×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Interview with Ma Cho Wutt Hmone (Founder of Ultra Fitness)
July 11, 2019 | by Ultra Fitness

ယခုအပတ်မှာတော့ Ultra Fitness ရဲ့ပိုင်ရှင် မချိုဝတ်မှုံနဲ့အင်တာဗျူးကို ပြောပြပေးလိုက်ပါတယ်။

Ma Cho Wutt Hmone

Managing Director

Ultra Fitness

Interview Date: 1, July, 2019

ကျန်းမာသန်စွမ်း လှပချင်တယ်ဆိုရင်တော့ Ultra Fitness ကို အချိန်မရွေး ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ကျွန်မနာမည်ကတော့ မချိုဝတ်မှုံဖြစ်ပါတယ်။ Ultra Fitness ရဲ့ပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ ကျွန်မ Ultra Fitness ကို ဆိုရင် ကျွန်မတို့က 2016 October လက ဖွင့်လှစ်ခဲ့ပါတယ်။ အခုဆိုရင် ၂ နှစ်ခွဲကျော်ရှိခဲ့ပါပြီ။

ကျွန်မတို့ဆီမှာတော့ Class ပေါင်းလည်း အခု ၂၀ ကျော်ရှိပါတယ်။ TRX Class, Yoga, Kickboxing, Dance အစုံပါတာပေါ့နော်။ Sophia Dance တွေ၊ Drumsticks, Power Start, Cardio, Bootcamp အဲ့ဒီတော့ အစုံပေါ့နော်။ အများကြီးရှိတာပေါ့။ Class က မျိုုးစုံ ကျွန်မတို့အမြဲလှည့်လှည့်ပေးပါတယ်။ Class တွေလည်း အများကြီးပေါ့နော်။ Customer တွေကြိုက်တဲ့ Class တွေ အသစ်တွေလည်း ပြောင်းပြောင်းပေးပါတယ်။ ပြီးတော့ ကွန်မတို့ဆီမှာ လောလောဆယ်တော့ Instructor (၈) ယောက်ရှိပါတယ်။ ဟို... ကျွန်မတို့က Customer တွေကို အဓိကဂရုစိုက်နေတာပေါ့။ Customer Services ကို အဓိကပေးပါတယ်။ Personal Trainer မလိုလောက်အောင် ဂရုစိုက်မှုတွေ ပေးပါတယ်ရှင်။

ကျွန်မတို့Ultra Fitness က ဆိုရင်တော့ Floor 3 Floor ရှိပါတယ်။ ပထမ ဒီ First Floor မှာဆိုရင်တော့ ကျွန်မတို့က အဓိကကတော့ ဒီ Studio အခန်းပေါ့နော်။ ဒီမှာတော့ Class Room တွေ အတွက် ဆော့ဖို့အတွက် ရပါတယ်။ Fee Class Room တွေလည်းလုပ်တယ်။ Windows Program တွေလည်း ရှိပါတယ်။ ကျွန်မတို့ဒီမှာ Muscle Game Program တွေကော Windows Program တွေလည်း ထည့်ထားပါတယ်။ ကလေးတွေအတွက် Summer အတွက်ဆိုရင်တော့ ကျွန်မတို့ Kickstand လေးတွေလည်းထည့်ထားပေးပါတယ်။

ကလေးတွေ ဆော့ကစားလို့ရအောင်ပေါ့နော်။ ပြီးတော့ ကျန်တဲ့ ကုမ္ပဏီတွေကနေပြီးတော့ လာပြီးတော့ ဒီ Social Welfare အတွက် ကုမ္ပဏီ Teamwork Skill တွေတက်အောင်လည်း ကျွန်မတို့မှာ Program တွေ များစွာရှိပါတယ်။ Corporate Program တွေလည်း အများဆုံးရှိပါတယ်။ ပြီးတော့ Second Floor မှာတော့ ကျွန်မတို့Muscle Training ပေါ့နော်။ အဲ့အတွက် အဓိကပေါ့နော်။ Muscle တွေ ကစားဖို့အတွက် Muscle ပစ္စည်းတွေပဲ အဓိကထားထားပြီးတော့ ဆော့လို့ရအောင် ထားထားပေးပါတယ်။ တတိယ Floor မှာဆိုရင်တော့ ကျွန်မတို့က ဒီ Cardio ပစ္စည်းတွေ အဓိကထားပေးပါတယ်။ အဲ့မှာကျတော့ Weight Loss နဲ့ဒီလို Weighting Machine တွေ Drum လေးတွေ ဘာတွေကို အဓိက ထားထားပေးထားတာ ဖြစ်ပါတယ်ရှင်။

ကျန်းမာသန်စွမ်း လှပချင်တယ်ဆိုရင်တော့ Ultra Fitness ကို အချိန်မရွေး ဖိတ်ခေါ်လိုက်ပါတယ်ရှင်။