×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Spa သွားခြင်းကြောင့်ရရှိမည့်ကောင်းကျိုးများ
November 7, 2019 | by Your Fitster

Spa သွားခြင်းကြောင့်ရရှိမည့်ကောင်းကျိုးများ

7th November, 2019

Spa ကောင်းကောင်းလေးသွားပြီး ဇိမ်မကျချင်တဲ့သူ မရှိလောက်ပါဘူးနော်။ နေ့စဉ် လှုပ်ရှားနေရတဲ့ စိတ်ဖိစီးမှုများတဲ့ ဘဝနေထိုင်မှုမှာ ကိုယ့်အတွက်အချိန်ယူပြီး Spa ကောင်းကောင်းလေးတွေကို သွားကြဖို့ တိုက်တွန်းချင်ပါတယ်။Spa ပုံမှန်သွားခြင်းအားဖြင့် အောက်ပါ မမေ့နိုင်တဲ့ကောင်းကျိုးများကို ရရှိစေမှာပါ။

၁။စိတ်ဖိစီးမှုကို လျော့ချပေးခြင်း
Spa မှာဇိမ်ခံရတဲ့ အချိန်လေးဟာ ဘယ်သူကမှကိုယ့်ကို နှောက်ယွက်မှု၊ စိတ်ဖိစီးမှု မပေးနိုင်တဲ့ ကိုယ်ပိုင်အချိန်လေး ” me time ” ပဲဖြစ်ပါတယ်။ စိတ်ကို ကြည်လင်စေပြီး လန်းဆန်းတက်ကြွတဲ့ ခန္ဓာကိုယ်ကို ရရှိစေပါတယ်။

၂။အိုမင်းခြင်းကို နှေးကွေးစေခြင်း
Spa ကုထုံးအများစုဟာ အရေးအကြောင်းဖြစ်ခြင်းမှ ကာကွယ်ပေးပြီး အရေပြား နှင့် အရေပြားအောက်ရှိ ဆဲလ်များကို ရေဓာတ်ရရှိစေဖို့ အထောက်အကူပေးပါတယ်။ အနားယူနေတဲ့ တချိန်တည်းမှာပဲ အိုမင်းခြင်းကို
နှေးကွေးစေတဲ့ သဘောပါ။ အမြဲ မကြာခဏတော့ Spa မသွားနိုင်ပေမယ့် ၃ပတ်တစ်ခါ၊ ၁လတစ်ခါတော့ အချိန်ပေးသင့်ပါတယ်။

၃။အိပ်ပျော်စေခြင်း
သင်ဟာ ညည အိပ်မပျော်တတ်တဲ့အကျင့်ရှိနေရင်တော့ သေချာပေါက် Spa တစ်ခေါက်လောက်သွားပါလို့ တိုက်တွန်းပါတယ်။ နှိပ်နယ်ခြင်းက သင့်ရဲ့ကြွက်သားများ နှင့် သွေးလည်ပတ်မှုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို ထောက်အကူပေးတဲ့အတွက် ညဘက်ကောင်းကောင်းအိပ်ပျော်စေဖို့ အားပေးပါတယ်။

၄။နာကျင်ကိုက်ခဲမှုကို သက်သာစေခြင်း
လေ့ကျင့်ခန်းကြောင့်ဖြစ်စေ၊ မွေ.ယာ(mattress) အဆင်မပြေမှုကြောင့်ဖြစ်စေ၊အလုပ်စားပွဲမှာ အချိန်ကြာကြာထိုင်လို့ပဲဖြစ်စေ နာကျင်ကိုက်ခဲခြင်းကို ခံစားရလေ့ရှိပါသည်။ ကြွက်သားများနာကျင်ခြင်းမှ သက်သာစေဖို့
Hot Stone Massage၊ Swedish Message၊Deep Muscle Massage နှင့် Muscle Reviver စတဲ့နည်းလမ်းများကို အသုံးပြုသင့်ပါတယ်။

၅။အသားအရေ ကြည်လင်စေခြင်း
ခြောက်သွေ့နေတဲ့ မျက်နှာအသားအေ ရအတွက် SPA မှာ မျက်နှာပေါင်းတင်ခြင်းဖြင့် တောက်ပကြည်လင်တဲ့ Glow ဖြစ်တဲ့ အသားအရေကို ရရှိစေမှာပါ။

၆။ခေါင်းမကြာခဏကိုက်ခြင်းမှ ကာကွယ်ပေးခြင်း
ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံး နှိပ်နယ်ပေးခြင်းက မကြာခဏခံစားရတဲ့ အလုပ်ပင်ပန်းခြင်းကြောင့် စိတ်ညစ်ညူးခြင်း၊ ခေါင်းကိုက်ခြင်းတို့မှ သက်သာပျောက်ကင်းစေပါတယ်။

၇။ ပျော်ရွှင်စေခြင်း
Spa မှနှိပ်နယ်ပေးတဲ့ ကုထုံးများဟာ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို အားပေးလှုံ့ဆော်ပေးမှုကြောင့်ပျော်ရွှင်ခြင်း Level ကို မြှင့်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၈။သွေးလည်ပတ်မှုကောင်းစေခြင်း
ခန္ဓာကိုယ်ကို ပုံမှန်နှိပ်နယ်ပေးခြင်းဖြင့်သွေးလည်ပတ်မှု အားကောင်းစေရုံသာမက အအေးမိခြင်း၊ ဖျားနာခြင်းတို့ကိုပါ သက်သာပျောက်ကင်းစေပါတယ်။

(lemascandille-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

[ အလွအပနဲ့ ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော် ]
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ