိပ်မသွားသင့်ပါ။ အကယ်၍သွားခဲ့လျှင် ၁မီတာ အကွာ (သို့) ၃ပေခန့်မှခပ်ခွာခွာနေပါ။ အထူးသဖြင့် ချောင်းဆိုး၊ နှာချေ၊ အအေးမိနေသောသူများနှင့် ခပ်ခွာခွာနေထိုင်ပါ။ချောင်းဆိုး၊ နှာချေလိုက်သောအခါ လေမှတဆင့် သင့်အသက်ရူလမ်းကြောင်းသို့ ဗိုင်းရပ်စ်ဝင်ရောက်နိုင်သောကြောင့်ဖြစ်ပါသည်။
၃။မိမိမျက်လုံး၊ နှာခေါင်း၊ ပါးစပ် သို့မကြာခဏထိခြင်းရှောင်ကြဉ်ပါ
နေရာအတော်များနှင့် ထိတွေ.ထားသော သင်၏လက်သည် သန့်ရှင်းမှုအားနည်းပြီး မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့မှတဆင့် သင့်ကို ကူးစက်စေနိုင်ပါသည်။ အကယ်၍သင်ဟာ အအေးမိခြင်း၊ ချောင်းဆိုးခြင်းနှင့်အသက်ရူကျပ်ခြင်းများဖြစ်ပေါ်ပါက ဆရာဝန်/ကျန်းမာရေးအကြံပေးနှင့် ချက်ချင်းကုသမှုခံယူပါ။
၄။တိရိစ္ဆာန်များနှင့်ဝေးဝေးနေပါ
အကယ်၍သင်ဟာ သား၊ငါးဈေးလိုမျိုး၊ တိရိစ္ဆာန်ဈေးလိုမျိုး ဈေးများ သွားခဲ့ပါက သင့်လက်ကို ဦးစွာစင်ကြယ်အောင်ဆေးပါ။ သင့်လက်နှင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့အားထိခြင်းရှောင်ကြဉ်ပါ။ကြော်င်လေးများ၊ ခွေးလေးများ အထူးသဖြင့် ယင်းတို့ နေမကောင်းသောအခါ ပွတ်သပ်ကိုင်တွယ်ခြင်းကို ရှောင်ကြဉ်ပါ။ တိရိစ္ဆာန်အသုံးအဆောင်များအား ကိုင်တွယ်ပြီးလျှင် လက်ဆေးပါ။
၅။မကျက်သောအသားများ မစားပါနှင့်
ကျက်သည်အထိ ချက်ပြုတ်မထားသော အသားများ၊ သားစိမ်းငါးစိမ်းများ၊ နွားနို့၊ ကလီစာများ စားခြင်းမှ ရှောင်ကြဉ်ပါ။
၆။လက်အိတ်ဝတ်ပါ
အကယ်၍သင်ဟာ တိရိစ္ဆာန်ဆေးခန်း၊ ပြုစုစောင့်ရှောက်ရသော အလုပ်၊ သားငါးဈေးတွင် အလုပ်လုပ်ရပါက လက်အိတ်အမြဲဝတ်ဆင်ပါ။
၇။ခရီးသွားသောအခါ
ချောင်းဆိုးခြင်း၊ နှာစေးခြင်း နှင့် အသက်ရူကျပ်ခြင်း စသည့် ရောဂါလက္ခာများဖြစ်ပါက ခရီးမသွားသင့်ပါ။ ခရီးသွားစဉ်မှာလဲ ထိုရောဂါလက္ခဏာရှိသူများနှင့် နီးကပ်စွာမနေပါနှင့်။ နှာစေးချောင်းဆိုးပါကတစ်ရူးနှင့် သုတ်ပြီး ချက်ချင်းပစ်ကာ လက်ဆေးပါ။ Mask သုံးပါက နှာခေါင်းနှင့် ပါးစပ်ကို စတပ်ကတည်းက သေချာအုပ်ပြီးမကြာခဏ mask ကိုထိခြင်း၊ ပြင်ခြင်းရှောင်ကြဉ်ပါ။ Mask ကိုတစ်ခါတပ်ပြီးထပ်မသုံးပဲလွှင့်ပစ်ကာ လက်ကိုသေချာဆေးကြောပါ။
(who-int မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3