×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
လှပတဲ့ ခြေတံလေးတွေ ရရှိဖို့
February 13, 2020 | by Your Fitness

လှပတဲ့ ခြေတံလေးတွေ ရရှိဖို့

တချို့မိန်းခလေးတွေဟာ ခြေတံသွယ်သွယ်နဲ့ ဘုရားပေးတဲ့ဆုကို မတောင်းပဲပြည့်သလို တချို.ကျတော့ဘောင်းဘီတို၊ စကပ်တို နဲ့ ရေကူးဝတ်စုံဝတ်ဖို့ စိတ်ကူးပဲရှိတတ်ပြီး လက်တွေ.အကောင်အထည်မဖော်ဖြစ်ကြပါဘူး။ ခြေတံတွေမလှလို့ ဘောင်းဘီရှည်နဲ့ ဒူးအောက်စကပ်နဲ့ပဲ နေသွားတော့မယ်လို့ တွေးကောင်းတွေးမိမှာပါ။ ကိုယ့်မိဘက ပေးထားတဲ့လက်ဆောင်တစ်ခုဖြစ်တဲ့ ဒီခြေတံလေးတွေကို အခြားလှပြီးသားသူတွေလိုပဲလှအောင် ကြိုးစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

၁။ဝိတ်လေးနည်းနည်းချပါ

သမင်လည်ပြန်လှည့်ကြည့်တာဟာ လှပတဲ့ခြေတံတွေကြောင့်ဆိုတာ ငြင်းစရာတော့ မရှိပါဘူး။ အကယ်၍သင်ဟာ ဒီလိုအလှမျိုးလိုချင်တယ်ဆိုရင်တော့ မိနစ် ၂၀~နာရီဝက် လောက်တော့ လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ အနည်းဆုံး (၅)မိနစ်လောက်ပေါ့။

၂။ခြေထောက်လေ့ကျင့်ခန်းလုပ်ပါ

ခြေတံရဲ့ပုံပန်းသဏ္ဍန်လှပနှစ်လိုဖွယ်ဖြစ်အောင် လေ့ကျင့်ခန်းလုပ်ဖို့အရေးကြီးပါတယ်။ ကံကောင်းတာကတော့ ဒီလေ့ကျင့်ခန်းဟာ အခက်ကြီးမဟုတ်ပါဘူး။ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတို့ဟာ ကောင်းမွန်တဲ့ခြေထောက်လေ့ကျင့်ခန်းတွေပါပဲ။ကြိုးခုန်ခြင်း၊ စက်ဘီးစီးခြင်း တို့အပြင် သင်ဟာအထပ်မြင့်တိုက်ခန်းမှာ ဓာတ်လှေကားမသုံးဘဲ လှေကားမှတက်ရသူဆိုရင်တော့ ခြေထောက်လေ့ကျင့်ခန်း အထူးလုပ်စရာတောင် မလိုတော့ပါဘူး။

၃။အသားအရေကို ဂရုစိုက်ပါ

ကိုယ့်ခြေတံ လှသည်ဖြစ်စေ၊ မလှသည်ဖြစ်စေ လိုးရှင်းမလိမ်းရင် ခြောက်သွေ.ရုပ်ဆိုးစေပါတယ်။ ရေချိုးပြီးတိုင်း လိုးရှင်းနေ့တိုင်းလိမ်းပေးပါ။

၄။ ခြေထောက်ကို နှိပ်ပေးပါ

တစ်ပတ်မှာ တစ်ခါလောက်တော့ Legs Massaged လုပ်သင့်ပါတယ်။ ပင်ပန်းနေတဲ့ ကြွက်သားတွေအတွက် ကောင်းမွန်ပြီး သွေးလည်ပတ်မှုလည်းကောင်းစေပါတယ်။ အကယ်၍ အမြဲတမ်း Spa မသွားချင်ဘူးဆိုရင်၊ မသုံးချင်ဘူးဆိုရင် ဈေးသိပ်မကြီးတဲ့ အလှဆီလိုမျိုး လိမ်းဆီဝယ်ပြီး အိမ်မှာကိုယ်တိုင် နှိပ်ပေးလို့ရပါတယ်။

၅။ခြေသလုံးမွှေးရိတ်ပါ

အမွှေးတွေရှိနေရင်လှပတဲ့ခြေတံ မဟုတ်တော့ပါဘူး။ အထူးသဖြင့် အတို၊ အပြတ်ဝတ်မယ်ဆိုရင်ပေါ့။ အမြဲချောမွေ.လှပဖို့ လေဆာ နဲ့ မတတ်နိုင်ရင်၊ မလုပ်ချင်ရင်တောင် အိမ်မှာ ကိုယ့်ဘာသာ ကပ်ခွာနဲ့ ရှင်းတာမျိုး၊ ရိတ်လိုက်တာမျိုး လုပ်ပေးသင့်ပါတယ်။

၆။ခြေချောင်းလေးတွေကောသတိရပါ

ခြေတံတွေတင်မကပဲ ခြေချောင်းလေးတွေပါ လှပစေဖို့ ဂရုစိုက်သင့်ပါတယ်။ ခြေဖဝါးရေစိမ်ခြင်း၊ နှိပ်ပေးခြင်း တို့ဟာ အထူးကောင်းမွန်ပါတယ်။

(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

ကျန်းမာရေးနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ