- ဆောင်းပါးများ
- နို့တိုက်အရွယ်ကလေးရှိတဲ့မိခင်မှာ Coronavirus ရှိနေရင် ကလေးနို့တိုက်လို့အဆင်ပြေပါ့မလား?
နို့တိုက်အရွယ်ကလေးရှိတဲ့မိခင်မှာ Coronavirus ရှိနေရင် ကလေးနို့တိုက်လို့အဆင်ပြေပါ့မလား?
မွေးစကလေးကျန်းမာရေးအတွက် မိခင်နို့ကသာ အကောင်းဆုံးဖြစ်တာမို့ မိခင်နို့ကတိုက်လို့ရပါတယ်
နို့တိုက်အရွယ်ကလေးရှိတဲ့မိခင်မှာ Coronavirus ရှိနေရင် ကလေးနို့တိုက်လို့အဆင်ပြေပါ့မလား?
(ဤပို့စ်အား လွတ်လပ်စွာ Share နိုင်ပါတယ်)
စမ်းသပ်ချက်များအရ ကူးစက်ခံရတဲ့ မိခင်နို့ထဲမှာဗိုင်းရပ်စ်ကိုတော့ မတွေ့ရဘူးလို့သိရပါတယ်… မွေးစကလေးကျန်းမာရေးအတွက် မိခင်နို့ကသာ အကောင်းဆုံးဖြစ်တာမို့ မိခင်နို့ကတိုက်လို့ရပါတယ်.. ဒါပေမယ့် ရင်သွေးကို နို့တိုက်တဲ့အခါ Skin to Skin (အရေပြားချင်းထိတွေ့ရတာဖြစ်သလို) စကားပြော၊ ချောင်းဆိုး၊ နှာချေလိုက်တဲ့အခါ ကလေးကို
ကူးစက်နိုင်ပါတယ်..
ဒါကြောင့် နို့ကိုညှစ်ပြီး ဗူးထဲထည့်တိုက်တာကတော့ အဆင်ပြေဆုံးဖြစ်ပါတယ်.. နို့ညှစ်တဲ့အခါ အထူးသတိထားရမှာက လက်ဆေးပါ၊ Face Shield , Face Mask တပ်ပါ၊ နို့ဗူး နို့ညှစ်ခွက်အကုန်လုံးကို သန့်ရှင်းစွာကိုင်တွယ်ပါ။ နောက်တစ်ခုက အခြားမိခင်တစ်ယောက်ကို အကူအညီတောင်းခြင်း (နို့အငှားတိုက်ခြင်း) လုပ်လို့လဲရပါတယ်။
Sharing is Caring
Your Fitster Team မှ တင်ဆက်ပါသည်။
Your Fitster (ကျန်းမာရေး နှင့် အလှအပ Mobile App)
သက်ဆိုင်သော ဆောင်းပါးများ





































































