×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
  • ဆောင်းပါးများ
  • သင့် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲ သင်တွေးမိပါသလား? ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းက ဆန့်ကျင်ဘက်လိင်အတွက် စွဲဆောင်မှု ရှိနေသလဲဆိုတာ…
သင့် ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲ သင်တွေးမိပါသလား? ကိုယ့်ခန္ဓာကိုယ်မှာ ဘယ်အစိတ်အပိုင်းက ဆန့်ကျင်ဘက်လိင်အတွက် စွဲဆောင်မှု ရှိနေသလဲဆိုတာ…
August 6, 2020 | by Your Fitness

လစာ၀င်ငွေအရခွဲခြားကြည့်ရင် ၀င်ငွေ အလယ်အလတ် ရှိတဲ့အမျိုးသားတွေဟာ တင်အစိတ်အပိုင်းကို မက်မောသူတွေဖြစ်ပြီး ထိုထက်လစာများသူနဲ့ နည်းသူတွေကတော့မျက်နှာကိုသာ အရေးအကြီးဆုံးလို့တွေ့ရပါတယ်။

မိန်းခလေးတွေရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲ
————-
မိန်းခလေးတွေရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲဆိုတာ အမျိုးသားများကို စစ်တမ်းကောက်ကြည့်တဲ့အခါ အမျိုးသားတွေအနေနဲ့ သူတို့ရဲ့အသက်အရွယ်ပေါ်မှာလိုက်ပြီး ပြောင်းလဲသတ်မှတ်ထားတဲ့စံနှုန်းကို အောက်ပါအတိုင်းတွေ့ရပါတယ်။
.
အများစုထင်ကြေးပေးကြတဲ့ “ရင်သား” အပေါ်စိတ်၀င်စားမှုက ၈% ပဲရှိပါတယ်.
နောက်ပေါ်ပြူလာဖြစ်တဲ့ “တင်” အစိတ်အပိုင်းကတော့ ၁၈ % ကသာ ဆွဲဆာင်မှုရှိတယ်လို့ သတ်မှတ်ကြပါတယ်။
နောက်တစ်ခုချင်းပြောရရင်
– ဆံနွယ်တွေရဲ့ စွဲဆောင်မှုက ၁၁%
– ခြေတံတွေရဲ့ စွဲဆောင်မှုက ၉%
– မျက်လုံးတစ်စုံရဲ့ စွဲဆောင်မှုက ၁ %
– ဗိုက်သားရဲ့ စွဲဆောင်မှုက ၄ %
– အခြားကျန်အစိတ်အပိုင်းများအတွက်က ၄ %
– လှတစ်မျက်နှာအတွက်က ၄၆ %
လို့ စစ်တမ်းအရ စံနှုန်းသတ်မှတ်ကြပါတယ်။
.
ဒီအချိုးအရဆိုရင် မိန်းခလေးတွေအတွက် အပြင်ပိုင်းကြည့်မယ်ဆိုရင် ဆန့်ကျင်ဘက်လိင်တွေအနေနဲ့ အရင်ဆုံးမြင်ရတဲ့ မျက်နှာက ပထမဆုံး ၄၆ % မှာနေရာယူထားတာဖြစ်လို့ မိန်းခလေးအများစုဟာ ဘာကြောင့်အလှကုန်ပစ္စည်းတွေအတွက် မက်မက်မောမော ၀ယ်ယူပြီးအချိန်ကုန်ပြင်ဆင်ကြတယ်ဆိုတာ မေးခွန်းထုတ်စရာမလိုတော့ပါဘူး။ မိန်းခလေးများအလှကြိုက်တာထက် ယောကျ်ားလေးများက ပိုအလှကြိုက်သလားတောင်တွေးချင်စရာပါ။ လှစေချင်တဲ့ကိုယ့်ချစ်သူအတွက် အတတ်နိုင်ဆုံးတော့ သူ့အတွက် မဟုတ်တောင်ကိုယ့်ကိုကိုယ်လှလှပပလေးနေဖို့ တိုက်တွန်းပါတယ်။
.
အပေါ်က သတ်မှတ်ထားတဲ့ စံနှုန်းတွေဟာ ဘယ်အသက်အရွယ်က ဘယ်အစိတ်အပိုင်းကို သတ်မှတ်တယ်ဆိုတာ တစ်ချက်ကြည့်ရအောင်
အမျိုးသမီးတွေရဲ့ စွဲဆောင်မှုအရှိဆုံးက မျက်နှာလို့သတ်မှတ်တဲ့အမျိုးသားတွေရဲ့အသက်အရွယ်က.. အစဉ်လိုက်ပြောရရင်
– ၆၅နှစ်အထက်က အများဆုံး
– ၅၅-၆၄ နှစ် က ဒုတိယအများဆုံး
– ၄၅-၅၄ နဲ့ ၁၈-၂၄ က တတိယအများဆုံး
– ၃၅-၄၄ ကြားက စတုထ္တအများဆုံးဖြစ်ပြီး
– ၂၅-၃၄ အရွယ်တွေရဲ့သတ်မှတ်ချက်က ပဉ္စမအများဆုံးဖြစ်ပါတယ်။
.
ဒီအတိုင်းပြန်သုံးသပ်ရင် အသက်ကြီးတဲ့လူကြီးပိုင်းများက မျက်နှာအလှကို အသားပေးနှစ်သက်ပြီး ရင်သားအစိတ်အပိုင်းကို နှစ်သက်သူအများစုက
– ၂၅-၃၄ နှစ်ကြားက အများဆုံး
– ၄၅ -၅၄ နှစ် နဲ့ ၆၅နှစ်အထက်ကဒုတိယ်အများဆုံးဖြစ်ပြီး
– တတိယအများဆုံးကတော့ ၅၅-၆၄ကြားတွေဖြစ်ပါတယ်။
.
တင်အစိတ်အပိုင်းကို အများဆုံးနှစ်သက်သူတွေက ၄၅-၅၄ နှစ်အသက်အရွယ်ကအများဆုံးဖြစ်ပြီး ကျန်တဲ့အသက်အရွယ်တွေက ဒုတိယတတိယ လိုက်ပါတယ်။ ဒါကြောင့်လည်း အနောက်နိုင်ငံက မိန်းခလေးအများစုဟာ လှပတောင့်တင်းပြီး လုံး၀န်းတဲ့တင်သားဖြစ်ဖို့ ဆာဂျရီတွေသူ့ထက်ငါပြုလုပ်ကြပြီး တချို့ဆို အသက်အန္တရယ်ကိုပင် မမှုတာ တွေ့ရပါတယ်။
လစာ၀င်ငွေအရခွဲခြားကြည့်ရင် ၀င်ငွေ အလယ်အလတ် ရှိတဲ့အမျိုးသားတွေဟာ တင်အစိတ်အပိုင်းကို မက်မောသူတွေဖြစ်ပြီး ထိုထက်လစာများသူနဲ့ နည်းသူတွေကတော့မျက်နှာကိုသာ အရေးအကြီးဆုံးလို့တွေ့ရပါတယ်။
.
———–
ယောကျ်ားလေးတွေရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲ
———–
အလားတူပဲ ယောကျ်ားလေးတွေရဲ့ ဘယ်အစိတ်အပိုင်းက စွဲဆောင်မှုအရှိဆုံးလဲဆိုတာ အမျိုးသမီးများကို စစ်တမ်းကောက်ကြည့်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ သူတို့ရဲ့အသက်အရွယ်ပေါ်မှာလိုက်ပြီး ပြောင်းလဲသတ်မှတ်ထားတဲ့စံနှုန်းကို အောက်ပါအတိုင်းတွေ့ရပါတယ်။
.
အံသြစရာက ယောကျ်ားလေးတွေအနေနဲ့ မိန်းခလေးတစ်ယောက်ရဲ့မျက်နှာအလှကိုအသားပေးစံချိန်တင်ကြပေမယ့်
မိန်းခလေးတွေဘက်ကတော့ယောကျ်ားလေးတစ်ဉီးရဲ့ မျက်နှာအစိတ်အပိုင်းရဲ့ စွဲဆောင်မှုဟာဟာ ၂% သာစံနှုန်းသတ်မှတ်ကြပါတယ်။
.
ယောက်ကျ်ားလေးတစ်ယောက်ရဲ့ ရင်အုံက ၂၄% စွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်းဖြစ်ပြီး
– ဆံပင်ရဲ့ စွဲဆောင်မှုက ၂၂%
– လက်မောင်းရဲ့စွဲဆောင်မှုက ၁၉ %
– ဗိုက်ကြွက်သားတွေရဲ့ စွဲဆောင်မှုက ၁၃ %
– V-Cut လို့ခေါ်တဲ့ ဗိုက်သားအောက်ပိုင်းက ၉ %
မျက်လုံး ၃% နဲ့ ခြေထောက်တွေက ၁% ဆိုပြီးအဆင့်ဆင့်တွေ့ရပါတယ်။
.
အခြားနိုင်ငံများတွင် နေရောင်လေးနည်းနည်းရလာသော Spring , Summer အ၀င် လိုရာသီမှာတောင်ဆန့်ကျင်ဘက်လိင်ကို စွဲဆောင်ဖို့အတွက် ဖြစ်စေ ၊ မိမိအလှဂုဏ်ဆာချင်လို့ဖြစ်စေ အပေါ်ပိုင်းဗလာနဲ့ ယောကျ်းလေးအများစုကအလှပြကြတာ ဖြစ်ပါလိမ့်မယ်။ ယောကျ်ားလေးတိုင်းနီးပါး Gym လည်းမပြတ်ဆော့ကြတဲ့ ရလဒ်လည်းပါပါတယ်။
.
အသက်အရွယ်အလိုက်သုံးသပ်ရင် ၄၅ မှ ၆၄ နှစ်အရွယ် အမျိုးသမီးကြီးတွေက တောင့်တင်းသော ရင်အုံကို အများဆုံးစိတ်၀င်စားတာတွေ့ရပါတယ်။
၂၅ နှစ်မှ ၄၄ နှစ်ထိ နဲ့ ၆၅နှစ်အထက်များက ဒုတိယလိုက်ပြီး၁၈-၂၄ ကြားကတော့ တတိယစိတ်၀င်စားမှုမှာရှိပါတယ်.
၂၅-၃၄ နှင့် ၅၅-၆၄ နှစ်အသက်အရွယ်တွေက ကြွက်သားရှိတဲ့တုတ်ခိုင်တဲ့လက်မောင်းကို ပိုမိုစိတ်၀င်စားကြပါတယ်..
ဆံပင်ကို အများဆုံးစွဲဆောင်မှုရှိတယ်လို့သတ်မှတ်တဲ့အရွယ်ကတော့ ၆၅နှစ်အထက်အမျိုးသမီးတွေပါ။ (အနောက်နိုင်ငံများတွင် ထိုအသက်အရွယ်ရောက်သော်လဲ တစ်ဉီးတည်းအချိန်ဖြုန်းခြင်းထက် Date လုပ်တာမျိုး ရှိတတ်ကြပါသည်).
.
18-24 ငယ်ရွယ်သူတွေကလဲ ဆံပင်ကို ဒုတိယ်အများဆုံးစွဲဆောင်မှုရှိတယ်လို့သတ်မှတ်ပါတယ်
၀င်ငွေအလိုက်ကြည့်မယ်ဆိုရင် ၀င်ငွေအများဆုံးရှာနိုင်သော အမျိုးသမီးများသည် အမျိုးသားများ၏ ရင်အုံကို စွဲဆောင်မှုအရှိဆုံးအစိတ်အပို်ငးအဖြစ်ကြိုက်နှစ်သက်ကြပီး ၀င်ငွေနည်းသူနှင့် အလယ်အလတ်၀င်ငွေရှိသော အမျိုးသမီးများက လက်မောင်းကို စွဲဆောင်မှုအရှိဆုံးအစိတ်အပိုင်းအဖြစ်နှစ်သက်ကြပါသည်။
.
တစ်ဉီးနဲ့တစ်ဉီး အထင်အမြင်နှင့် အကြိုက်ချင်းမတူနိုင်သည့်အတွက် နိုင်ငံအလိုက်သတ်မှတ်မှုအနည်းငယ်ကွဲပြားနိုင်ပါတယ်။
သူငယ်ချင်းတွေအတွက် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….
❤ Sharing is Caring ❤
.
————————
Your Fitster ဆိုတာ 😎
————————-
Your Fitster ဆိုတာ ကျန်းမာရေး နှင့် အလှအပ ဆိုင်ရာ Mobile App ဖြစ်ပြီး Your Fitster မှာ Beauty Spa များ၊ Gym / Fitness Center များ၊ Laser Clinic များ စုံလင်စွာပါရှိပြီး ၎င်းတို့၏ ဝန်ဆောင်မှုများ၊ Promotion များ၊ Photo များ၊ Video များ ကိုတစ်နေရာတည်းတွင် ကြည့်ရှုနိုင်မည့်အပြင် Your Fitster ၏ VIP Member Card ဖြင့် အထူး (5% to 30% အထိ) Exclusive Discount များပါရရှိမှာဖြစ်ပါတယ်။
.
Play Store နှင့် App Store တွင် ” Your Fitster ” ဟု ရိုက်ရှာကာ ဒေါင်းရန်လုပ်ယူနိင်ပါတယ် (သို့) Download လုပ်ယူရန် Link ကို ဤ Post အောက်ရှိ Comment တွင်ကြည့်ပါ။
.
Your Fitster
ကျန်းမာရေး နှင့် အလှအပ
Web Portal & Mobile App
(Myanmar)
သက်ဆိုင်သော ဆောင်းပါးများ