×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ကမ္ဘာပေါ်မှာ အစပ်အများဆုံးစားသောနိုင်ငံများ
January 17, 2020 | by Your Fitness

ကမ္ဘာပေါ်မှာ အစပ်အများဆုံးစားသောနိုင်ငံများ

အစပ်ကြိုက်သူများ နဲ့ အစပ်ကြိုက်တဲ့ ချစ်ချစ်နဲ့အတူ အရသာရှိတဲ့ အစပ်ဟင်းပွဲတွေ မြည်းစမ်းရင်း နိုင်ငံရပ်ခြားခရီးထွက်ဖို့စီစဉ်ထားရင် ဘယ်နိုင်ငံဟာ ငရုတ်သီးပါတဲ့ ဟင်းလျာတွေ၊ ဟင်းပွဲတွေ အများဆုံးစားလေ့ရှိလဲဆိုတာ ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။ ဘယ်နိုင်ငံကအများဆုံးဖြစ်မယ်လို့ထင်လဲဆို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ပြေးမြင်မိ မှာပါ။

၁။အိန္ဒိယနိုင်ငံ
တကယ်တော့ အစပ်တွေအများဆုံးစားတာ အိန္ဒိယနိုင်ငံပါ။သီရိလင်္ကာနိုင်ငံ နဲ့ယှဉ်လို့ရပေမယ့် နောက်ဆုံးမှာ အိန္ဒိယကပဲ အနိုင်ရလေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ အစပ်ဆုံးလို့ခေါ်နိုင်တဲ့ ငရုပ်သီးနဲ့ ချက်ထားတဲ့ Phaal curry လို့ခေါ်တဲ့ဟင်းလျှာကို အိန္ဒိယမှာ ရနိုင်ပါတယ်။ အင်္ဂလန်ရောက်မြန်မာတွေအတွက် ဘာမင်ဂန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်စားသောက်ဆိုင်တွေမှာ မှာစားကြည့်လို့ရ ပါတယ်။ အိန္ဒိယရဲ့ အခြားနာမည်ကြီးတဲ့ အစပ်ဟင်းတွေကတော့pork vindaloo, kozhi curry, chili beef, Bhut Jolokia curries and chutneys, chicken 65, Kolhapur chicken, Madras curry နဲ့ Andhra chili chicken.တို့ဖြစ်ကြပါတယ်။

၂။သီရိလင်္ကာ

သီရိလင်္ကာနိုင်ငံဟာ အစပ်အများဆုံးစားတဲ့ စာရင်းထဲမှာ ဟိုးယခင်ကတည်းက နေရာယူထားပါတယ်။ သူတို့ဟာ အစားအစာတွေကို ရိုးရိုး၊ ပုံမှန် နဲ့ အစပ်ဆိုပြီး ခွဲထားလေ့ရှိပါတယ်။ သူတို့ရဲ့ အစပ်ဆုံးအစားအစာက Kottu rotti ဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ လမ်းဘေးဆိုင်တွေမှာ ရနိုင်တဲ့ Street Food တစ်မျိုးဖြစ်ပါတယ်။ ဂျုံ၊ အသား၊ အသီးအရွက်များနှင့် ရောစပ်ပြုလုပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ မှာစားတဲ့သူတွေဟာများသောအားဖြင့် အစပ်လျော့ခိုင်းလေ့ရှိကြပြီး သဘာဝအတိုင်းဆိုရင်တော့ အတော်လေးကိုစပ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရဲ့ မြို.အတော်များမှာ အစပ်ပါဝင်တဲ့ အစားအစာတွေ ရရှိနိုင်ပြီး နောက်နာမည်ကြီးတဲ့ ဟင်းပွဲကတော့ Kukul Mas curry လို့ အမည်ရပါတယ်။

၃။မက်စီကို

မက်စီကန်လူမျိုးတွေဟာ အစပ်မပါတဲ့ ဟင်းလျှာဟာ စားမကောင်းဘူးလို့ ထင်ကြပါတယ်။ သူတို့ဟာ အိမ်တိုင်းမှာ ငရုပ်ပင်အမျိုးမျိုးကို စိုက်ပျိုးထားလေ့ရှိကြပါတယ်။ အစပ်ပါဝင်တဲ့ ဟင်းလျှာတွေ စားသုံးချင်ရင်တော့ မက်က်စီကန်နိုင်ငံဟာလည်း ရှေ.ပြေးနေလို့ သွားစမ်းကြည့်သင့်ပါတယ်။ အစပ်ကို ဘယ်အတိုင်းအတာနဲ့ စားချင်တယ်ဆိုတာ စမ်းချင်ရင်တော့Mexican tacos(အသား၊ ဟင်းသီးဟင်းရွက်၊ မဆလာနဲ့ပြုလုပ်ထားတဲ့ဟင်းပွဲ) နဲ့ စတင်စမ်းစားနိုင်ပါတယ်။

၄။တရုတ်နိုင်ငံ

တရုတ်ပြည် နေရာအနှံမှာ စပ်တဲ့အစားအစာတွေ ရနိုင်တဲ့ဆိုပေမယ့် ဟူနန်၊ ယူနန်၊ Guizhou မြို့တွေဟာ အစပ်အများဆုံးစားတဲ့ ထိပ်ဆုံးမြို.တွေဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ဘယ်မြို.က အစပ်ဆုံးဟင်းလျှာတွေစားလဲဆိုတာ နှုန်းထားအလိုက် မှတ်သားထားပါသတဲ့။ အကုန်လုံးအမျိုးအမည်စာရင်းမဟုတ်ပေမယ့် အစပ်ဆုံးအစာအစာတွေကတော့dan dan noodles, Ma po tofu, saliva chicken, gan guo and Hunan spicy beef တို့ဖြစ်ပါတယ်။

၅။ထိုင်းနိုင်ငံ

အစပ်အများဆုံးစားတဲ့ နိုင်ငံတွေထဲမှာတော့ ထိုင်းကို လျော့တွက်လို့မရပါဘူး။ သူတို့ရဲ့ နာမည်ကြီး အစပ်ဟင်းလျှာကတော့ nuea phat phrik ဖြစ်ပြီး စားလိုက်တဲ့အခါ ကိုယ့်နောက်ကို မီးတောင်လိုက်နေသလိုမျိုးခံစားရတယ်လို့ ဆိုပါတယ်။ စားကြည့်ကြပါ 😛 …အခြား နာမည်ကြီးတဲ့ အစပ်ထိုင်းဟင်းပွဲတွေကတော့ Khao Pad Nam Prik Narok, Pad Ka Prao, Tom Yum Kung, Laab and Tom Klong Pla Grabတို့ဖြစ်ပါတယ်။

၆။တူနီရှားနိုင်ငံ

ကမ်းရိုးတန်းနိုင်ငံတွေဟာ အစပ်တွေအတော်များများစားကြတယ်လို့ ဆိုရမလိုပါပဲ ..တူနီးရှားနိုင်ငံဟာ အစပ်အများဆုံးစားတဲ့ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ အစပ်များစွာပါဝင်တဲ့ စားကောင်းသောက်ဖွယ်တွေကို တူနီးရှားမှာ တွေ.မြင်ရမှာပါ။ Harissa နဲ့ ojja လို့အမည်ရတဲ့ ဟင်းပွဲတွေကတော့ နာမည်ကြီးပါပဲ။ အစပ်လယ်ဗယ် အနေအထားကို ရွေးချယ်နိုင်ပေမယ့် အများစုကတော့ အလွန်အကျွံစပ်တာကိုပဲ ရွေးချယ်စားသုံးတယ်လို့ ဆိုပါတယ်။ သူတို့နိုင်ငံက အစားအစာတွေအပြင် အခြားနိုင်ငံအစားအစာတွေကို လဲ အစပ်ထည့်ကာ အထူးပြု စားသုံးကြပါတယ်။

၇။မလေးရှားနိုင်ငံ

မလေး လူမျိုးတွေဟာလဲ အစပ်အရမ်းစားတဲ့ လူတွေလို့သိရပါတယ်။ နာမည်ကြီး ဟင်းပွဲကတော့ Otak-otak လို့အမည်ရပါတယ်။ အစပ်အများဆုံးအနေအထားနဲ့ ပြင်ဆင်ထားတဲ့ဒီလို ဟင်းပွဲတွေကိုသာ အရသာတွေ.လေ့ရှိပြီး roti canai နဲ့ chili sesame prawns ဟာလဲ နာမည်ကြီးပါတယ်။

၈။အီသီယိုးပီးယား

အာဖရိကရဲ့ အီသီယိုးပီးယားနိုင်ငံဟာ အစပ်များစွာစားသုံးတဲ့ထဲမှာ ပါဝင်ပါတယ်။ အစပ်နဲ့ ပတ်သက်ရင် သူတို့လူမျိုးတွေဟာ စားနိုင်သလောက်ထိ အပူအစပ်ဆုံး စားသုံးကြပါတယ်။ Sik sik wat လို့အမည်ရတဲ့ ဟင်းပွဲကတော့ သူတို့လူမျိုးတွေ အကြိုက်ဆုံးဖြစ်ပါတယ်။

၉။ဘူတန်နိုင်ငံ

ဘူတန်ရဲ့ အစားအစာတွေ ပူစပ်တာကတော့ တကယ်စားကြည့်မှ ဟာသလုပ်လို့မရဘူးဆိုတာ သိရမှာပါ။ အိန္ဒိယနဲ့ နယ်နမိတ်ထိစပ်နေတဲ့ နိုင်ငံဖြစ်တာကြောင့်လဲ အရည်အသွေးပြည့်မီတဲ့ အစပ်ဟင်းလျှာတွေရရှိတာ ငြင်းဖွယ်တော့မရှိပါဘူး။သူတို့လူမျိုးတွေဟာ ငရုပ်သီးကို စပ်တဲ့အရာလို့ကို မထင်ဘဲ အသီးအရွက်တစ်မျိုးအဖြစ်သာ ထင်ပါတယ်လို့ဆိုပါတယ်။ ဘူတန်တွေရဲ့ema datshi ဟင်းပွဲကို မြည်းစမ်းရဲရင်တော့ သင်ဟာ သတ္တိအရှိဆုံးအလုပ်ကို လုပ်ခဲ့တာလို့ တင်စားဆိုပါတယ်။

၁၀။ဂျမေကာ
အစပ်တွေမြည်းစမ်းကြည့်ဖို့ အခြားနိုင်ငံတွေ အလည်သွားတော့မယ်ဆို ဂျမေကာနိုင်ငံကိုလဲ မေ့မထားသင့်ပါဘူး။ ဂျမေကာ လူမျိုးများဟာ များသောအားဖြင့် အစပ်များတဲ့ ဟင်းပွဲတွေကိုသာ စားသုံးလေ့ရှိကြပါတယ်။ jerk chicken လို့အမည်ရတဲ့ စားပွဲကတော့ သူတို့နိုင်ငံရဲ့ ငရုပ်သီးအများဆုံးထည့်သုံးထားတဲ့ ဟင်းလျှာဖြစ်ပါတယ်။ အရမ်းစပ်လွန်းလို့အပူသက်သာအောင် အုန်းရည်နဲ့ တွဲဖက်ပြီး စားသုံးစေတယ်လို့ဆိုပါတယ်။ အစပ်တော့စားပါတယ်။ ဒါပေမယ့် သာသာယာယာပေါ့။

(euspecialties-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ