- ဆောင်းပါးများ
- ဆေးလိပ်သောက်ခြင်းနဲ့ သွားကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ?
ဆေးလိပ်သောက်ခြင်းနဲ့ သွားကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ?
ဆေးလိပ်သောက်ခြင်းက ဖြတ်ရခက်တဲ့ အကျင့်တစ်ခုအဖြစ် လူအများအပေါ် လွှမ်းမိုးနေတတ်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ သတိမမူမိနိုင်တဲ့ အခြေအနေအထိပါ ရောက်စေတတ်ပါတယ်။
“ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်သည်” ဆိုတဲ့ အဆိုကို လူတိုင်းသိထားကြသော်လည်း လူတော်တော်များများအနေနဲ့ ဖြတ်မရပဲ စွဲစွဲလမ်းလမ်း သောက်မိနေကြပါတယ်။ ဆေးလိပ်သောက်ခြင်းက ဖြတ်ရခက်တဲ့ အကျင့်တစ်ခုအဖြစ် လူအများအပေါ် လွှမ်းမိုးနေတတ်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ သတိမမူမိနိုင်တဲ့ အခြေအနေအထိပါ ရောက်စေတတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ကိုယ်ခန္ဓာကျန်းမာရေး အပြင် သွားကျန်းမာရေးအတွက်ပါ ဘယ်လိုတွေထိခိုက်စေနိုင်သလဲ ဆိုတာကို ဒီနေ့ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
(၁) သွားမျက်နှာပြင်များဝါညစ်လာခြင်း
ထင်ထင်ရှားရှားသိသာစေတဲ့အချက်ကတော့ ဆေးလိပ်သောက်ခြင်းကြောင့် သွားမျက်နှာြပင်များ တဖြည်းဖြည်း ဝါညစ်လာပြီး ခံတွင်းအနံအသက် မကောင်းခြင်းတို့ ဖြစ်ပါတယ်။ ဆေးလိပ်မှာ ပါဝင်တဲ့ ဆေးရွက်ကြီးထဲမှာပါတဲ့ နီကိုတင်းဓာတ်နှင့် Tar တို့က သွားမျက်နှာပြင်တို့ကို တဖြည်းဖြည်း အရောင်ပြောင်းစေတတ်ပြီး အချိန်ခဏလေးအတွင်းမှာပဲ အဝါရောင်ဖြစ်လာတတ်ပါတယ်။ ဆေးလိပ်မဖြတ်ပဲ နှစ်တော်တော်ကြာလာတဲ့အခါ အဝါရောင်ကနေ အညိုရောင်ဖြစ်လာတဲ့အထိ အကျည်းတန်လာစေပါတယ်။ စွဲစွဲမြဲမြဲ ဆေးလိပ်သောက်ခြင်းကြောင့် ခံတွင်းအနံ့အသက်လည်း သိသိသာသာ ဆိုးလာပြီး ဆေးလိပ်ကြောင့် ထုံလာတဲ့ လျှာတွေကြောင့် အရသာခံမရတော့တဲ့ထိ ဖြစ်တတ်ပါတယ်။
(၂) သွားဖုံးရောဂါများဖြစ်လွယ်ခြင်း
ဆေးလိပ်သောက်ခြင်းက ခန္ဓာကိုယ်ရဲ့ ခုခံအားကိုကျဆင်းစေတဲ့အတွက် ဆေးလိပ်သောက်ခြင်းကြောင့် သွားနဲ့သွားဖုံးကိုဝင်ရောက်လာတဲ့ ဘက်တီးရီးယားများကိုလည်း မတိုက်ထုတ်နိုင်တော့ပါ။ လေ့လာတွေ့ရှိချက်အရ သာမန်လူတွေထပ် ဆေးလိပ်သောက်သူတွေက သွားဖုံးနဲ့ပက်သတ်တဲ့ ရောဂါတွေ ပိုအဖြစ်များတတ်ပါတယ်။ သွားဖုံးယောင်ခြင်း၊ သွားဖုံးကနေ သွေးထွက်ခြင်း၊ အစားစားတဲ့အခါ သွားနဲ့သွားဖုံးက နာနေခြင်းတို့က သွားဖုံးနဲ့ပက်သတ်တဲ့ ရောဂါများပဲ ဖြစ်ပါတယ်။ နှစ်ရှည်လများ ဆေးလိပ်သောက်သူတွေအနေနဲ့ သွားဖုံးရောဂါမှတစ်ဆင့် မလိုအပ်ပဲ စောစောစီးစီး သွားများပျက်စီးဆုံးရှုံးစေတတ်ပါတယ်။
(၃) ခံတွင်းကင်ဆာဖြစ်နိုင်ခြင်း
သွားကျန်းမာရေးအတွက်အဆိုးဆုံး လက္ခဏာကတော့ ခံတွင်းကင်ဆာြဖစ်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဆေးလိပ်နဲ့ စီးကရက်တို့မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက ကင်ဆာဖြစ်ဖို့ တိုက်တွန်းနေတဲ့ အရာပဲဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ရခက်သူတွေအနေနဲ့ လုံးဝသတိထားရမယ့်အချက်ပဲ ဖြစ်ပါတယ်။ ခံတွင်းကင်ဆာဟာ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း စတဲ့နေရာအားလုံးမှာဖြစ်နဲ့နိုင်ပါတယ်။ ခတွင်းကင်စာရဲ့ လက္ခဏာတွေကတွေကတော့ ပါးစပ်ထဲမှာနာကျင်မှုမရှိ…အနာလဲမကျက်တဲ့…အနာတွေပေါက်လာမယ် ပါးစပ်ထဲမှာ အနီရောင် သို့မဟုတ် အဖြူရောင်အကွက်တွေပေါ်လာမယ် စတဲ့လက္ခဏာတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ခံတွင်းကင်ဆာ ဖြစ်လာပြီဆိုလျှင် ငွေကုန်ကြေးကျပိုများပြီး အခန့်မသင့်လျှင် အသက်ဆုံးရှုံးစေတတ်သည်အထိဖြစ်နိုင်ပါတယ်။ အသက်ရှည်ရှည်နဲ့ ကျန်းကျန်းမာမာ နေနိုင်ဖို့အတွက် သွားကျန်းမာရေးအတွက်အပြင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးအများအပြားရှိတဲ့ ဆေးလိပ်သောက်ခြင်းအလေ့အထကို တတ်နိုင်သမျှ ရှောင်ရှားဖို့ တိုက်တွန်းလိုက်ရပါတယ်။