- ဆောင်းပါးများ
- မုန်လာဥနီ ဘာလို့ပုံမှန်စားသင့်သလဲ?
မုန်လာဥနီ ဘာလို့ပုံမှန်စားသင့်သလဲ?
မုန်လာဥနီကို အစိမ်းလိုက်ကိုက်စား၍ဖြစ်စေ၊ အမျှင်လိုက်ခြစ်၍ဖြစ်စေစားခြင်းဖြင့် ထိခိုက်ခြနာကြောင့်ယောင်ယမ်းမှု၊ ဒဏ်ရာတို့ကို မြန်မြန်ပျောက်စေသည်။
မုန်လာဥနီလေးများကို စွပ်ပြုတ်၊ အရွက်သုပ်၊ဖျာ်ရည် နှင့် ကိတ်စသဖြင့် နေရာအတော်များ ထည့်သုံးလေ့ရှိကြသည်။ မုန်လာဥနီသည် မျက်လုံး၊ အသားအရေနှင့် ခန္ဓ္ဓကိုယ်အစာချေ
စနစ် စသည့် ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက်လည်းအထောက်အကူပြုသော အသီးအနှံတစ်မျိုးဖြစ်ပါသည်။
၁။ ဥနီတွင် ဗီတာမင် A ပါဝင်တဲ့အတွက်ကျန်းမာလှပတဲ့အသားအရေအတွက် စားပေးသင့်ပါသည်။
၂။ ဥနီမှာ ပါဝင်သည့် ဗီတာမင် နှင့် အင်ဇိုင်းတို့သည် အစာချေဖို့အတွက် အဓိကထောက်ပံ့ပေးပါတယ်.. ဥနီကိုပုံမှန်စားခြင်းဖြင့် အစာချေစနစ်ကိုကူညီပြီး အစာအိမ်နာရောဂါမှ ကာကွယ်ပေးပါတယ်..
၃။ဥနီမှာ အယ်လ်ကာလိုင်းဓာတ်ပေါများပါတယ်..သွေးအတွင်းရှိ အက်ဆစ်ဓာတ်နှင့် အယ်လ်ကာလိုင်းဓာတ်တို့ကို ထိန်းညှိပေးပြီး သွေးသားသန့်စေပါတယ်..
၄။ဥနီမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က ဆိုဒီယမ်ပမာဏကိုထိန်းပေးပြီးခန္ဓာကိုယ်တွင်းရှိသွေးဖိအားကို လျော့နည်းစေပါတယ်…
၅။သင့်ခံတွင်းထဲမှာရှိတဲ့ပိုးများကို သတ်ပေးပြီး သွားပိုးစားခြင်းမှ ကာကွယ်ပေးပါသည်..
၆။ဥနီကို အစိမ်းလိုက်ကိုက်စား၍ဖြစ်စေ၊ အမျှင်လိုက်ခြစ်၍ဖြစ်စေစားခြင်းဖြင့် ထိခိုက်ခြနာကြောင့်ယောင်ယမ်းမှု၊ ဒဏ်ရာတို့ကို မြန်မြန်ပျောက်စေသည်
၇။မုန်လာဥနီကို ပုံမှန်စားပေးခြင်းဖြင့် သွေးတွင်းသကြားပါဝင်မှုကို ထိန်းပေးသည်..
၈။အူမကြီးကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးသည်…
၉။အမျှင်ဓာတ်ပေါများပြီး နှလုံးရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးသည်…
၁၀။သင့်မျက်လုံး၊ အသားအရေ၊ဆံပင်၊လက်သည်းစသည်တို့၏ ကျန်းမာရေးအတွက်လည်း အထောက်အပံ့ပေးပါသည်…
(care-com မှ Article အား Yourfitster Team မှဆီလျော်အောင် ဘာသာပြန်သည်)