×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ (၁၀)မျိုး
July 10, 2019 | by Your Fitster Team

ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို စားခြင်းဖြင့် တက်ကြွဖျတ်လတ်ပြီး ပျော်ရွှင်သော နေ့စဉ်ဘဝကို အကျိုးရှိစွာဖြတ်သန်းနိုင်မှာပါ။

ကျန်းမာပျော်ရွှင်သောလူနေမှုဘဝအတွက် စိတ်ရောကိုယ်ပါ လန်းဆန်းစေဖို့ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စားသုံးဖို့လိုပါတယ်။ကျန်းမာရေးနှင့် ညီညွတ်သော အစာများကို စားခြင်းဖြင့် တက်ကြွဖျတ်လတ်ပြီး ပျော်ရွှင်သော နေ့စဉ်ဘဝကို အကျိုးရှိစွာဖြတ်သန်းနိုင်မှာပါ။ ကမ္ဘာအနှံ.အပြားမှာ စားသောက်ဆိုင်များ တစ်နေ့တခြား များပြားလာသည်နှင့်အမျှ ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်များကိုဦးစားပေး ရောင်းချခြင်းသည်လဲ ခေတ်စားလာပြီဖြစ်ပါတယ်၊ ယခုဖော်ပြသော အစားအစ (၁၀)မျိုးသည် ဥပမာ ဂိုက်လိုင်းသာပေးခြင်းဖြစ်ပြီး မိမိခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များအလိုက်အခြားသော အရသာရှိသော အစားအစာများကို ရွေးချယ်စားသောက်ဖို့ရန်လိုအပ်ပါတယ်။

၁။ Spinach (ဟင်းနုနွယ်ရွက်)
ဟင်နုနွယ်ကို ကိုယ့်ပတ်ဝန်းကျင် ဈေးဆိုင်အတော်များများမှာ လွယ်ကူစွာရရှိနိုင်ပြီး ကယ်လိုရီနည်းသည့်အပြင် ဗီတာမင် A, ဗီတာမင် K နဲ့ ဗီတာမင် B ဓာတ်တို့ ပါဝင်တဲ့အတွက် နေ့စဉ် စားသုံးသင့်သော အရွက်တစ်မျိုးဖြစ်ပါတယ်။

၂။ Black Beans (အနက်ရောင်ပဲများ)
အနက်ရောင်ရှိသော ပဲများသည် အစာချေခြင်းနှေးကွေးစေပြီး အလွယ်တကူ ဆာလောင်ခြင်းမရှိသည့်အပြင် ကယ်လ်စီယမ်၊ ပရိုတင်းဓာတ် တို့ပါဝင်သည့်အတွက် အာဟာရပြည့်ဝစေသော ပဲနက်များကို စားသုံးသင့်ပါတယ်။

၃။ Walnuts (သစ်ကြားသီး)
အခြားသီးနှံများထက် ဗီတာမင်ကြွယ်ဝတဲ့ သစ်ကြားသီးမှာ အိုမီဂါ 3အဆီ နှင့် ဗီတာမင် E တို့ပါဝင်ပြီး အစာပြေအနေနဲ့လည်း အလွယ်တကူ စားသုံးလို့ရပါတယ်။

၄။ Beets (သကြားမုန်လာ)
လုံးဝန်းသောပင်စည် နှင့် ခရမ်းရောင် အသီးတစ်မျိုးဖြစ်ပြီး ၎င်းအပင်ကို သကြားပြုလုပ်ရာတွင်လည်းကောင်း၊ တိရိစ္ဆာန်အစာကျွေးရာတွင်လည်းကောင်း ထည့်သွင်းအသုံးပြုကြသည်။ လှပသောအရောင်ပိုင်ဆိုင်ထားသော Beets သည်မှတ်ညဏ်ကောင်းစေပြီး သွေးဖိအားနည်းစေသည်။ မဂ္ဂနီဆီယမ်၊ ဗီတာမင် C နှင့် ဗီတာမင် B အမျိုးအစားဖြစ်သော Folate တို့ ပါဝင်ပါသည်။

၅။ ထောပတ်သီး
နေ့စဉ်ကျန်းမာလှပစေဖို့ ထောပတ်သီးကို တစ်ပတ်လျှင် တစ်လုံး (သို့) နှစ်လုံး စားသုံးသင့်ပါသည်။ ဗီတာမင် B6 များစွာပါဝင်ပြီး ထောပတ်သီးစိတ်များကို ဆား၊ ငရုတ်ကောင်းသုတ်၍ ကင်စားလို့ရသလိုအတုံးသေးသေးများပြုလပ်၍ ဆလတ်သုပ်ထဲထည့်စား၍ရပါသည်။

၆။ Dark Chocolate (အမည်းရောင်ချောကလက်)
အမည်းရောင်ချောကလက်များကို စားပေးခြင်းသည် နှလုံးရောဂါနှင့် အခြားဖြစ်ပွားတတ်သောရောဂါများမှ ကာကွယ်ပေးသည်။ တစ်ရက်လျှင် လေးထောင့်ကွက်ဖော်ထားသောချောကလက်တစ်ပြားမှ ထောင့်ကွက် ၂ခုမျှစာ စားသုံးခြင်းဖြင့် လုံလောက်ပါသည်။

၇။ Raspberries (ဘယ်ရီသီးများ)
ဗီတာမင် C၊ ကယ်လ်စီယမ် နှင့် အိုင်းယွန်းဓာတ်တို့ပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုစေပါသည်။ ဘယ်ရီသီးလေးများအား ဒိန်ချဉ်နှင့် ရော၍လည်း စားသုံးနိုင်ပါသည်။

၈။ Garlic (ကြက်သွန်ဖြူ)
ကြက်သွန်ဖြူကတော့ အားလုံးသိတဲ့အတိုင်း အိမ်ရှင်မများမီးဖိုချောင်မှာ မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါတယ်။ ကြက်သွန်ဖြူသည် ဘတ်တီးရီးယားများ မပေါက်ပွားရန် တားမြစ်နိုင်စွမ်း၊ ကိုလက်စရောနှင့် သွေးဖိအာကျစေနိုင်စွမ်းစသည့် ကျန်းမာရေးကောင်းကျိုးများ ရရှိစေပါသည်။ဟင်းချက်ရာတွင် အသုံးပြု၍သော်လည်းကောင်း၊ ဆော့စ် နှင့် စွပ်ပြုတ်တွင် လည်ကောင်း နေရာအတော်များတွင် အသုံးပြုလေ့ရှိကြသည်။

၉။ Lemons (လီမွန်)
လီမွန်သည် ကင်ဆာဆဲလ်များ ပေါက်ဖွားခြင်း နှင့်ရောဂါမဖြစ်ပွားစေရန် ကာကွယ်နိုင်သော ဗီတာမင်C ပြည့်ဝသည့် အသီးတစ်မျိုးဖြစ်ပါသည်။ လီမွန်တစ်စိတ်လောက်အား ရေနွေး သို့ ရေထဲထည့်သောက်ခြင်းဖြင့်ကျန်းမာကျစ်လစ်စေပြီး ရေဓာတ်ဖြည့်ပေးရာရောက်ပါသည်။

၁၀။ Lentils (ပဲနီကလေး)
ပရိုတင်းနှင့် အမျှင်ဓာတ်ပေါကြွယ်ဝသော ပဲနီလေးသည် နေ့လည်စာ ညစာနှင့် တွဲဖက်စားသုံးရာတွင် အရသာရှိသောဟင်းတစ်ခွက်ဖြစ်ပါသည်။များသောအားဖြင့် သတ်သတ်လွတ်သမားများ အထူးနှစ်သက်ခြင်းခံရသော ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။ ဆလတ်၊ စွပ်ပြုတ်များတွင်လည်း ထည့်သွင်း အသုံးပြုနိုင်ပါသည်။

ဒီအစားအစာများထဲမှ သင် မည်သည့်နံပါတ်ကို နှစ်သက်ပြီး List ထဲမပါပေမယ့် ကိုယ်စားလေ့ရှိသော အသီးအနှံများရှိခဲ့ရင် Comment မှာမျှဝေနိုင်ပါတယ်။

(goodnet-com မှ Article အား Your Fitster Teamမှဆီလျော်အောင်ဘာသာပြန်သည်)

သက်ဆိုင်သော ဆောင်းပါးများ