- ဆောင်းပါးများ
- ပင်ပန်းနွမ်းနယ်မှုကို သက်သာအောင် ဘာတွေလုပ်သင့်သလဲ?
ပင်ပန်းနွမ်းနယ်မှုကို သက်သာအောင် ဘာတွေလုပ်သင့်သလဲ?
ပင်ပန်းနွမ်းနယ်မှု သက်သာပျောက်ကင်းစေရန် အောက်ပါရိုးရှင်းလွယ်ကူသော အချက်များအတိုင်း ကျင့်ကြံနေထိုင်သင့်ပါသည်။
ပင်ပန်းနွမ်းနယ်မှုသည် အိပ်ရေးမဝခြင်းကြောင့်ဖြစ်စေ၊ ပုံမှန်မဟုတ်သော ဝိတ်ချလေ့ကျင့်ခန်းကြောင့်ဖြစ်စေ၊ နေ့စဉ်ရုန်းကန်လှုပ်ရှားရခြင်းကြောင့်ဖြစ်စေ လူတိုင်းဖြစ်တတ်ကြပါသည်။ ပင်ပန်းနွမ်းနယ်မှု သက်သာပျောက်ကင်းစေရန် အောက်ပါရိုးရှင်းလွယ်ကူသော အချက်များအတိုင်း ကျင့်ကြံနေထိုင်သင့်ပါသည်။
၁။ပုံမှန်စားပါ
ပုံမှန်စားနေကျအတိုင်း စားသောက်နေထိုင်ပါ။ အစားအစာများကို မကြာခဏ များများစားခြင်းထက် သားရေစာကို ၃နာရီခြားတစ်ခါ (သို့) ၄နာရီခြားတစ်ခါ စားသုံးပါ။
၂။လှုပ်လှုပ်ရှားရှားနေပါ
ပင်ပန်းနွမ်းနယ်နေတဲ့ အချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာ ဘယ်သူမှ စဉ်းစားမယ့် အရာမဟုတ်ပါဘူး။ ဒါပေမယ့် ပင်ပန်းတာကို စိတ်ထဲမထားပဲ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးခြင်းက သင့်ကို စွမ်းအင်တိုးစေပါတယ်။
အနည်းဆုံး ၁၅ မိနစ်ခန့် လမ်းလျောက်ပေးခြင်းကပင် စိတ် နှင့် ခန္ဓာကို လန်းဆန်းစေပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းကို တဖြည်းဖြည်းနှင့် စတင်ပြီး အပတ်တိုင်း လတိုင်း ၁နာရီ (သို့) ၂နာရီခန့် ပြုလုပ်မည်ဟု ရည်မှန်း
ချက်ထားကာ ပုံမှန်လုပ်ဆောင်ပါက စိတ်ခန္ဓာအတွက် များစွာ အကျိုးပြုစေမည်ဖြစ်ပါသည်။
၃။ဝိတ်ချပါ
သင့်ခန္ဓာကိုယ်ဟာ ပုံမှန်အလေးချိန်ထက် တက်လာတဲ့ Body Weight ကို သယ်ပိုးဖို့ အလုပ်ပိုလုပ်ရပြီး နှလုံးဖိအားသည် ပုံမှန်ထက်ပိုမိုများစေသဖြင့် ပင်ပန်းစေပါသည်။ အစားပုံမှန်စား၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး
ကိုယ်အလေးချိန်လျော့ချခြင့်ဖြင့် လန်းဆန်းတက်ကြွစွာ နေထိုင်နိုင်မှာပါ။
၄။ကောင်းကောင်းအိပ်ပါ
တနေကုန်အလုပ်လုပ်နေသော်လည်း ညကောင်းကောင်းအိပ်မပျော်တာမျိုး ဖြစ်တတ်ပါသည်။ကောင်းကောင်းအိပ်ပျော်စေရန်
မနက်ထချိန် နှင့် ညအိပ်ချိန်ကို ပုံမှန်ဖြစ်အောင် လေ့ကျင့်ကြည့်ပါ
နေ့ခင်းမှာ တရေးအိပ်ခြင်းမှ ရှောင်ကြဉ်ပါ
အိပ်ရာမဝင်ခင် သက်သောင့်သက်သာဖြစ်စေရန် အချိန်ယူပါ
၅။စိတ်ဖိစီးမှုကို လျော့ချပါ
စိတ်ဖိစီးမှုသည် သင့်စွမ်းအင်အတော်များကို လျော့ပါးအောင် လုပ်နိုင်သည်ကို သတိပြုမိပါသလား။ ထိုသို့မဖြစ်စေရန်
Gym ကစားပါ
Yoga ကျင့်ပါ
သီချင်းနားထောင်ပါ
စာဖတ်ပါ
သူငယ်ချင်းများနှင့် အချိန်ဖြုန်းပါ
၆။ကဖင်းလျော့ပါ
ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ၊ စွမ်းအားတိုးစေသော အချိရည်၊ နာကျင်မှုပျောက်ဆေး စသည်တို့တွင် ကဖင်းဓာတ်အတော်များတွေ့ရလေးရှိသည်။ စိတ်ရောဂါအထူးကုကျောင်းတစ်ခုမှ အကြံပေးချက်အရ
ပင်ပန်းမှု ခံစားရပါက ကဖင်းပါသော အရည်များအား (၃)ပတ်ခန့် ဝေးဝေးနေပါက ပင်ပန်းမှုကို ပျောက်စေသည်ဟု ဆိုပါသည်။
၇။အရက်လျော့သောက်ပါ
ညနေခင်းမှာ ဝိုင်နှစ်ခွက်လောက် သောက်ရုံမျှဖြင့် သင့်ကို အိပ်ပျော်ဖို့ တွန်းအားပေးနိုင်ပါသည်။ သို့ပေမယ့် အရက်သောက်ပြီးလို့ တစ်ညလုံး ၈နာရီခန့် ကောင်းကောင်းအိပ်သော် လည်း မနက်ခင်းနိုးထတဲ့ အချိန်မှာ ပင်ပန်း
နွမ်းနယ်မှုကို သင်ခံစားရဆဲဖြစ်မှာပါ။ အိပ်ရာဝင်ခါနီး အရက်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် ကောင်းကောင်းအိပ်ပျော်စေပြီး မနက်မှာ လန်းဆန်းစွာ နိုးထစေပါသည်။
National Health Service (NHS) ရဲ့အကြံပေးချက်အရ တစ်ပတ်မှာ ဝိုင် ၁၀ခွက်(သို့) ဘီယာ ၆ခွက်ထက်ပိုမသောက်သင့်ဘူးလို့ သိရပါတယ်။
မကြာခဏ ပင်ပန်းတတ်တဲ့ သူငယ်ချင်းတွေရှိခဲ့ရင် ဒီပိုစ့်လေးကို Like & Share လုပ်ပေးဖို့မမေ့ပါနဲ့နော်….<3 sharing is caring <3
(nhs-uk မှ Artical အား Your Fitster Teamမှ ဆီလျော်အောင်ဘာသာပြန်သည်)