- ဆောင်းပါးများ
- ပန်းပွင့်စိမ်း ( Broccoli ) ၏ကောင်းကျိုးများ
ပန်းပွင့်စိမ်း ( Broccoli ) ၏ကောင်းကျိုးများ
ပန်းပွင့်စိမ်း ( Broccoli ) ၏ကောင်းကျိုးများ
2nd December, 2019
ကယ်လိုရီပါဝင်မှုနည်းသော်လည်း ဗီတာမင်ကြွယ်ဝပြီး အာဟာရပြည့်တဲ့ အသီးအရွက်ဆိုရင် ပန်းပွင့်စိမ်းကိုညွှန်းချင်ပါတယ် ပန်းပွင့်စိမ်းဟာပန်းပွင့်ဖြူ တို့နဲ့ မျိုးနွယ်တူ အုပ်စုထဲမှာပါဝင်ပြီး ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးတဲ့ အစွမ်းရှိတယ်လို့ လေ့လာတွေ့ရှိတယ်လို့အချို့ကဆိုပါတယ်။
ပန်းကန်လုံးတစ်လုံးစာ ကြော် / ချက်ထားတဲ့ ပန်းပွင့်စိမ်းတစ်ပွဲဟာ လိမ္မော်သီးတစ်လုံးမှာ ပါဝင်တဲ့ ဗီတာမင် ( c ) ပမာဏနဲ့ အတူတူပဲဖြစ်ပါတယ်။ ဗီတာမင် ‘ c ‘ သာမကဘဲ ဗီတာမင် B1,B2,B3,B6,သံဓာတ်၊မက်ဂနီဆီယံ၊ပိုတက်စီယံ နှင့် ဇင့်တို့လဲပါဝင်တဲ့ အာဟာရပြည့်ဝတဲ့ အရွက်တစ်မျိုးုဖြစ်ပါတယ်။ ဒါတွင်မက ကယ်လိုရီပါဝင်မှုနည်းပြီး ကျန်းမာရေးအတွက် လိုအပ်တဲ့ အမျှင်ဓါတ်ကိုလည်း ပန်းပွင့်စိမ်းက ပေးစွမ်းနိုင်ပါတယ်။
အာဟာရပြည့်ဝတဲ့ Broccoli
ပန်းပွင့်စိမ်းမှာ ဗီတာမင် K,C ,Folic Acid တို့လည်းပါဝင်သလို ပိုတက်စီယမ် နဲ့ အမျှင်ဓာတ်တို့အတွက်လည်းအထောက်အကူပေးပါတယ်။
Vitamin K
ဗီတာမင် K ဟာ ဂျာမန်စကားလုံး Koagulation မှဆင်းသက်လာပြီး ဗီတာမင် K ကို Blood – Clotting ဗီတာမင်လို့လဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ( Blood – Clot ဟာ သွေးကြောနံရံလေးတွေကိုပျက်စီးခြင်းမှ ကာကွယ်ပေးပြီးထိခိုက်ရှနာဖြစ်တာမျိုးအတွက် သွေးထွက်လွန်မှုကို ကာကွယ်ပေးတဲ့ ဂျယ်လိုပုံဆောင်ခဲသေးသေး ဖြစ်ပါတယ်။ မာကျောတဲ့ အဆင့်ထိရှိတက်ပြီး ကောင်းကျိုးသိပ်မပေးတဲ့ Clots မျိုးလဲ ရှိတတ်ပါတယ် )။ ဗီတာမင် K ဟာ အရိုးကျန်းမာရေး အတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။
Vitamin C
ဗီတာမင် C ဟာ ကော်လာဂျင် ၊ Body Tissue နဲ့အရိုးကျန်းမာရေးအတွက်လိုအပ်ပြီး ထိခိုက်ရှနာများအတွက်အနာကျက်စေဖို့အထောက်အကူပေးပါတယ်။
Fiber
ခန္ခာကိုယ် အစာချေစနစ်အတွက် အထောက်အကူပေးပြီး ကိုလက်စတောတက်ခြင်းမှ ကာကွယ်ပေးပါတယ်။
Potassium
ပိုတက်စီယမ်ဟာ နှလုံး ၊ အကြော နှင့် ကြွက်သား တို့အတွက် လိုအပ်တဲ့ဓာတ်တစ်မျိုးုဖြစ်ပါတယ်။
Folate ( Folid Acid )
ခန္ခာကိုယ်အတွက် ဆဲလ် အသစ်များ ထုတ်လုပ်မှုကိုအားပေးပြီး အစာချေစနစ်အတွက် ကောင်းမွန်တဲ့ ဗီတာမင် B အမျိုးအစားဖြစ်ပါတယ်။
History Of Broccoli
ပန်းပွင့်စိမ်းကို ရောမခေတ်ကပန်းဂေါ်ဖီမှ တဆင့် စတင်တွေ့ရှိခဲ့ကြပြီး စားသုံးလာခဲ့ရာမှ ကိုလိုနီခေတ်တွင် အမေရိကန်တို့သိရှိခဲ့ခြင်းဖြစ်သည်။ ၁၉၂၀ ခုနှစ်ထိ လူသိများခြင်း မရှိသေးပေ။
ဘရိုကိုလီ သည် အီတာလီယံ စကားလုံး Broccolo(ဘရိုကိုလို) မှ ဆင်းသက်လာပြီး ပန်းဂေါ်ဖီရဲ့အစို့၊ အညောှက်လို့ အဓိပ္ပါယ်ရပါတယ်။
နည်းအသစ်နဲ့စားကြည့်မယ်
ဘရိုကိုလီကို ကြော်စားချက်စားတာအပြင် ကင်စားလို့လဲရပါတယ်။ အရသာအချို.ထည့် ၊ချိစ် ထည့်ပြီး အပူချိန် ၄၅၀ ဒီဂရီမှာ ၁၅မိနစ်ခန့်ထားပြီး အရသာရှိရှိကင်စားလို့ရပါတယ်။
ဘယ်လိုသိမ်းမလဲ
ဘရိုကိုလီကို လတ်လတ်ဆတ်ဆတ်ဖြစ်စေဖို့ အသီးအရွက်ထည့်တဲ့အိတ်နှင့်ထည့်သိုပြီး ရေခဲသေတ္တာထဲ သိမ်းဆည်းလို့ရပါတယ်။ ရက်အနည်းငယ်အတွင်းစားသုံးဖို့တော့ မမေ့ပါနဲ့။
(healthyeationg-org မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ပန်းပွင့်စိမ်းနဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3