×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
  • ဆောင်းပါးများ
  • ကူးစက်ရောဂါများမှ ကာကွယ်ရန် ကိုယ်ခံအားကောင်းစေသော အစားအစာ (၁၅)မျိုး
ကူးစက်ရောဂါများမှ ကာကွယ်ရန် ကိုယ်ခံအားကောင်းစေသော အစားအစာ (၁၅)မျိုး
March 18, 2020 | by Your Fitster Team

ကူးစက်ရောဂါများမှ ကာကွယ်ရန် ကိုယ်ခံအားကောင်းစေသော အစားအစာ (၁၅)မျိုး

အအေးမိခြင်း နှင့် ဖျားနာခြင်းတို့ အလွယ်တကူမဖြစ်ပွားစေရန် ကိုယ်ခံအားကောင်းစေသော အစားအစာများကို စားပေးသင့်ပါသည်။ အခုလိုမျိုး အရေးပေါ်အချိန် (ကိုရိုနာဗိုင်းရပ်) ဖြစ်ပွားပျံ.နှံ့နေချိန်မှာ ကိုယ့်နိုင်ငံမှာ မဖြစ်ပွားသေးပေမယ့် ကျန်းမာပြီး ခုခံအားကောင်းဖို့ သင့်တင့်မျှတစွာ စားသောက်နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။

၁။ဗီတာမင်-C ပေါများသော အသီးများ

လူအများစုက အအေးမိချောင်းဆိုးတဲ့အခါ ဗီတာမင်-C ကြွယ်ဝတဲ့ လီမွန်၊ သံပုရာတို့ကို အရည်ညှစ်ပြီး ပျားရည်နဲ့ သောက်သုံးလေ့ရှိကြပါတယ်။ ဗီတာမင်-C ဟာသွေးဥဖြူထုတ်လုပ်ခြင်းကိုလဲ အထောက်အကူပေးသလို ရောဂါပိုးများ အလွယ်တကူမဝင်ရောက်စေဖို့ ကာကွယ်ပေးပါတယ်။ အလားတူ အသီးတွေဖြစ်တဲ့ ဂရိတ်ဖရု၊ လိမ္မော်၊တု့ိကိုလဲ စားပေးသင့်ပါတယ်။

၂။ငရုပ်ပွ (အနီ)

ငရုပ်ပွ အနီဟာ အံသြဖွယ်ကောင်းလောက်အောင် လီမွန် ၊ လိမ္မော်တို့မှာ ပါဝင်တဲ့ ဗီတာမင်-C ထက် (၂)ဆ ပိုမိုပြီး ဗီတာမင် ကြွယ်ဝပါတယ်။ ငရုပ်ပွအနီကို စားပေးခြင်းဖြင့် ကိုယ်ခံအားအပြင် မျက်လုံးအားကောင်းစေပြီး အသားအရေပါ လှစေပါသည်။

၃။ ပန်းပွင့်စိမ်း (Broccoli)

နောက်တမျိုး ဟင်းချက်စားပွဲပေါ်မှာ ရှိသင့်တဲ့ အရာကတော့ ပန်းပွင့်စိမ်းပဲဖြစ်ပါတယ်။ ပန်းပွင့်စိမ်းမှာ ဗီတာမင် A, C, E အပြင် အခြား ဗီတာမင်ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။

၄။ကြက်သွန်ဖြူ

ကြက်သွန်ဖြူကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ဟင်းပွဲတိုင်းမှာ မပါမဖြစ်တဲ့ အရာတစ်ခုပါ။ ကူးစက်ရောဂါများမှ ကာကွယ်ပေးပြီး သွေးဖိအားနည်းခြင်းမှလည်း ကာကွယ်ပေးပါသည်။

၅။Ginger (ဂျင်း)

ဟင်းချက်ရာမှာ ထည့်သုံးလေ့ရှိတဲ့ ဂျင်း ဟာ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ ယောင်ရမ်းမှုအား သက်သာစေခြင်း၊ မူးမော်ပျို.အန်ခြင်းအား သက်သာစေခြင်း စသည်ဖြင့် ခုခံအားကောင်းမွန်ဖို့အတွက် များစွအထောက်အကူပေးပါတယ်။

၆။ဟင်းနုနယ်ရွက် (Spinach)

ဗီတာမင်-C ကြွယ်ဝပြီး ခုခံအားကောင်းစေသလို ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးတဲ့ နောက်တမျိုးကတော့ ဟင်းနုနယ် ပဲဖြစ်ပါတယ်။ ချက်ပြုတ်တဲ့ အခါ တတ်နိုင်သလောက် ပန်းပွင့်စိမ်းလိုပဲ အရမ်းအကျက်မချက်သင့်ပါဘူး၊ ကျက်လွန်းသွားရင် အာဟာရဓာတ် အပြည့်အ၀ မရနိုင်တော့လို့ဖြစ်ပါတယ်။

၇။ဒိန်ချဉ် (Yogurt)

ဒိန်ချဉ် ဟာ ဗီတာမင် D ကြွယ်ဝပြီး ကိုယ်ခံအားကောင်းစေပါတယ်။ ရောဂါများ ကူးစက်ခြင်းမှ သဘာဝအတိုင်းကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ အနံ့အရသာတွေ အများကြီး ထည့်ထားတဲ့ သကြားများတဲ့ ဒိန်ချဉ်မျိုးကို မဆိုလိုပဲ သဘာ၀ ဒိန်ချဉ်ကို သာ သောက်သုံးသင့်ပါတယ်။ အချဉ်သိပ်မကြိုက်ခဲ့ရင် အသီးတစ်မျိုးမျိုး နှင့် ပျားရည်တို့ဖြင့် ရောစပ်သောက်သုံးသင့်ပါတယ်။

၈။အယ်လ်မွန်စေ့ (Almonds)

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီထုတ်ပေးတဲ့ အယ်မွန်စေ့ဟာ ဗီတာမင်-E ပါဝင်ပြီးကျန်းမာရေးအတွက် အထောက်အကူပေးနိုင်ပါတယ်။

၉။နနွင်း (Turmeric)

ရှေးနှစ်များစွာကတည်းကို နနွင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဟင်းလျာတိုင်းမှာ မပါမဖြစ်အသုံးပြုခဲ့ကြပြီး ကြွက်သားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၁၀။လက်ဖက်ရည်ကြမ်း (Green Tea)

လက်ဖက်ရည်ကြမ်းမှာ ဗီတာမင်-C နှင့် ဗီတာမင်-E တို့ပါဝင်ပြီး နေ့စဉ်သောက်သုံးပေးပါက ကိုယ်ခံအားစနစ်ကို ကောင်းစေပါသည်။

၁၁။သင်္ဘောသီး(Papaya)

သဘောၤသီး တစ်လုံးတွင် လူတစ်ဦး တစ်ရက်လိုအပ်သည့် ဗီတမင်-C 224 % ပါဝင်ပြီးအစာချေစနစ်ကို ကောင်းစေပါသည်။ ပိုတက်ဆီယမ် နှင့် ဗီတာမင်-B, ဖောလစ်အက်စစ်တို့ပါ ပါဝင်သဖြင့် စားပေးသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

၁၂။ကီဝီ (Kiwi)

ကီဝီသီးဟာ သင်္ဘောသီးကဲ့သို့ အာဟာရဓာတ်များ ပါဝင်ပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်ပေးနိုင်သည့် ဗီတာမင်-C နှင့် ဗီတာမင်-K တို့ပါဝင်ပါသည်။

၁၃။ကြက်သား၊ ဘဲသား(Poultry)

ကိုယ်တွေ ဖျားနာပြီး မအီမသာဖြစ်ရင် ကြက်စွပ်ပြုတ်ပူပူလေး အိမ်မှာသောက်ရတာ မှတ်မိကြသေးလား။ နေမြန်မြန်ကောင်းပြီး အားရှိလာစေဖို့ နဲ့ အအေးမိဖျားနာခြင်းတွေ သက်သာဖို့ပဲဖြစ်ပါတယ်။ကြက်သားမှာ နေ့စဉ် လိုအပ်တဲ့ ဗီတာမင်-B6 ပမာဏ 40-50% ခန့်ပါဝင်ပါတယ်။ ကြက်ရိုးကို ပွက်ပွက်ဆူအောင်ပြုတ်ထားတဲ့ ကြက်ရိုးပြုတ်ရည်ဟာလဲ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အူမှာအနာဖြစ်ပါက အနာကျက်မြန်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းစေပေါသည်။

၁၄။နေကြာစေ့ (Sunflower Seeds)

နေကြာစေ့မှာ ဖော့စဖောရပ်၊ ဗီတာမင်-E မက်ဂနီစီယမ် နဲ့ ဗီတာမင်-B6 တို့ပါဝင်ပါတယ်။ နေကြာစေ့ကဲ့သို့ ဗီတာမင်-E ပါဝင်သော အစားအစာမှာ ထောပတ်သီးနှင့် အစိမ်းရင့်ရောင် အရွက်များဖြစ်ပါတယ်။

၁၅။အခွံမာ ရေသတ္တဝါများ (Shellfish)

အခွံမာ ရေနေသတ္တဝါများသည် ခုခံအားစနစ်ကောင်းစေသည့်အပြင် ဇင့်ဓာတ်လဲပါဝင်ပါသည်။ စားပေးသင့်သည် အခွံမာ ရေသတ္တဝါများမှာ ဥပမာ- ဂဏန်း၊ ဂုံး၊ ကျောက်ပုစွန်၊ ယောက်သွားတို့ဖြစ်ပါသည်။

(healthline-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ