×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
မိုးရာသီမှာ ကျန်းမာစွာနေထိုင်နိုင်ဖို့
July 10, 2019 | by Your Fitster Team

မိုးရွာသီမှာ ရောဂါပိုးမွှားတွေ အလွယ်တကူမကူးစက်နိုင်ဖို့ တကိုယ်ရည် သန့်ရှင်းစွာ ထိန်းသိမ်းတတ်ဖို့ အောက်ပါ အချက်များကို လိုက်နာသင့်ပါတယ်...

မိုးရာသီဟာ စိုစွတ်စွတ်နိုင်ပေမယ့် အနွေးထည်မထူူမပါးလေးဝတ်၊ ကော်ဖီပူပူ (သို့) စွပ်ပြုတ်ပူပူလေးသောက်ပြီး အေးအေးချမ်းချမ်းလေးနေရတာ ချစ်စရာလည်းကောင်းပါတယ်..

ဒါပေမယ့် စိုထိုင်းမှုနဲ့ မိုးမပြတ်ရွာသွန်းမှုကြောင် ပတ်ဝန်းကျင်မှ ဘတ်တီးရီယားနဲ့ ရောဂါပိုးမွှားများ လွယ်ကူစွာ ကူးစက်နိုင်ပါတယ်..
ရောဂါပိုးမွှားတွေ အလွယ်တကူမကူးစက်နိုင်ဖို့ တကိုယ်ရည် သန့်ရှင်းစွာ ထိန်းသိမ်းတတ်ဖို့ အောက်ပါ အချက်များကို လိုက်နာသင့်ပါတယ်…

၁။ထီးယူဖို့မမေံပါနှင့်
မိုးတွင်းမှာ ဘယ်သွားသွား ခေါက်ထီးတစ်လက်တော့ အမြဲဆောင်သင့်ပါတယ်။ မိုးမိပြီးဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ မဖြစ်စရေန် ခရီးနီးနီးဝေးဝေး ထီးတစ်ချောင်းအမြဲသယ်ဖို့ တိုက်တွန်းပါတယ်။

၂။မကြာခဏလက်ဆေးပါ
လမ်းဖြတ်ကူးတဲ့အခါ (သို့) လက်တန်း ၊ ခုံတန်းလျားတို့ကို ကိုင်မိလျှင်တောင်မှ အသက်ရှင်နေသော ဘတ်တီးရီးယားများ လွယ်ကူစွာ ကူးစက်စေနိုင်ပါသည်။ ထို့ကြောင့် ဆပ်ပြာ၊ ရေနွေးတို့နှင့် လက်ကို သေချာစွာ မကြာခဏဆေးသင့်ပါသည်။

၃။မျက်နှာကိုလက်ဖြင့် မကိုင်မိအောင်နေပါ
သင့် ခန္ဓာကိုယ်မှတဆင့် မျက်လုံး၊ နှာခေါင်း နှင့် ပါးစပ်တို့အား ဗိုင်းရပ်စ်များ ကပ်တွယ်ဝင်ရောက်နိုင်သဖြင့် မျက်လုံးအား လက်ဖြင့်ပွတ်ခြင်း၊ နဖူးချွေးထွက်ခြင်းကို လက်ဖြင့် သုတ်ခြင်း တို့အစား သန့်ရှင်းသော အဝတ်စ (သို့) လက်ကိုင်ပုဝါကို သာ သုံးသင့်ပါသည်။

၄။ညစ်ပတ်သောရေများနှင့်ဝေးဝေးနေပါ

ဗွက်ထတတ်တဲ့ မိုးရာသီမှာ ဝမ်းလျောခြင်း၊ တုပ်ကွေးဖြစ်ခြင်း၊ ကာလဝမ်းရောဂါ နှင့် အရေပြားရောဂါများသည် မသန့်ရှင်းသောရေမှတဆင့် ကူးစက်တတ်သော ရောဂါများဖြစ်ပါသည်။
ထို့ကြောင့် မိုးရာသီတွင် မိုးကာအကျီၤဝတ်ဆင်ခြင်း ၊ ရာဘာဖိနပ် (မိုးစိုသော်လဲ အခြားဖိနပ်များထက်မြန်မြန်ခြောက်လွယ်ရန်) တို့ကို စီးသင့်ပါသည်။

၅။လမ်းဘေးစာများရှောင်ကြဉ်ပါ
အလွယ်တကူ ရရှိစားသုံးနိုင်သော လမ်းဘေးစာများသည် စိုစွတ်သော ရေနှင့်လေကြောင့် ဘတ်တီးရီးယားများ ရှိတတ်ပြီး ရောဂါဖြစ်စေနိုင်သဖြင့် အိမ်မှာသာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်သင့်ပါသည်။

၆။ခြင်ကိုက်မခံပါနှင့်
မိုးရာသီတွင် မသန့်ရှင်းသောရေမှ ခြင်များ လွယ်ကူစွာ ပေါက်ဖွားစေသဖြင့် မိမိအိမ်ကို သန့်ရှင်းစွာထားခြင်း၊ခြံထဲရှိ ပန်းအိုး၊ ရေမြောင်း၊ ချောင်ကြိုချောင်ကြား၊ တွင်းပေါက်များ စသည်တို့တွင် မိုးရွာပြီး ရေခိုအောင်းနိုင်သဖြင့် သန့်ရှင်းစွာထားခြင်း၊ မိုးတွင်းကုန်သည်အထိ အဖုံးအပိတ်များဖြင့်ထားခြင်းတို့ပြုလုပ်သင့်ပါသည်။ ခြင်ရှိနိုင်သော ပတ်ဝန်းကျင်ကို သွားမည်ဆိုပါက ခြင်ပြေးဆေးလိမ်းခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

၇။ရေနွေးကြမ်းသောက်ပါ
ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အအေးမိခြင်းတို့မှ ကာကွယ်ရန်မိုးရာသီတွင် ရေနွေးသောက်ပေးသင့်ပါသည်။ ရေနွေးသက်သက်သာမက ဂျင်း၊ ငရုပ်ကောင်း၊ ပူစီနံ၊ ပင်စိမ်းတို့ကို တမျိုးစီ ရောသောက်မည်ဆိုပါကခန္ဓာကိုယ်ကျန်းမာရေးအတွက် ပိုကောင်းစေပါသည်။

၈။ ယူကလစ်ဆီသုံးကြည့်ပါ
ယူကလစ်ပင်မှရသော သင်းပျံ.သည့် ယူကလစ်ဆီသည် ခန္ဓာကိုယ်ကို လန်းဆန်းစေပါသည်။ နှာခေါင်းပိတ်ခြင်း နှင့် တုပ်ကွေးမိသည့်အခါ ယူကလစ်ဆီကို ရှုပေးခြင်းဖြင့် သက်သာစေပါသည်။လည်ပင်းနောက်ဘက်နှင့်နားထင်တွင် သုတ်လိမ်းနိုင်ပေးခြင်းဖြင့် မအီမသာဖြစ်ဖြင်းမှ ကာကွယ်နိုင်ပါသည်။

(rappler-com မှ Artical အား Your Fitster Teamမှ ဆီလျော်အောင်ဘာသာပြန်ထားပါသည်။)

သက်ဆိုင်သော ဆောင်းပါးများ