- ဆောင်းပါးများ
- အရည်တစ်မျိုးတည်းနဲ့ အလွယ်ကူဆုံး ဝိတ်ချနည်းများ
အရည်တစ်မျိုးတည်းနဲ့ အလွယ်ကူဆုံး ဝိတ်ချနည်းများ
အရည်တစ်မျိုးတည်းနဲ့ အလွယ်ကူဆုံး ဝိတ်ချနည်းများ
ဝိတ်ချဖို့ မခက်ခဲဘဲ စားချင်တာတွေကြိုက်သလိုသာစားရမယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ? ဝိတ်ချနေစဉ် အတွင်းမှာပဲ လိုချင်သလောက် မကျလို့ မချင့်မရဲ ဖြစ်ဖူးကြပါတယ်။ ဝိတ်ကျချင်လို့ ဝိတ်ချတာ နှင့် အတူ ခန္ဓာကိုယ် ဇီဝဖြစ်စဉ် အားကောင်းဖို့လဲ လိုပါတယ်။ အစာချေစနစ်ကို အားပေးတဲ့ အောက်ပါ သောက်စရာအမျိုးမျိုးကို ဝိတ်ချရာမှာ အထောက်အကူပြုဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။လီမွန်
ဗိုက်တာမင် C ကြွယ်ဝတဲ့ လီမွန်ဟာ အစာချေစနစ်ကို အားပေးလို့ ဝိတ်ထိန်းဖို့အတွက် အရေးပါတဲ့ အသီးဖြစ်ပါတယ်။ လီမွန်ရည် လက်ဖက်စားဇွန်း (၂)ဇွန်းကို ပျားရည်၊ ရေနွေးတို့နဲ့ ရောစပ်ပြီး မနက်အိပ်ရာထထချင်း ဘာမှ မစားခင် ဖန်ခွက် (၁)ခွက်ခန့် သောက်ပေးပါ။
၂။Green Tea
Green Tea ဆိုတာ ကမ်မလီရာ(Camellia) လို့ခေါ်တဲ့ အပင်သေးသေးတစ်မျိုးမှ အရွက် နှင့် အဖူးကို အခြောက်ခံပြီး လက်ဖက်ခြောက်လို ရေနွေးထဲ စိမ်သောက်ရတာမျိုးပါ။ တရုတ်လူမျိုးများမှ စတင်ထုတ်လုပ်သုံးစွဲလာပြီး အာရှနိုင်ငံအတော်များများသို့ ပျံ.နှံ.လာခြင်းဖြစ်ပါသည်။ Green Tea သောက်ခြင်းဖြင့် ကယ်လိုရီကျစေနိုင်ပါသည်။ ကဖင်းဓာတ်လဲ ပါဝင်လို့ ဝိတ်ချတဲ့နေရာမှာ Green Teaကိုသောက်သုံးသင့်ပါသည်။
၃။ ရေ
ဝိတ်ချဖို့ အတွက် နောက်သောက်စရာတစ်ခုကတော့ ရေ ဖြစ်ပါတယ်။ ရေကတော့ ဝတ်ချချ မချချ နေ့တိုင်းသောက်နေတာပဲလေ လို့ သင်တွေးကောင်းတွေးမှာပါ။ ဒါပေမယ့် တကယ်သောက်သင့်တဲ့ အချိန်မှာ သောက်ပေးခြင်းက အကျိုးကျေးဇူး ရစေပါတယ်။ လေ့လာချက်များအရ အစာမစားခင်ရေသောက်ပေးခြင်းက ဆာလောင်မှုကို ထိန်းပေးနိုင်ပါတယ်။အနားယူချိန်မှာ ရေအေးသောက်ခြင်းဖြင့်လည်း ပင်ပန်းနွမ်းနယ်တာကို သက်သာစေပါတယ်။
၄။ပျားရည်
ဝိတ်ချတဲ့နေရာမှာ ပျားရည်ကလဲ သိပ်ကို အသုံးဝင်ပါတယ်။ ပျားရည်မှာရှိတဲ့ သဘာဝအချိုဓာတ်ဟာ ကယ်လိုရီမတက်စေပါဘူး။ အစာချေစနစ်ကို လဲ အားပေးပါတယ်။ ရေနွေးတစ်ခွက်ထဲမှာ၊ လီမွန် စားပွဲတင်ဇွန်း ၁ ဇွန်း၊သစ်ကြပိုး နှင့်ပျားရည်တို့ကိုရောနှောကာ နည်းနည်းစီ သောက်သုံးနိုင်ပါသည်။ ဒီလိုသောက်ခြင်းဖြင့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ မလိုအပ်တဲ့ ကယ်လိုရီတွေကို ကျစေပါတယ်။
၅။ပန်းသီးရှာလကာ
ပန်းသီးရှာလကာသည် အဆီလောင်ကျွမ်းစေခြင်း၊ ဆာလောင်မှုထိန်းပေးခြင်း နှင့် အစာချေစနစ်ကို အားပေးခြင်းစသည့် အာနိသင်ရှိပါသည်။ အသည်းနှင့် ဗိုက်မှာ အဆီစုတာမျိုးကိုတောင် ပန်းသီးရှာလကာရည်က ကာကွယ်တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။
၆။အသီးအရွက်ဖျော်ရည်
Weight Loss ဖို့ရည်မှန်းချက်ထားသူတိုင်း မပါမဖြစ်သောက်သုံးတာကတော့ အသီးအရွက်ဖျော်ရည်ပဲ ဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး ဝိတ်ကျစေရုံသာမက ရေဓာတ်ဖြည့်ပေးခြင်း၊ အသားအရေလှစေခြင်း၊ အစာချေအားကောင်းစေခြင်း စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးများစွာရှိပါတယ်။ ဝိတ်ချဖို့ ဖြစ်စေ၊ ဝိတ်ထိန်းဖို့ ကြိုးစားနေ တယ်၊ အစီအစဉ်ရှိတယ်ဆိုရင်တော့ အထက်ဖေါ်ပြပါ သောက်စရာ နည်းလမ်း(၆) မျိုးထဲက မိမိနဲ့ သင့်တော်ရာ တစ်နည်းနည်းကို အသုံးပြုကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်။
(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
အလှအပနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3