- ဆောင်းပါးများ
- ခရမ်းချဉ်သီးအကြောင်း သိကောင်းစရာ
ခရမ်းချဉ်သီးအကြောင်း သိကောင်းစရာ
ခရမ်းချဉ်သီးအကြောင်း သိကောင်းစရာ
နေ့စဉ်ဟင်းလျှာတွေမှာ မပါမဖြစ်စားသုံးလေ့ရှိတဲ့ ခရမ်းချဉ်သီးဟာ ဘယ်လောက်အကျိုးကျေးဇူးတွေ ပေးနိုင်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ ခရမ်းချဉ်သီးရဲ့ မူလရင်းမြစ်ဟာ တောင်အမေရိကမှ အရိုင်းသီးအဖြစ်စတင်တွေ့ရှိခဲ့ပြီး ၁၆ ရာစုတွင် Europe နိုင်ငံများသို့ မိတ်ဆက်ရာမှ စပိန်လူမျိုးများပါစားသုံးလာကြသည်။ အီတလီလူမျိုးများက ခရမ်းချဉ်သီးကို ရွှေရောင်ပန်းသီး (Golden Apple) ဟုတင်စားခေါ်ဆိုကြသည်။ Europe နိုင်ငံများသို့ စတင်မိတ်ဆက်သည့်အချိန်က ခရမ်းချဉ်သီးမှာ အဝါရောင်ဖြစ်သောကြောင့်ဖြစ်သည်။ ပြင်သစ်လူမျိုးများက ချစ်ဖို့ကောင်းတဲ့ ပန်းသီး (love apple) ဟုလည်းခေါ်ဆိုကြသည်။ ခရမ်းချဉ်သီးကို Europe နိုင်ငံများမှတစ်ဆင့် မြောက်အမေရိကသို့ ပျံ.နှံ.ခဲ့ပြီး ၂၀ရာစုအစောပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့်လူသိခြင်းမရှိခဲ့ပေ။ ၂၀ရာစုနောက်ပိုင်းမှသာ လူသိများလာခဲ့ပြီး ကမ္ဘာအဝှမ်းတွင် သုံးစွဲလာခြင်းဖြစ်သည်။
ခရမ်းချဉ်သီးသည် ဇီဝဗေဒသဘောအရ အသီးအုပ်စုတွင် ပါဝင်သော်လည်း ၎င်းကို အသီးအရွက်အဖြစ်ပြင်ဆင်စားသုံးကြသည်။ အာဟာရဓာတ်များစွာပါဝင်သော ခရမ်းချဉ်သီးသည် ကျန်းမာရေးအကျိုးကျေးဇူး များစွာရှိပြီး နှလုံးရောဂါနှင့် ကင်ဆာရောဂါများကိုပင် လျော့ချပေးသည်။ ရင့်မှည့်ချိန်တွင် အနီရောင်အဖြစ် တွေ.ရှိရသော ခရမ်းချဉ်သီးသည် တကယ်တမ်း တွင် အရောင်အမျိုးမျိုးရှိပါသည်။ အဝါရောင်၊ လိမ္မော်ရောင်၊ အစိမ်းရောင် နှင့် ခရမ်းရောင်တို့ ဖြစ်ကြသည်။
ခရမ်းချဉ်သီးတွင် ရေဓာတ် ၉၅% ပါဝင်ပြီး ဖိုက်ဘာ နှင့် ကာဗွန်ဟိုက်ဒရိတ် ၅% ပါဝင်ပါသည်။ (၁၀၀) ဂရမ် အရွယ်အစားရှိသော ခရမ်းချဉ်သီး တစ်လုံးတွင် အောက်ပါ အာဟာရဓာတ်များ အသေးစိတ်အနေဖြင့်ပါဝင်ပါသည်။
. ကယ်လိုရီ-၁၈
.ရေဓာတ်-၉၅%
.ပရိုတင်းဓာတ်-ဝ.၉ ဂရမ်
.ကာဗွန်ဟိုက်ဒရိတ်-၃.၉ ဂရမ်
.သကြား-၂.၆ ဂရမ်
.ဖိုက်ဘာ-၁.၂ ဂရမ်
.အဆီ-ဝ.၂ ဂရမ် တို့ဖြစ်သည်။
ဗီတာမင်နှင့် အခြားသတ္တုဓာတ်များအနေဖြင့်
ဗီတာမင်-C
နေ့စဉ်လိုအပ်သော ဗီတာမင်-C ပမာဏ ၂၈%ကို အရွယ်တော် ခရမ်းချဉ်သီးတစ်လုံးစားခြင်းဖြင့် လုံလောက်စေသည်။
ပိုတက်စီယမ်
သွေးဖိအားအတွက်ကောင်းမွန်ခြင်း နှင့်နှလုံးရောဂါများဖြစ်ပွားခြင်းမှပိုတက်စီယမ်က ကာကွယ်ပေးနိုင်သည်။
ဗီတာမင်-K1
အရိုးကျန်းမာရေးအတွက်အထောက်အကူပေးသည်။
ဗီတာမင်-B9
ဖောလစ်အက်စစ် (သို့) ဗီတာမင်-B9သည် ဆဲလ်များ ကြီးထွားရန်အတွက် အရေးပါပြီး အထူးသဖြင့် ကိုယ်ဝန်သည်များအတွက် မရှိမဖြစ်အထောက်အပံ့ပေးသော ဗီတာမင်ဓာတ်ဖြစ်သည်။
(healthline-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3