- ဆောင်းပါးများ
- ငှက်ပျောသီးဘာကြောင့်စားသင့်လဲ
ငှက်ပျောသီးဘာကြောင့်စားသင့်လဲ
ငှက်ပျောသီးဘာကြောင့်စားသင့်လဲ
ငှက်ပျောသီးကို ဗိုက်ပြည့်ဖို့အတွက်စားသုံးကြသလို သားရေစာအဖြစ်လဲ စားသုံးကြပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်ပြီး မကြိုက်သူလဲရှားပါတယ်။ အောက်ပါ ကောင်းကျိုးများကြောင့် ငှက်ပျောသီးသည် နေ့စဉ်စားသုံးသင့်သော အသီးအနှံထဲတွင် ပါဝင်ပါသည်။
၁။ငှက်ပျောသီးတွင် tryptonphan နှင့် amino acid ပါဝင်သည့်အတွက် Serotonin ဟုခေါ်သော ပျော်ရွှင်သည့်ဟော်မုန်းထုတ်လုပ်ပေးပါသည်။ နေ့စဉ် စားပေးခြင်းဖြင့် Seasonal Affective Disorder (SAD) ဟုခေါ်သည့် ရာသီအလိုက်စိတ်ခံစားမှုကြောင့်ဖြစ်တတ်သော စိတ်ကျရောဂါကို သက်သာစေနိုင်ပါသည်။
၂။ငှက်ပျောသီးတွင် ပိုတက်ဆီယမ်ပါဝင်သောကြောင့် နှလုံးကြွက်သားကို အားပေးပြီး သွေးဖိအားလျော့စေသည်။
၃။ဦးနှောက်အလုပ်လုပ်ဆောင်မှုကို အားပေးပြီး မှတ်ညဏ်ကောင်းစေသည်။
၄။ အစာချေစနစ်ကိုကောင်းစေပြီး ငှက်ပျောသီးတွင် ပါဝင်သော အမျှင်ဓာတ်ကြာင့် ဝမ်းချုပ်ခြင်းမှ ကာကွယ်ပေးသည်။
၅။အူအတွင်းတွင်ကျန်းမာရေးကိုအထောက်အကူပေးသော ကောင်းမွန်သည့်”ပိုး” ကိုပြန့်ပွားစေနိုင်သည်။ တနည်းအားဖြင့် ကောင်းမွန်သည့် ပိုး သည် အာဟာရဓာတ်စုပ်ယူမှုကို အားပေးသဖြင့် အစာချေစနစ်ကို အကျိုးသက်ရောက်စေသည်။
၆။ အစာအိမ်မှာ အက်ဆစ်ဓာတ်များပြီး အစာအိမ်အချဉ်ပေါက်တာမျိုးဖြစ်တဲ့အခါ ငှက်ပျောသီးကို စားပေးနိုင်ပါသည်။ သဘာဝအတိုင်း အချဉ်ဓာတ်ပြယ်စေပါသည်။
၇။ငှက်ပျောသီးတွင်ပါဝင်သော Pectin ဟုခေါ်သော ဓာတ်သည် အစာကြောင့်ဖြစ်သော အဆိပ်အတောက်များကို ပြယ်စေနိုင်သော သတ္တိရှိပါသည်။
၈။ ဗီတာမင် B-6 ပါဝင်သောကြောင့် သွေးဖြူဥ ထုတ်လုပ်ရာတွင် အထောက်အကူပေးသည်။
၉။ငှက်ပျောသီးတွင် ပါဝင်သော ကယ်လစီယမ်ဓာတ်ကြောင့်အရိုးအတွက် အကျိုးကျေးဇူး (၂)မျိုးရရှိစေသည်။ ပထမတစ်ခုမှာ ကယ်လစီယမ်ဓာတ်စုပ်ယူမှုကို အားကောင်းစေပြီး ဒုတိယတစ်ခုမှာ ကျင်ငယ်ရည်နှင့်အတူ ရောပါသွားမည့် ကယ်လစီယမ်ဓာတ်ကို လျော့နည်းအောင်စွမ်းဆောင်ပေးနိုင်ပါသည်။
၁၀။ ကိုယ်ဝန်ဆောင်သည်များအစောပိုင်းကာလတွင်ဖြစ်တတ်သော မနက်ခင်း မအီမသာဖြစ်ခြင်းမှ သက်သာပျောက်ကင်းစေရန် အိပ်ရာမထမီ ငှက်ပျောသီး စားပေးနိုင်ပါသည်။
၁၁။ အမျိုးသမီးများတွင်ဖြစ်တတ်သော PMS symptoms ဟုခေါ်သည့် ရာသီမလာခင် ဖြစ်တတ်သော ရင်သားတင်းရင်းနာကျင်ခြင်း၊ ဝက်ခြံထွက်လာခြင်း၊ လေပွ၍ ဗိုက်ဖောင်းနေခြင်း၊ ပင်ပန်းလွယ်ခြင်း စသော စိတ်ခံစားမှု လက္ခဏာများကို ငှက်ပျောသီးစားခြင်းကြောင့် လျော့ချပေးနိုင်ပါသည်။
၁၂။ငှက်ပျောသီးတွင်ပါဝင်သော အာဟာရဓာတ်သည်ကိုယ်တွင်းရှိ စုံလိုက်ရှိမနေသော အက်တမ်လေးများ (free radicals) ကြောင့်ဖြစ်တတ်သော ရောင်ယမ်ခြင်းများအား သက်သာစေသည်။ (free radicals ဆိုသည်မှာ ကျွန်ုပ်တို့ အသက်ရူလိုက်သော အောက်ဆီဂျင်သည် စွမ်းအင်ပေးနိုင်သော Electrons မဖြစ်ခင် သေးငယ်သော အက်တမ်လေးများပေါင်းစည်းရပါသည်။ ပေါင်းစည်းခွင့်
မရှိဘဲ လွတ်နေသော အက်တမ်များအား free radicals ဟု ခေါ်နိုင်ပါသည်။
၁၃။ ငှက်ပျောသီးစားခြင်းကြောင့် အရွယ်မတိုင်ခင်အိုမင်းခြင်း နှင့် ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
၁၄။ Gym မသွားခင် ငှက်ပျောသီး (၂)လုံးခန့်စားပေးခြင်းကြောင့် ကောင်းစွာလှုပ်ရှားကစားနိုင်ပြီး သွေးတွင်းသကြားဓာတ်ကိုပါ ထိန်းညှိပေးပါသည်။
၁၅။ငှက်ပျောသီးသည် အစာခံနိုင်သဖြင့် diet plan များတွင် မပါမဖြစ် စားသုံးနိုင်သည်။
၁၆။ သကြားဓာတ်ကို ထိန်းညှိပေးသဖြင့် ဆီးချို အဆင့်-၂ သမားများပင် နေ့စဉ် စားသုံးနိုင်သည်။
(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3