×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ကန်စွန်းဥကို အလွယ်တကူ လုပ်စားလို့ရမယ့် နည်းလမ်းတွေ
August 6, 2019 | by Your Fitster Team

ကန်စွန်းဥကို အလွယ်တကူလုပ်စားလို့ရမယ့် နည်းလမ်းတွေ

ကန်စွန်းဥသည် အာဟာရဓာတ်ပြည့်ဝပြီး အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B, C နဲ့ ကယ်လစီယမ်ဓာတ်တို့ အဓိက ပါဝင်ပြီး ကန်စွန်းဥစားခြင်းဖြင့် ကင်ဆာဖြစ်ပွားခြင်းအား လျော့နည်းစေခြင်း၊ ဝမ်းမှနခြင်း၊ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးသဖြင့် ဆီးချို ရောဂါဖြစ်ပွားခြင်းကို လျော့ချပေးခြင်း၊ကိုယ်အလေးချိန်ထိန်းသော Diet သမားများ စားသုံးနိုင်ခြင်း စသဖြင့် များစွာသော အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။ကန်စွန်းဥဆိုရင် ကိုယ်တွေအများစုက ပြုတ်စားတာတို့ ပေါင်းစားတာတို့ပဲ ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ ကန်စွန်းဥကို အောက်ပါအတိုင်း နည်းအမျိုးမျိုးနဲ့ စားသုံးလို့ ရတယ်ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ Oven ထဲထည့်ကင်ခြင်း
အာလူးချောင်းကင်သလိုပါပဲ..ကန်စွန်းဥကို အချောင်းလေးများပြုလုပ်ပြီး Olive Oil (သံလွင်ဆီ) နည်းနည်းထည့်ပါ။ Oven ထဲမှာ ၃၅၀ ိ အပူချိန်လောက်နဲ့ ၁၅ မိနစ်ခန့် ထားပြီးရင်တော့ အညိုရောင်သန်းနေတဲစားချင်စဖွယ် Crispy ကန်စွန်းဥချောင်းလေးများ ရရှိလာမှာပါ။

၂။ချက်စားခြင်း
ကန်စွန်းဥကို အတုံးလေးများပြုလုပ်ပြီး ချက်ပြုတ်စားလို့ရပါတယ်။ အရံဟင်း အနေနဲ့စားသုံးမယ်ဆိုရင် အချိုကြိုက်တဲ့ သွားလေးတွေ ကျေနပ်မှု ရစေမှာပါ။

၃။ Sandwiches ထဲထည့်စားခြင်း
ကန်စွန်းဥကို အချောင်းသေးများပြုလုပ်ပြီး အသင့်အတင့်ကျက်ရုံပေါင်းပါ။ ပြီးရင်တော့ ခရမ်းချဉ်သီးအစားထိုးအနေနဲ့ Sandwich (သို့) Wrap တို့ထဲမှာ ထည့််စားလို့ရပါတယ်။

၄။ Pancakes (ပန်ကိတ်) လုပ်စားခြင်း
ကန်စွန်းဥ ပန်ကိတ်နဲ့ Breakfast စားရမယ်ဆိုရင်တော့ စားမြိန်မှာ အမှန်ပါပဲ။ Apple-Walnut လေးကို ပန်ကိတ်ပေါ်မှာ ထည့်စားမယ်ဆိုရင်တော့ Breakfast တိုင်းဟာ သာသာယာယာဖြစ်နေမှာပါ။

၅။ဆလတ်ထဲ ထည့်စားခြင်း
အာလူးပြုတ်ကို အတုံးလေးများပြုလုပ်ပြီး ဆလတ်ထဲ ထည့်စား၍ရသလို ကန်စွန်းဥကိုလဲ နည်းတူ ပြုလုပ်၍ အရသာရှိသော ဆလတ်လုပ်စားနိုင်ပါသည်။

၆။ Grill (ကင်စားမယ်)
ကန်စွန်းဥကို လက်မဝက်လောက်အထူလှီးကာ ကင်စားနိုင်ပါသည်။ Barbecue လုပ်စားတဲ့အခါ ကန်စွန်းဥကို မမေ့ပဲ ထည့်ကင်ကြည့်ပါနော်။

၇။ Juice (သို့) Soup လုပ်စားနိုင်ခြင်း
ခရမ်းချဉ်သီး၊ အာလူး တို့ကို Soup/ Jucice လုပ်စားကြသလိုပဲ ကန်စွန်းဥကို သေချာကြိတ်ချေပြီး နည်းတူလုပ်စားလို့ရပါတယ်။

(fruitsandveggies-orgမှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေး နှင့် အလှအပနဲ့ ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ