- ဆောင်းပါးများ
- လှပတဲ့အသားအရေရရှိဖို့ လိုက်နာသင့်သည်များ
လှပတဲ့အသားအရေရရှိဖို့ လိုက်နာသင့်သည်များ
လှပတဲ့အသားအရေရရှိဖို့ လိုက်နာသင့်သည်များ
၁။ရွှေရောင်စည်းမျဉ်း
မိတ်ကပ်မဖျက်ဘဲ ဘယ်တော့မှ အိပ်ရာမဝင်ပါနဲ့။ ညအိပ်ချိန်မှာ အရေပြားဟာ အသက်ရူဖို့လိုပါတယ်။ မိတ်ကပ်တွေဖုံးအုပ်ထားတဲ့ သင့်အရေပြားဟာ ချွေးပေါက်ပိတ်ပြီး အမည်းစက်နဲ့ဝက်ခြံများ ဖြစ်တတ်ပါတယ်။ မိတ်ကပ်ဖျက်ဆေးနှင့်သုံးနိုင်သလို Olive Oil (သံလွင်ဆီ)ကိုအသုံးပြု၍လည်း ရပါသည်။ ကျန်းမာသန့်ရှင်းတဲ့ အသားအရေကိုရဖို့မျက်နှာသန့်စင်ဖို့ မိတ်ကပ်ဖျက်ဆေးသုံးဖို့လိုသလို Face Scrub/ Exfoliation ကိုလည်း တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် သုံးပေးရန်လိုပါသည်။
၂။နေရောင်ခြည် နဲ့ အရေပြား
အနည်းဆုံး SPF-15 ကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ရန် သုံးသင့်ပါသည်။ နေရောင်ခြည်သည် အရေးအကြောင်းများ၊ အစက်အပြောက်များ နှင့် အခြား အရေပြား ပြဿနာများ ဖြစ်တတ်ပါသည်။ ချွေးပေါက်ပိတ်စေသည့် ကုန်ပစ္စည်းမျိုးမှ ရှောင်ကြဉ်ရန် noncomedogenic’ သို့ ‘nonacnegenic’ ပါသော Sun Cream ကိုရွေးချယ်ဝယ်ယူပါ။နေမပူလို့ Suncreen မလိမ်းတော့ဘူးလို့ ဆင်ခြေမပေးပါနှင့်။ အထူးသဖြင့် တိမ်ထူထပ်နေခဲ့ရင်တောင် ကမ်းခြေတွေဘာတွေခရီးထွက်ခဲ့ရင် SPF-30 လောက်တော့ လိမ်းပေးသင့်ပါတယ်။
၃။သင်စားတဲ့ အစားအစာ
လတ်ဆတ်သော အသီးများ၊ ပရိုတင်း နှင့် ဗီတာမင် များစွာပါဝင်သော အစိမ်းရောင် အသီးအရွက်များကို စားပေးပါ။ တောက်ပြောင်နူးညံ့တဲ့ အသားအရေ ရရှိဖို့ သကြားစားခြင်းကို အတတ်နိုင်ဆုံး လျော့သင့်ပါတယ်။ အစပ်များတဲ့ အစားအစာတွေနဲ့ ငံသော အစားအစာများ၊ ဆီကြော်များ၊ ချဉ်လွန်းသော အသီးများ၊ ဆန်၊ ဂျုံ နှင့် ဂံျုဖြင့်ပြုလုပ်သောမုန့်များကို ရှောင်ကြဉ်သင့်တယ်လို့ အမေရိကန်စာရေးဆရာ Vasant Lad က Ayurvedic Home Remedies ဆိုတဲ့ စာအုပ်ထဲမှာ အကြံပြုထားပါတယ်။
၄။ချွေးထွက်ပါစေ
ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ ယောဂဆော့ခြင်း စသော လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။အရေပြားအတွက်သာမကပဲ သွေးလည်ပတ်မှုအားကောင်းစေရန်နှင့် ခန္ဓာကိုယ်ကျန်းမာစေရန်အထောက်အကူပေးပါသည်။ လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာ အသားအရေကြည်နေတာမျိုး သတိထားမိရင် သိသာပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးလျှင်လည်း Skin Care သုံးဖို့ မမေ့ပါနှင့်။
၅။လှပစွာအိပ်စက်ပါ
အိပ်ချိန်လုံလုံလောက်လောက်ရှိပါစေ။ သင့်ရဲ့ အိပ်ချိန်ဟာ တစ်ရက်မှာ (၈)နာရီ မရှိခဲ့ရင် သင်ဟာ ပင်ပန်းနွမ်းနယ်သလိုပဲ သင့်အသားအရေဟာလည်း ထိုနည်းလည်းကောင်းပဲဖြစ်ပါတယ်။ အိပ်ရေးမဝရင် မျက်အိတ်ထွက်ခြင်း၊ မျက်အိတ်ဖောင်းခြင်း စသဖြင့် အလှပျက်စေပါတယ်။ သဘာဝအတိုင်း ရရှိတဲ့ ပျားရည်ကို တစ်ပတ်လျှင် (၂) ကြိမ် (သို့) (၃)ကြိမ် မျက်နှာကို လိမ်းပေးသင့်ပါတယ်။ အိပ်ရာဝင်ခါနီးမျက်နှာသစ်တဲ့အခါ ရေနွေးကို မသုံးသင့်ပဲ ရေအေးဖြင့်သာ မျက်နှာသစ်သင့်ပါသည်။ အထူးသဖြင့် ခြောက်သွေ့သည့် အသားအရေ ပိုင်ရှင်များ ရေနွေးဖြင့် မျက်နှာသစ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။
၆။ရေဓာတ်ပြည့်ဝဖို့လို
မိမိကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေပါ။ နေ့စဉ် အများကြီးမသောက်နိုင်ရင်တောင် အနေတော် ဖန်ခွက် (၈)ခွက်ခန့် အနည်းဆုံးသောက်ပေးသင့်ပါတယ်။ ရေဓာတ်ပေါတဲ့ အသီးတွေဖြစ်သော ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ်သီး နှင့် သခွားမွှေးသီးတို့ကို စားပေးသင့်ပါသည်။
၇။ဝက်ခြံတွေကို Say Goodbye
နည်းနည်းနွေးတဲ့ရေကို အသုံးပြုပြီး တစ်ရက်မှာ (၃)ကြိမ်ခန့်မျက်နှာသစ်ပြီး မျက်နှာတဝိုက်ကို စက်ဝိုင်းပုံသဏ္ဍန်နှိပ်နယ်ပေးပါ။ သင်သုံးတဲ့ မျက်နှာသန့်ဆေးမှာ hydroxyl acid (သို့) beta hydroxyl acid ပါရင်တော့ ပိုကောင်းပါတယ်။ မျက်နှာမှာ ဝက်ခြံထွက်ချင်လို့ဖြစ်ဖြစ်၊ ချွေးပေါက်ပိတ်လို့ဖြစ်ဖြစ် ထွက်ချင်လာတဲ့ ဘုသေးသေးလေးတွေကို မဆိတ်မိပါစေနှင့်။အသားအရေ နီမြန်းခြင်း၊ ယောင်ရမ်းခြင်း ဖြစ်တတ်လို့ဖြစ်ပါတယ်။ ဒီတိုင်း လွှတ်ထားလိုက်တာက သင့်အလှကို မနှောက်ယှက်ပါဘူး။ ဝက်ခြံထွက်ချင်တဲ့ နေရာကို (rose water) (သို့) တိုနာ နဲ့သန့်စင်ပြီး လက်ဖက်ခြောက်ထုပ်(သုံးပြီးသားreadymade တစ်ခါသုံး tea bag) ဖြင့် (၁၀)မိနစ်ခန့်ကပ်ပေးပါ။ သင်ဟာ မျက်ကပ်မှန်မသုံးဘဲ မျက်မှန်တပ်တတ်တဲ့ သူဆိုရင် မျက်ဝန်းတဝိုက်နဲ့ နှာခေါင်းနေရာတွေကို ဦးစားပေးပြီး ချွေးပေါက်မပိတ်ဖို့ ပိုမိုသန့်စင်ပေးသင့်ပါတယ်။
၈။နေ့တိုင်း Spa သွားသလိုပဲ
အသားအရေကို နေ့စဉ် ထိန်းသိမ်းပေးနိုင်ဖို့ Face Mask ကိုလဲ မေ့မထားသင့်ပါဘူး။ အိပ်ရာမဝင်ခင်မှာ (၁၅)မိနစ် (သို့) မိနစ် (၂၀)ခန့်ကပ်ထားပြီး (အထုပ်မှာပါသော ဘယ်နှစ်မိနစ်ခန့်ထားရမည် အညွှန်းအတိုင်းသုံးပါ) နွေးသောရေဖြင့် ဆေးချပါ။ ကိုယ့်အသားအရေကို ပိုးမွေးသလို ယုယကြင်နာစွာ ဆက်ဆံပေးပါ။ အုန်းဆီ (သို့) မက်မွန်ဆီသုံးပြီး မျက်နှာတဝိုက်ကို နှိပ်နယ်ပြီး ငြိမ့်ညောင်းတဲ့ တေးသံနားထောင်ရင်း မိနစ် (၂၀)ခန့်ထားပါ။ နူးညံ့တောက်ပြောင်တဲ့ / Glow ဖြစ်တဲ့ အသားအရေကို သင်ပိုင်ဆိုင်နိုင်မှာပါ။
၉။ စိတ်ဖိစီးမှုတွေရဲ့အဝေးမှာ
ကိုယ့်စိတ်ကို ဖိစီးစေတဲ့ အရာတွေကနေ အားလပ်ချိန်ပေးပါ။ ဝေးဝေးနေပါ။ စိတ်ဖိစီးမှုဟာ ဟော်မုန်းအနေအထားကို အပြောင်းအလဲဖြစ်စေတာကြောင့် အသားအရေကို နဂိုထက် အဆီပြန်စေပါတယ်။ အသက်ရူလေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။ တရားများများထိုင်လေ စိတ်ကြည်ပြီး အသားအရေလှလာလေပါပဲ။ မေးရိုးတဝိုက်နဲ့ မျက်နှာအတွက် လေ့ကျင့်ခန်းလုပ်ပေးဖို့လဲလိုပါတယ်။ အောက်နှုတ်ခမ်းချည်းပဲ ရှေ.သို့ထုတ်ပေးခြင်း၊ အောက်နှုတ်ခမ်းကို အောက်သို့ချခြင်း (တနည်းအားဖြင့်မေးစေ့ကို ရင်ဘတ်လားရာအောက်ဘက်ချ ပါးစပ်ဟခြင်း)၊ မျက်နှာကျက်ကို မျက်နှာမူပြီး နှုတ်ခမ်းထော်ခြင်း စသည်ဖြင့် မျက်နှာကြွက်သားများအတွက် လေ့ကျင့်ခန်းပြုလုပ်ပေးနိုင်ပါသည်။
နောက်ထပ်ပြီးပြည့်စုံတဲ့အလှဖြစ်ဖို့ အဝတ်အစားကောင်းမွန်စွာဝတ်ပြီး (ဖြစ်ကတတ်ဆန်းမဟုတ်ဘဲ) ပြုံးဖို့ မမေ့ပါနဲ့။ ပြုံးခြင်းဟာ သင့်အသားအရေ နဲ့ မျက်နှာကြွက်သားတွေအတွက် ကောင်းမွန်ပါတယ်။ ဒီအချက်တွေအတိုင်းသာ နေထိုင်မယ်ဆို သင့်ကို လူတွေပြောမှာ အသေအချာပဲ…သင်ဟာ ရှိရင်းစွဲသင့်အသက်ထက် (၁၀) နှစ်လောက်နုပျိုနေပါလားလို့…………
(ndtv-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3