- ဆောင်းပါးများ
- စိတ်ဖိစီးမှု ပျောက်ကင်းစေဖို့ စားသုံးသင့်သည့် အစားအစာများ
စိတ်ဖိစီးမှု ပျောက်ကင်းစေဖို့ စားသုံးသင့်သည့် အစားအစာများ
စိတ်ဖိစီးမှု ပျောက်ကင်းစေဖို့ စားသုံးသင့်သည့် အစားအစာများ
စိတ်ဖီးစီးမှု လျော့စေဖို့ တရားထိုင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ လာဗန်ဒါပန်းနံ့ဖြင့် အခန်းထဲ Air Freshener ထားခြင်း၊ ရေနွေးကန်ထဲ ဇိမ်ကျစွာစိမ်ခြင်း နဲ့ ကောင်းမွန်စွာ အနှိပ်ခံခြင်း စတာတွေပြုလုပ်လို့ ရတယ်ဆိုတာ ကျွနိုပ်တို့ အားလုံး သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် အစားအစာနဲ့ စိတ်ဖိစီးမှု လျော့ကျအောင် လုပ်လို့ရတယ်ဆိုတာကော သိပြီးသွားပြီလား။နေ့စဉ်နေ့တိုင်း အလုပ်တွေများပြီး စိတ်ဖိစီး နွမ်းနယ်နေရင်တော့ အခုဖော်ပြပေးမယ့် အစားအသောက်လေးတွေကို နေ့စဉ်စားမယ့်စာရင်းထဲ ထည့်ပြီး စားသုံးကြည့်ပါ။ စိတ်ကျန်းမာရေးကောင်းဖို့အတွက်သာမကာ ဆီးချို၊ နှလုံး နှင့် စိတ်ကျရောဂါများမှ ကာကွယ်ပေးနိုင်ပါတယ်။
၁။(Whole Grains) ဆန်လုံးညို၊ ပြောင်းဖူးပေါက်ပါက်၊ဂျုံ
လူအတော်များများကတော့ စိတ်ဖိစီးမှုနဲ့ကြုံတဲ့အခါ များသောအားဖြင့် ကိတ်၊ ဒိုးနတ်(muffin) မာဖင်း စတာတွေ စားသုံးလေ့ရှိကြပါတယ်။ ဒီအစားအစာတွေဟာ စိတ်ကိုပျော်ရွှင်စေတဲ့ serotonin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိးကို ထုတ်လုပ်ပေးတဲ့အတွက် သက်တောင့်သက်သာဖြစ်ဖို့နဲ့ စိတ်ကျေနပ်မှုရဖို့အထောက်အကူပေးပါတယ်။ ဒီထက်ပိုပြီး အာနိသင်ထိရောက်စေတာကတော့ ဆန်လုံးညို၊ ပြောင်းဖူးပေါက်ပါက်၊ဂျုံ၊ ကွေကာအုတ် တို့ဖြစ်ပါတယ်။
၂။ဒိန်ချဉ်
ဒိန်ချဉ်ဟာ ခန္ဓာကိုယ်အတွက်ကောင်းမွန်ပြီး အူတွင်းရှိ ဘတ်တီးရီးယားကောင်းများရှိစေဖို့ အားပေးပါတယ်။ ကျန်းမာတဲ့ အူလမ်းကြောင်းကို ပိုင်ဆိုင်ဖို့ စိတ်ဖိစီးမှုတွေ မရှိသလောက်ဖြစ်နေဖို့ လိုတယ်ဆိုတာ သတိထားမိပါသလား? သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ.ရှိချက်တွေအရ ဦးနှောက်ရဲ့ ပျော်ရွှင်စေတဲ့ဟော်မုန်းတချို.ကို အူက ထုတ်လုပ်ပေးတာလို့ ဆိုပါတယ်။ ဒါကြောင့်အူ ကျန်းမာဖို့အတွက် ဒိန်ချဉ်စားဖို့ မမေ့ပါနဲ့။
၃။အဆီပေါသောငါး
ငါးများတွင်ပါဝင်သော အိုမီဂါ-၃ ဖက်တီအက်စစ်သည် စိတ်ပူပင်ခြင်း၊ စိတ်ဖိစီးခြင်း နှင့် စိတ်ကျခြင်းတို့အား သက်သာပျောက်ကင်းစေပါသည်။ အိုမီဂါ-၃ ကြွယ်၀ သော တူနာငါး၊ ငါးသေတ္တာငါး၊ ဆယ်လ်မွန်ငါး၊ ရေချိုငါးတို့အားစားသုံးသင့်ပါသည်။
၄။အေစ့အဆံများ
ငါးများတွင်တွေ.ရသော အိုမီဂါ-၃ အက်စစ်ကို အောက်ပါအစေ့အဆံများဖြစ်သော အယ်လ်မွန်၊ မြေပဲ၊ နှမ်း၊ ဖရုံစေ့၊ နေကြာစေ့၊ flaxseeds (မြန်မာအခေါ် နှမ်းကြက်စေ့) တို့တွင်လည်းတွေ.ရပါသည်။ ၎င်းအစေ့အဆံများသည် အိုမီဂါ-၃ ကြွယ်ဝရုံတင်မကဘဲ ဗီတာမင်-B ပါကြွယ်ဝသောကြောင့် ကိုယ်ခံအားကောင်းမွန်ခြင်း၊ အာရုံကြောကောင်းမွန်ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများအား သက်သာပျောက်ကင်းစေပါသည်။
၅။အမည်းရောင်ချောကလက်များ
စိတ်ခံစားမှုအားကောင်းစေဖို့ အမည်းရောင်ချောကလက်များအား စားသုံးသင့်ပါတယ်။ အမည်းရောင်ချောကလက်ဟာ သွေးတွင်းရှိ ဟော်မုန်း (စိတ်ဖိစီးမှုကြောင့်ဖြစ်တတ်သော) level ကို လျော့ချပေးနိုင်တယ်လို့ လေ့လာတွေ.ရှိချက်များအရ သိရပါတယ်။
၆။ဆေးဘက်ဝင်ရေနွေးကြမ်း
စိတ်ပင်ပန်းမှုအပြင် စိတ်ရောကိုယ်ပါ လန်းဆန်းစေသော ဆေးဘက်ဝင်ရေနွေးကြမ်းများ များစွာရှိပါသည်။ ဂျင်းဖြင့်ပြုလုပ်သော၊ မန်ကျည်းသီးဖြင့်ပြုလုပ်သောရေနွေးကြမ်းတို့အပြင် လာဗန်ဒါ နှင့် ဒေစီပန်းတို့ဖြင့်ပြုလုပ်ထားသော ရေနွေးကြမ်းများသည် စိတ်ပင်ပန်းခြင်းကြောင့် အိပ်မပျော်နိုင်ခြင်းကို တိုက်ဖျက်ပေးနိုင်ပါတယ်။ဂရိတ်ဖရုအရွက်ဖြင့်ပြုလုပ်ထားသော ရေနွေးကြမ်းနှင့် ပူစီနံရွက်ဖြင့်ပြုလုပ်ထားသော ရေနွေးကြမ်းတို့ကိုလည်း စိတ်ပင်ပန်းမှု ပပျောက်စေဖို့ အတွက် သောက်သုံးသင့်ပါသည်။
(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3