×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ရုံးပတီသီး၏ အံသြဖွယ် အကျိုးကျေးဇူးများ
January 13, 2020 | by Your Fitness

ရုံးပတီသီး၏ အံသြဖွယ် အကျိုးကျေးဇူးများ

ရုံးပတီးသီးကို Okra လို့ခေါ်သလို Lady’s finger လို့လဲခေါ်ဝေါ်ကြပါတယ်။ နေ့စဉ်ဟင်းလျှာတွေမှာ မပါမဖြစ်ဆိုသလို မကြာခဏ စားသုံးလေ့ရှိကြပြီး သတ်သတ်လွတ်သမားများ အထူးအားထားတဲ့ အသီးတစ်မျိုးလဲဖြစ်ပါတယ်။ သူချည်းပဲ ကြော်စား၍ရသလို အခြား ဟင်းများဖြင့် ရောစပ်၍လည်းကောင်း၊ ငါးပိရည်တို့စရာနှင့် တွဲဖက်၍လည်းကောင်းစားသုံးလေ့ရှိကြသည်။ အိမ်ရှင်မများ ဈေးဝယ်ရာတွင် မပါမဖြစ် နှစ်သက်သည့် ရုံးပတီသီးတွင် ဗီတာမင်-B, ဖောလစ်အက်စစ်၊ ဗီတာမင်-K, ကယ်လစီယမ်၊ ဖိုက်ဘာ၊ ပိုတက်စီယမ် နှင့် ဗီတာမင် -C စသည့် အာဟာရဓာတ်များစွာပါဝင်ပါသည်။

၁။ ဝိတ်ထိန်းပေးသည်
ရုံးပတီးသီးတွင်ပါဝင်သော ဖိုက်ဘာ (အမျှင်ဓာတ်)သည် အစာချေစနစ်ကို အားပေးသည့်အပြင် အစာလည်းခံနိုင်သဖြင့် ဝိတ်မတက်စေရန် အထောက်အကူပေးပါသည်။

၂။ ဆီးချိုသမားများအတွက် ကောင်းမွန်ခြင်း
ရုံးပတီးသီးတွင် အမျှင်ဓာတ် အပြင် myricetin ဆိုသော ဓာတ်တစ်မျိုးပါဝင်သည့်အတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါသည်။

၃။ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများအတွက်
ရုံးပတီးသီး စားပေးခြင်းဖြင့် ကိုလက်စထောတက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ သက်သာစေပါသည်။

၄။ ကင်ဆာရောဂါမှ ကာကွယ်ပေးခြင်း
ရုံးပတီးသီးတွင်ပါဝင်သော Lection ဟုခေါ်သည့် ပရိုတင်းဓာတ်သည် ရင်သားကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ ကင်ဆာဆဲလ်များ မပြန့်ပွားစေရန် နှင့် ရင်သားကင်ဆာအပြင် အခြား ကင်ဆာရောဂါများအား ခုခံကာကွယ်ပေးနိုင်ပါသည်။

၅။ အသားအရေ လှပစေသည်
အာဟာရဓာတ်များစွာပါဝင်သော ရုံးပတီသီးကို စားပေးခြင်းဖြင့် စိတ်ဖိစီးမှု လျော့စေခြင်း၊ အရေးအကြောင်းလျော့ချပေးခြင်း နှင့် နုပျိုသော အသားအရေ ကို ပေးစွမ်းနိုင်ပါသည်။

(timesofindia-indiatimes-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

 

သက်ဆိုင်သော ဆောင်းပါးများ