×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ကိုယ်၀န်သည်တွေစားသင့်တဲ့ အစားအစာ (၁၀)မျိုး
May 27, 2020 | by Your Fitster Team

ကိုယ်၀န်သည်တွေစားသင့်တဲ့ အစားအစာ (၁၀)မျိုး

ကိုယ်၀န်ဆောင်စဉ်ကာလဟာ မိခင်အတွက်သာမက တစ်မိသားစုလုံးရဲ့ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတစ်ခုဖြစ်ပါတယ်။ မိသားစု၀င်အသစ်လေးအတွက် စိတ်လှုပ်ရှားပျော်ရွှင်ရတဲ့အခိုက်အတန့်လေးတွေဆိုရင်လဲမမှားပါဘူး။အထိုင်အထကအစ အစစအရာရာဂရုစိုက်ဖို့လိုသလို အရေးကြီးဆုံးကတော့ ကိုယ်နေ့စဥ်စားတဲ့အစားအစာပါပဲ။ကလေးကြီးထွားဖွံ့ဖြိုးဖို့သာမက မိခင်ကော ကလေးပါ တကယ်အာဟာရဖြစ်တဲ့ အစားအစာမျိုးကို ရွေးချယ်စားသုံးဖို့လိုပါတယ်။ ကိုယ်၀န်ဆောင်စဥ်ကာလအတွင်းမှာ လက်မလွှတ်သင့်တဲ့ အစားအစာ (၁၀) မျိုးကို YourFitster မှဖော်ပြပေးလိုက်ပါတယ်။

၁။နို့နှင့် နို့ထွက်ပစ္စည်း

ဒိန်ချဉ်၊ ဒိန်ခဲ၊ ထောပတ်၊ချိစ်၊ ပူတင်းစသည်တို့တွင် ပါ၀င်သောကယ်လစီယမ်၊ ဇင့်၊ ဖောစဖောရပ်စ်၊ ဗီတာမင် B နှင့် မက်ဂနီဆီယမ်တို့သည် သန္ဓေသားဖွံ့ဖြိုးဖို့အတွက် များစွာအထောက်အကူပေးသည့်အပြင် probiotic ပါဝင်သည့်အတွက် ကလေးမွေးဖွားရာတွင်လွယ်ကူစေခြင်း၊ ဆီးချိုမဖြစ်စေခြင်း နှင့် မွေးလမ်းကြောင်းပိုးဝင်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

 

၂။ကြက်ဥ

ပရိုတင်းဓာတ်ကြွယ်၀သော ကြက်ဥတွင် အမိုင်နိုအက်စစ်လည်းပါ၀င်သည့်အတွက် သင်နှင့် သင့်ကလေးအတွက် ဆဲလ်တည်ဆောက်မှုတွင် အခရာကျပါသည်။ အသီးအရွက်နှင့်ရောစပ်စားသုံးလျှင်လည်း အရာသာရှိသော ဟင်းတစ်ခွက်ဖြစ်စေပါသည်။

 

၃။ပဲအမျိုးမျိုး

ပဲအမျိုးမျိုးတွင် ပဲနီလေး၊ကုလားပဲ၊ မြေပဲ၊ ပဲပုပ်ပဲ စသည်တို့ပါ၀င်ပါသည်။ အပင်ငယ်အမျိုးအစားဖြစ်သည့် ပဲတို့တွင် ဖောလိတ်၊ ကယ်လစီယမ်၊ ပရိုတင်း၊ သံဓာတ် နှင့် ဖိုင်ဘာတို့ ပါ၀င်သဖြင့် မိခင်လောင်းများ စားသုံးသင့်ပါသည်။ ထို့အပြင် ပဲတွင်ပါ၀င်သော ဗီတာမင်ဘီသည် ကလေးကြီးထွားဖို့အတွက်ကောင်းမွန်ပြီး အထူးသဖြင့်ကိုယ်၀န်နုစဉ်ကာလတွင် မဖြစ်မနေ စားသုံးသင့်ပါသည်။

 

၄။ကန်စွန်းဥ

ပုံမှန်အားဖြင့် မျိုးနွယ်တူ အာလူးကို ၀ိတ်တက်ချင်သည့်အခါ အသားပေးစားသုံးကြပေမယ့် ကန်စွန်းဥတွင် ဗီတာမင် အေ၊ ဗီတာမင်စီ နှင့် အမျှင်ဓာတ်တို့ပါ၀င်သည့်အတွက်အစာချေစနစ်ကိုအားပေးပြီး သွေးတွင်းသကြားလယ်ဗယ်ကို ထိန်းညှိပေးပါသည်။

 

၅။၊ဘရိုကိုလီ(ပန်းပွင့်စိမ်း) နှင့် အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ

ပန်းပွင့်စိမ်းနှင့် ဟင်းနုနွယ်၊ ကိုက်လန်တို့ကို စားသုံးခြင်းဖြင့်ကိုယ်၀န်သည်တစ်ယောက်အတွက် လုံလောက်သော အာဟာရဓာတ်များကို ပေးနိုင်ပါသည်။ ယင်းတို့တွင် ဗီတာမင်အေ, ဗီတာမင်စီ, သံဓာတ်၊ ပိုတက်စီယမ် နှင့် အမျှင်ဓာတ်တို့ ပါ၀င်သဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး ခုခံအားစနစ်လဲကောင်းမွန်စေပါသည်။

 

၆။ထောပတ်သီး

ကျန်းမာရေးအတွက်သဘာ၀အဆီပါ၀င်သောထောပတ်သီးတွင် ဗီတာမင်ဘီ၊ ကော့ပါး၊ ဗီတာမင်ကေ၊ ဗီတာမင်အီး နှင့် ဗီတာမင်စီစသော အာဟာရဓာတ်များလည်းပါရှိပါသည်။သဘာ၀အဆီသည် ဦးနှောက်ဖွံ.ဖြိုးမှုအတွက်ဆဲလ်နှင့်တစ်ရှူးတို့အတွက်အထောက်အကူပြုပြီး ပိုတက်ဆီယမ်သည် ရာသီလာစဥ် ဖြစ်တတ်သောကိုက်ခဲမှုများကိုပင်သက်သာစေပါသည်။

 

၇။ရေများများသောက်ပါ

ဆီးလမ်းကြောင်းရောဂါပိုးကင်းစင်ရန်နှင့် ရေဓာတ်ခန်းသောအခါ ဖြစ်တတ်သော ပင်ပန်းနွမ်းနယ်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်းတို့မှ သက်သာပျောက်ကင်းစေရန် ကိုယ်၀န်သည်မိခင်သည် ရေအမြဲသောက်ပေးရန်လိုပါသည်။

 

၈။ဂျုံအဓိကပါ၀င်သောအစားအစာများ

အမျှင်ဓာတ်ပေါများသော အုတ်၊ စီရီယယ်၊ကွေကာ တို့တွင် ဗီတာမင်အီးပါ၀င်ပြီး သန္ဓေသားဖွံ့ဖြိုးဖို့အတွက်များစွာအထောက်အကူပေးပါသည်။

 

၉။သစ်ကြားသီး

အသားညှပ်ပေါင်မုန့်တစ်ခုကို သားရေစာအဖြစ်စားသုံးခြင်းထက် သစ်ကြားသီးစားပေးခြင်းက ပိုပြီးကျန်းမာရေးနှင့်ညီညွတ်သလို အိုမီဂါ-3အက်စစ်ပါ၀င်သာကြောင့် ကိုယ်၀န်သည်များ မဖြစ်မနေစားပေးသင့်ပါသည်။

 

(velillum-com မှ Article အား Yourfitster Team မှဆီလျော်အောင်ဘာသာပြန်သည်)

သူငယ်ချင်းတွေအတွက် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….

 Sharing is Caring 

သက်ဆိုင်သော ဆောင်းပါးများ