- ဆောင်းပါးများ
- 2006 နဲ့ 2016 မိတ်ကပ်လိမ်းခြယ်မှု ဘာတွေကွဲပြားသွားလဲ?
2006 နဲ့ 2016 မိတ်ကပ်လိမ်းခြယ်မှု ဘာတွေကွဲပြားသွားလဲ?
ဆယ်လီတွေဖြစ်တဲ့ Kim Kardashian နဲ့ Kylie တို့ ညီအစ်မလို Selfie-ready look ဖြစ်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် အသုံးပြုရတဲ့ မိတ်ကပ် ပစ္စည်းတွေဟာ အရောင်းရဆုံး စာရင်းထဲပါတယ်ဟု မိတ်ကပ်ပညာရှင်တစ်ဦးက ဆိုပါတယ်။
အလှအပ ပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိချက်အရ ယခုခေတ် မိန်းခလေးများဟာ ပြီးပြည့်စုံတဲ့ မျက်နှာအလှအတွက် မိတ်ကပ်လိမ်းခြယ်ရာမှာ ယခင် ၂၀၀၆ ခုနှစ်က မိတ်ကပ်ပစ္စည်း (၈)မျိုးလောက်နဲ့ အချိန် ၁၇ မိနစ်ခန့်ကြာ အသုံးပြုပေမယ့်
၂၀၁၆ မှာတော့မိတ်ကပ်ပစ္စည်း ၂၇ မျိုးထိရှိပြီး မိတ်ကပ်လိမ်းခြယ်ရာမှာ မိနစ် (၄၀) ခန့် အချိန်ယူကြကြောင်းဆိုပါတယ်။ (မိတ်ကပ်Crazy ဖြစ်တဲ့ မိန်းခလေးများကို ဆိုလိုပါတယ်)..
Youtube မှာ အလှအပနဲ့ ပတ်သက်ပြီး ရှာဖွေရာမှာ Contouring အတွက် ဘယ်လိုလုပ်ရမလဲဆိုတဲ့ Video တင်ပဲ 1,150,000 (ဆယ့်တစ်သိန်းငါးသောင်းခန့်) ရှိခဲ့ပါတယ်။
မိတ်ကပ်ချစ်သူ မိန်းခလေး အများစုဟာ နေ့စဉ်ဘဝအတွက် ပရော်ဖက်ရှင်နယ်တွေလိမ်းသလို Step by Step ဘာလို့လိမ်းခြယ်ရသလဲဆိုတော့ ဘယ်အချိန်ပဲ ဖြစ်ဖြစ် Selfie ဆွဲဖို့ အဆင်သင့်ဖြစ်နေဖို့လဲ ပါတယ်ဟု Superdrug (Cosmetic Store) မှာ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ဆိုပါတယ်။
ဆယ်လီတွေဖြစ်တဲ့ Kim Kardashian နဲ့ Kylie တို့ ညီအစ်မလို Selfie-ready look ဖြစ်ဖို့ တစ်ဆင့်ပြီး တစ်ဆင့် အသုံးပြုရတဲ့ မိတ်ကပ် ပစ္စည်းတွေဟာ အရောင်းရဆုံး စာရင်းထဲပါတယ်ဟု မိတ်ကပ်ပညာရှင်တစ်ဦးက ဆိုပါတယ်။
ဘယ်လိုပစ္စည်းလေးတွေဖြစ်မလဲ ဆိုတာ ၂၀၀၆ နဲ့ ၂၀၁၆ နှိုင်းယှဉ်ကြည့်ကြရအောင်..
THE 2006 FACE
===========
1. Foundation
2. Concealer
3. Pressed Powder
4. Blusher
5. Eye Liner Pencil
6. Eyeshadow sponge
7. Mascara
8. Lip Gloss
THE 2016 FACE
===========
1. Priming Base
2. Pore Eraser
3. Foundation Brush
4. Blending Sponge
5. Strobe Cream
6. Mousse Foundation
7. Blending Sponge
8. Cover Concealer
9. Setting Brush
10. Mattifying Setting Powder
11. Contour Brush
12. HD Powder Contour
13. Contour Brush
14. Bronzing Powder
15. Shimmer Highlighter
16. Eyebrow brush
17. Brow Kit
18. Sculpting Fibre Gel with Seaweed
19. Liquid Eye Primer & Sealent
20. Blending Brush
21. Mascara
22. Fale Lashes
23. Lip Liner
24. Lipstick
25. Lip Brush
26. Mattify Fixing Mist
27. Finishing Brush
(dailymail-co-uk မှ Artical အား Your Fitster မှဆီလျော်အောင်ဘာသာပြန်သည်)