×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
အမျိုးသမီးနှင့်ကိုယ်၀န်ဆောင်ခြင်း
June 4, 2020 | by Your Fitness

အမျိုးသမီးနှင့်ကိုယ်၀န်ဆောင်ခြင်း

ကိုယ်၀န်ဆောင်ခြင်းဆိုသည်မှာအမျိုးသား၏သုတ်ပိုးနှင့်အမျိုးသမီး၏မမျိုးဥတို့ပေါင်းစပ်ထိတွေ့သည့်အချိန်(ကျန်းမာသန်စွမ်းသောသုတ်ကောင်နှင့် သန္ဓေအောင်နိုင်သောမမျိုးဥဖြစ်ရပါမည်)အောင်မြင်စွာသန္ဓေတည်ခြင်းဖြစ်ပါသည်။ ပုံမှန်အားဖြင့်ကိုယ်၀န်ဆောင်ချိန်သည် ရက်သတ္တပတ် (၄၀) ကြာမြင့်ပြီး ကိုယ်၀န်ဆောင်စဉ်ကာလတွင်မိခင်လောင်းတစ်ဦးကြုံတွေ့ရသည့်အခက်အခဲများနှင့်စိတ်ခံစားမှုများကို YourFitster မှဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်၀န်ရှိနေပြီဆိုတာဘယ်လိုသိနိုင်သလဲ?

ကိုယ်၀န်ရှိမရှိစစ်ဆေးသည့်ကိရိယာဖြင့် မစစ်ဆေးမီကပင် ဟော်မုန်းလယ်ဗယ်ပြောင်းလဲခြင်းကြောင့် မိမိတွင် ကိုယ်၀န်ရှိနေပြီလားဆိုတာ အောက်ပါအချက်များအားဖြင့် အလွယ်တကူသတိထားမိနိုင်ပါသည်။
(YourFitster မှတင်ဆက်သည်)
.
၁။ရာသီမလာခြင်း

ရာသီမလာတာဟာ ကိုယ်၀န်ရှိခြင်းရဲ့အစောဆုံးလက္ခဏာဆိုရင်လဲ များသောအားဖြင့်မမှားပါဘူး။ (တချို့မိန်းမငယ်လေးများ ရာသီချိန် ပုံမှန်မဟုတ်ခြင်းနှင့် ရာသီလာချိန်အစောပိုင်းကာလမှာ ဖြစ်တတ်တဲ့ ရာသီထိန်ခြင်းမျိုးကို မဆိုလိုပါ)
.

၂။ခေါင်းကိုက်ခြင်း

ကိုယ်၀န်ဆောင်သူတိုင်းမှာဖြစ်တတ်တာကေတော့ ခေါင်းကိုက်ခြင်းပါ။ သွေးဖိအားတက်လာခြင်း၊ ဟော်မုန်းလယ်ဗယ်ပြောင်းလဲခြင်းကြောင့် ခေါင်းကိုက်ခေါင်းခဲ ဖြစ်တတ်ပါသည်၊ အဆက်မပြတ်ခေါင်းကိုက်တာမျိုးဆိုလျှင် ဆရာ၀န်နှင့်တိုင်ပင်သင့်ပါသည်။
.

၃။ရာသီလာစဉ်ကလိုအစက်အပြောက်အစွန်းအထင်းအနည်းငယ်ဖြစ်ပေါ်ခြင်း

တချို့အမျိုးသမီးတွေမှာ ဖြစ်ပြီး တချို့ကဒီအဆင့်ကို မသိလိုက်ကြပါဘူး။ အစွန်းအထင်းဖြစ်တတ်တဲ့အမျိုးသမီးတိုင်းဟာလဲ အရောင်မတူနိုင်ပါဘူး။ (ပန်းရောင်၊ အညိုရောင်၊ အနီရင့်ရောင်စသဖြင့်ရှိတတ်ပါတယ်)။သန္ဓေသားဟာ သားအိမ်နံရံမှာအောင်မြင်စွာတွယ်ကပ်တဲ့အခါ ဖြစ်လေ့ရှိပါတယ်။ ဒီအဆင့်ဟာ သုတ်ကောင်နှင့် မမျိုးဥတို့ပေါင်းစပ်သန္ဓေတည်ပြီး (၂)ပတ်အကြာတွင်ဖြစ်လေ့ရှိ
ပါသည်။ ရာသီသွေးအရမ်းဆင်းနေတာမျိုးဆိုရင်တော့ ကိုယ်၀န်ကို ထိခိုက်နိုင်သဖြင့် (ကိုယ်၀န်ပျက်ကျခြင်း၊ ectopic pregnancy-ပုံမှန်မဟုတ်ဘဲ သားအိမ်အပြင်တွင်သန္ဓေသားတွယ်ကပ်ခြင်း)ဖြစ်နိုင်သောကြောင့် ဆရာ၀န်နှင့်လျှင်မြန်စွာပြသသင့်ပါသည်။
.

၄။၀ိတ်တက်လာခြင်း

ကိုယ်၀န်ရှိပြီးပထမလအနည်းငယ်မှာပင် ၁ပေါင်မှ ၄ပေါင်ထိတက်လာနိုင်ပါသည်။ ဒီအဆင့်ဟာနောက်လတွေအတွက် ၀ိတ်တက်ခြင်းကို အစပျိုးလိုက်တာပါပဲ။
.

၅။သွေးတိုးခြင်း

သွေးဖိအားမြင့်တက်လာခြင်းကြောင့် သွေးတိုးခြင်းလက္ခဏာဟာကိုယ်၀န်သည်တွေမှာဖြစ်တတ်ကြပါတယ်။ အ၀လွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မျိုးရိုးလိုက်ခြင်းတို့ကြောင့်လဲ သွေးတိုးတတ်ပါသည်။
.

၆။အက်စစ်ပြန်တတ်ခြင်း

အစာအိမ်နှင့်လည်မျိုကိုဆက်သွယ်ပေးသောအစာပြွန်အစို့ရှင်သည်ကိုယ်၀န်ဆောင်စဉ် ဟော်မုန်းလယ်ဗယ်ကြောင့်အားနည်းပြီး အစာအိမ်တွင်းရှိအက်စစ်များအပေါ်သို့ဆန်တက်လာခြင်းဖြစ်တတ်ပါသည်။
.

၇။၀မ်းချုပ်ခြင်း
ကိုယ်၀န်ဆောင်စဉ်အစောပိုင်းကာလ၌ အစာခြေစနစ်နှေးကွေးတတ်ပြီး ၀မ်းချုပ်ခြင်းဖြစ်တတ်ပါသည်။
.

၈။မအီမသာကိုက်ခဲခြင်း
သားအိမ်ကြွက်သားများသည် သန္ဓေသားကြီးထွားလာခြင်းကြောင့် ဆွဲဆန့်သကဲ့သို့ဖြစ်ပြီး မိခင်လောင်းတွင် မအီမသာဗိုက်ကိုက်ခဲခြင်းဖြစ်တတ်ပါသည်။
.

၉။ကျောနာခြင်း၊ အောင့်ခြင်း
ကိုယ်၀န်ဆောင်စဉ်စိတ်ဖိစီးမှုကြောင့် အစောပိုင်းကာလမှာကျောနာခြင်းဖြစ်တတ်ပါတယ်။ ကိုယ်၀န်ရင့်လာပြီး ၀ိတ်တက်လာချိန်မှာလဲ ကိုယ်၀န်ဆောင်သူတိုင်းရဲ့ ၅၀% ဟာ ကျောနာခြင်းဝေဒနာကိုခံစားရတတ်ပါတယ်။
.

၁၀။သွေးဉနီလုံလောက်စွာမရှိခြင်း၊ သံဓာတ်အားနည်းခြင်း

ခေါင်းမူးခြင်း ခေါင်းကိုက်ခြင်းစသောလက္ခဏာတို့သည် ကိုယ်၀န်သည်များတွင် များသောအားဖြင့်ဖြစ်တတ်ပါသည်။ Anemia ဟုခေါ်သော သွေးနီဉနည်းခြင်းသည် ခန္ဓာကိုယ်တွင်းရှိတစ်ရူးများသို့ အောက်ဆီဂျင်လုံလောက်စွာမရသောအခါ ဖြစ်တတ်ပါသည်။ တနည်းအားဖြင့်သံဓာတ်အားနည်းခြင်းဖြစ်ပါသည်။
.

၁၁။စိတ်ဓာတ်ကျခြင်း

ကိုယ်၀န်ဆောင်စဉ်တွင် စိတ်ခံစားမှုပြောင်းလဲခြင်းကြောင့်လည်းကောင်း၊ ဟော်မုန်းအပြောင်းအလဲကြောင့်လည်းကောင်း စိတ်ဓာတ်ကျခြင်းကို ကိုယ်၀န်သည်များ ခံစားရလေ့ရှိပါသည်။ ၁၄% မှ ၂၃% သောကိုယ်၀န်သည်များဖြစ်တတ်လေ့ရှိပြီး အမြဲလိုလို စိတ်ဓာတ်ကျနေသလိုခံစားနေရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။
.

၁၂။အိပ်၍မပျော်ခြင်း

ကိုယ်ဝန်ဆောင်အစောပိုင်းကာလတွင် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲခြင်းကြောင့် သက်တောင့်သက်သာမဖြစ်ခြင်း စိတ်ဖိစီးခြင်းကြောင့် ညအိပ်မပျောခြင်း၊ မနက်စောစီးစွာနိုးပြီး ပြန်အိပ်၍မရခြင်းများဖြစ်တတ်ပါသည်။ အစာအာဟာရ မျှတစွာစားသုံးပြီး ယောဂကျင့်ခြင်းပြုလုပ်ပေးသင့်ပါသည်။
.

၁၃။ရင်သားပြောင်းလဲမှုဖြစ်ခြင်း

ရင်သားနာခြင်း၊ ကြီးလာခြင်း၊ တင်းလာခြင်းလက္ခဏာများသည် ကိုယ်၀န်စရှိရှိချင်းအချိန်ကပင် ခံစားရသော အစောဆုံးလက္ခဏာဖြစ်ပါသည်။ နို့သီးခေါင်းကြီးလာခြင်း၊ထိပ်ပိုင်းတဝိုက်မည်းလာခြင်း၊ အထိမခံနိုင်ခြင်း စသည်တို့ပါခံစားရတတ်ပါသည်။
.

၁၄။ဝက်ခြံ

များသောအားဖြင့်ကိုယ်၀န်သည်အများစုတွင် အသားအရေအဆီပြန်ပြီး ၀က်ခြံထွက်ခြင်းမျိုးပါကြုံရတတ်ပါသည်။ ခဏတာဖြစ်ပြီး ကလေးမီးဖွားပြီးလျှင် ပျောက်ကင်းနိုင်ပါသည်။
.

၁၅။ပျို့အန်ခြင်း

ကိုယ်၀န်ရှိပြီးပထမ (၄)လအထိ မနက်ပိုင်းတွင် ပျို.အန်တတ်ကြပါသည်။ ကိုယ်ဝန်စစ်သည့်ကိရိယာဖြင့် မစစ်ဆေးဖြစ်ပါက ပျို့အန်ခြင်းဖြင့်လည်း မိမိကိုယ်၀န်ရှိမရှိကို သိနိုင်ပါသည်။
.

၁၆။တင်ပါးနာခြင်း

ကိုယ်ဟန်အနေအထားပြောင်းလာခြင်း၊ သားအိမ်ကြီးလားခြင်း၊ တင်ပါးဆုံအရွတ်နာခြင်း သည် ကိုယ်၀န်ရင့်လာသည်နှင့်အမျှ တင်ပါးတစ်ဝိုက်နာကျင်ခြင်းကို ကိုယ်ဝန်သည်တိုင်းခံစားရပါသည်။
.

၁၇။ဝမ်းလျောခြင်း

အစာမကြေခြင်းနှင့် ဝမ်းလျောခြင်းသည် ကိုယ်၀န်ဆောင်ချိန်တွင်မကြာခဏဖြစ်လေ့ရှိပါသည်။ သင့်တင့်မျှတစွာ စနစ်တကျစားသုံးရန်လိုပါသည်။
.

၁၈။ပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်း

ကိုယ်၀န်ဆောင်ခြင်းဆိုတာ ပျော်ရွှင်ခြင်းနှင့်အတူ စိတ်ဖိစီးမှုခံစားရတဲ့ကာလအပိုင်းအခြားလည်းဖြစ်ပါတယ်။ ရင်သွေးလေးဟာ ခန္ဓာကိုယ်အဆင့်ဆင့်ပြောင်းလဲလာခြင်းရဲ့ စိန်ခေါ်မှုဖြစ်သလို ခင်ပွန်းသည်အပေါ်မှာပါ အလိုမကျခြင်းစိတ်ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။
.

ကိုယ်၀န်ဆာင်စဉ်မှာမိခင်လောင်းများအားလုံးနေထိုင်ကောင်းပြီး ကျန်းမာသန်စွမ်းတဲ့ရင်သွေးလေးများကို လွယ်ကူစွာမွေးဖွားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်…

(healthline-comမှ Article အား Yourfitster Team မှဆီလျော်အောင်ဘာသာပြန်သည်)

(YourFitster Team)

ဒီပို့စ်လေးကိုသူငယ်ချင်းတွေအတွက် Like & Share လုပ်ပေးလိုက်ပါအုံးနော်

Sharing is Caring 

သက်ဆိုင်သော ဆောင်းပါးများ