×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Chemical Peeling ဆိုတာဘာလဲ?

အစက်အပြောက်ကင်းစင်ပြီး Baby face လေးလိုအသားအရည်နူးညံ့ချောမွေ့စေမယ့် Chemical Peeling အစွမ်း

၁ ကြိမ် = 30,000 Ks (၃ ကြိမ်ယူရင် ၁ ကြိမ် Free ပါနော်)

Chemical Peeling ဆိုတာဘာလဲ?

Chemical peeling ဆိုတာ မျက်နှာ-လည်ပင်း-လက် စသည့် area များမှ skin ကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးသည့် နည်းပညာတစ်ခုပါ။ ပျက်စီးနေတဲ့ skin အလွှာဟောင်းအရေပြားဆဲလ်အသေလေးတွေကို ဖြေးဖြေးချင်း peel လုပ်ပြီး ဖယ်ရှားပေးပြီး ပိုမိုကောင်းမွန်ချောမွေ့သော skin အလွှာအသစ်ကို regenerate လုပ်ပေးခြင်းဖြစ်ပါသည်။ အရေပြားအတွင်း ဘက်တီးရီးယားခိုအောင်းနေမှုကိုပါ ဖယ်ရှားပေးရုံသာမက ချွေးပေါက်လေးများ၏ အောက်ခြေတွင် ကပ်တွယ်နေသော အညစ်အကြေးများကိုပါ အတွင်းအထိရှင်းလင်းပေးပြီး အဆီဂလင်းများရဲ့ ဖွဲ့စည်းပုံကို စနစ်တကျပြန်လည်တည်ဆောက်ပြုပြင်ပေးပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲ?

• နေလောင်ဒဏ်ရာများနှင့် နေထိထားသော အသားအရည်အား ပြန်လည်ကောင်းမွန်လာစေပါသည်။

• အသားအရေမညီညာခြင်း၊ အမာရွတ် နှင့်အညိုအမဲကွက်များသက်သာပျောက်ကင်းစေပါသည်။

• ဝက်ခြံအမျိုးအစားတစ်ချို့အား သက်သာပျောက်ကင်းစေပါသည်။

• အဆီဖုလေးများ၊ အမဲစက်နှင့် တင်းတိတ်များ သိသိသာသာသက်သာစေပါသည်။

• မျက်လုံးနှင့်ပါးစပ်တစ်ဝိုက်တွင်ဖြစ်လေ့ဖြစ်စရှိသော ဇရာအရေးအကြောင်းများသက်သာစေပါသည်။

• အဆီပြန်ခြင်းကင်းပြီး အသားအရည် ပိုမိုကြည်လင်ဝင်းပနုပျိုစေပါသည်။

Chemical peeling လုပ်ပါက သိသင့်သည့်အချက်များ

မိမိ၏အသားအရေ skin type နှင့် အဆင်ပြေမည့် Chemical အမျိုးအစားမတူညီသည့်အတွက် နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်သာ ပြုလုပ်သင့်ပါသည်။

Chemical peeling လုပ်ပြီးပါက ၃-၄ ရက်အကြာတွင် အသားပတ်သလို အရေပြားကွာခြင်း အနည်းငယ်ကြုံတွေ့ရတတ်ပါသည်။ စိုးရိမ်စိတ်ပူစရာမလိုပါဘူး အရေပြားအားဆွဲခွာခြင်းမလုပ်ပဲ ရေဓာတ်ရှိအောင် Moisturizer အသုံးပြုပေးသင့်ပါသည်။ ထို့အပြင် Chemical peeling လုပ်ပြီးခါစ skin သည် နေရောင်ခြည်ခံရန် မသင့်တော်ပါ။ နေရောင်ထဲသွားပါက SPF30 နှင့်အထက် နေရောင်ကာ sun cream အသုံးပြုရပါမည်။ ထီးဦးထုပ်ကဲ့သို့ အကာအကွယ်မပါပဲ နေရောင်ထဲကြာကြာမနေရပါ။

ကြာမြင့်ချိန်

မိနစ် ၁၅-၃၀ ကြားကြာမြင့်ပါသည်။

Beauty4u Aesthetic & Laser Clinic
No.972, Thanthumar Road, South Okkalapa Township, Yangon Tel: 095160311
Opening hour: 10 Am to 8 PM (Monday Close)

Be your own kind of beautiful 💕

လာမယ်ဆိုရင် ကြိုတင် appointment လေးယူပေးပါနော် 😍😍

သက်ဆိုင်သော ဆောင်းပါးများ

ပရိုမိုရှင်းတွေကို အချိန်မှီ ရယူကြပါစို့