×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
ရေခဲမုန့် အမြဲစားခြင်း၏ ကောင်းကျိုး နှင့် ဆိုးကျိုး
July 10, 2019 | by Your Fitster Team

အရာရာတိုင်းမှာ အဆိုးနဲ့အကောင်းဒွန်တွဲနေသလို ရေခဲမှုန့်ကို နေ့စဉ်စားသုံးရင်ဖြစ်လာမယ့် ကောင်းကျိုးဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကောင်းကျိုးများ

==========
၁။အရိုးကို သန်မာစေသည်
ရေခဲမုန့်သည် နွားနို့ကို အခြေခံပြုလုပ်သည့်အတွက် နို့တွင် ပါဝင်သောကယ်လ်ဆီယမ်ဓာတ် သည် အရိုးများသန်မာစေဖို့အထောက်အကူပေးပါသည်။

၂။ကြွက်သားကို သန်မာစေသည်
ကြွက်သားသန်မာစေဖို့ လေ့ကျင့်ခန်းပြုလုပ်သူအချို့က ရေခဲမုန့်မှာ ပါဝင်တဲ့ သကြားဓာတ်ဟာ ကြွက်သားသန်မာဖို့လေ့ကျင့်ရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။

၃။ မျိုးပွားနိုင်မှုကို မြှင့်တင်ပေးသည်
လေ့လာတွေ့ရှိချက်များအရ ရေခဲမုန့်စားသော အမျိုးသမီးများသည် အဆီထုတ်ထားသော နွားနို့နှင့် ဒိန်ချဉ်စားသောအမျိုးသမီးများထက် မျိုးအောင်နိုင်နှုန်းပိုရှိပြီး ကိုယ်ဝန်ရရှိဖို့ အထောက်အကူပြုသည်ဟု သိရသည်။
တစ်ပတ်မှာ ၂ကြိမ် (သို့) ၃ကြိမ် ရေခဲမုန့်စားသုံးပါက မျိုးမအောင်နိုင်ခြင်းကို ၃၈% လျော့ချပေးနိုင်ပါသည်။

၄။လိုအပ်သောအာဟာရဓာတ်များရရှိစေသည်
ရေခဲမုန့်မှာ ဗီတာမင် A, C, D, E နှင့် ကယ်လ်ဆီယမ်ဓာတ်တို့ ပါဝင်သည့်အတွက် လိုအပ်တဲ့ အာဟာရဓာတ်များ ရရှိစေနိုင်ပါသည်။ (ဒါပေမယ့် အာဟာရဓာတ်ပြည့်ဝဖို့ ရေခဲမုန့်သည်သာ အကောင်းဆုံးဟု မဆိုနိုင်ပါ)။

၅။ ရေခဲမုန့်စားခြင်းဟာ သင့်ကို ပိုပျော်ရွှင်စေတယ်
ဆိုရိုးစကားတစ်ခုရှိပါတယ်။”ပျော်ရွှင်မှုကို သင်မဝယ်နိုင်ပါဘူး..ဒါပေမယ့် ရေခဲမုန့်ကိုတော့ ဝယ်နိုင်ပါတယ် ” ရေခဲမုန့်စားခြင်းဟာ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့အတွက် တကယ်လည်းသင့်ကို ပျော်ရွှင်စေပါတယ်။

ဆိုးကျိုးများ
=========

၁။ အဝလွန်ခြင်း
အချို့လူများအတွက် ရေခဲမုန့်ဇွန်း ၄ဇွန်းနှင့်ညီမျှသော ပမာဏစားသုံးလျှင်ပင်ကယ်လိုရီ ၁၀၀၀ အထိ တက်စေနိုင်သည်။ ရေခဲမုန့်ကို နေ့တိုင်းစားခြင်းဟာ သင့်ကိုယ့်အလေးချိန်တိုးစေပြီးအဝလွန်စေဖို့ တွန်းအားပေးပါသည်။

၂။စွမ်းဆောင်အားလျော့စေသည်
သကြားပါဝင်တဲ့ ရေခဲမုန့်ကို စားခြင်းဖြင့် စွမ်းအင်တိုးစေသည်မှာ မှန်သော်လည်း ရေခဲမုန့်အမြဲစားခြင်းဟာ အဝလွန်စေပြီး ကိုယ်တွင်းသကြားဓာတ်ထုတ်လုပ်မှုကို နှေးကွေးစေပါသည်။

၃။ နှလုံးရောဂါဖြစ်ပွားစေရန်အားပေးသည်
ရေခဲမုန့်အမြဲစားခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းကို အားပေးပြီး နေ့စဉ်စားသုံးပါက အန္တရာယ်ဖြစ်စေနိုင်ပါသည်။

၄။ မှတ်ညဏ်အားလျော့စေသည်
လေ့လာချက်များအရ ရေခဲမုန့်အမြဲစားသုံးခြင်းကြောင့် တွေဝေခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ မှတ်ညဏ်အားလျော့ခြင်းတို့ဖြစ်ပေါ်စေသည်။

၅။ ဗိုက်ပြည့်အင့်စေခြင်း
ရေခဲမုန့်သည် ကိုယ်အလေးချိန်တိုးစေနိုင် သည့်အပြင် အစာခြေစနစ်သည် ရေခဲမုန့်ဇွန်း ၄ဇွန်းလောက်ကိုပင် လုံးဝခြေဖျက်ဖို့ရန်အချိန်ယူနေသော တခဏ၌ ပြည့်အင့်ပြီး မအီမသာဖြစ်ခြင်းကိုခံစားရနိုင်သည်။

၆။ စွဲလန်းမှုဖြစ်စေခြင်း
ရေခဲမုန့်ကို နေ့တိုင်းသာစားမည်ဆိုလျှင် မူးယစ်ဆေးစွဲသကဲ့သလို့ မစားရမနေနိုင်ဖြစ်စေသဖြင့် နေ့စဉ်စားသုံးခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

(epainassist-com မှ Artical အား Your Fitster Teamမှဆီလျော်အောင်ဘာသာပြန်သည်)

အလွအပနဲ့ ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော် ]
<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ