- ဆောင်းပါးများ
- ဗိုက်ဆာနေလျှက်နှင့် အိပ်ရာမဝင်သင့်သည့်အကြောင်းရင်းများ
ဗိုက်ဆာနေလျှက်နှင့် အိပ်ရာမဝင်သင့်သည့်အကြောင်းရင်းများ
ဗိုက်ဆာနေလျှက်နှင့် အိပ်ရာမဝင်သင့်သည့်အကြောင်းရင်းများ
ဝိတ်ချချင်လို့ ညစာရှောင်ခြင်းဖြစ်စေ၊ စားချင်စိတ်မရှိလို့ဖြစ်စေ၊ ပင်ပန်းလို့ဖြစ်စေ ညစာမစားမိဘဲ အိပ်ရာဝင်တဲ့ အကျင့်ရှိခဲ့ရင် ဒီဆောင်းပါးလေးကို သင့်အတွက် ရေးတယ်လို့ မှတ်ပါနော်….
ပညာရှင်တွေရဲ့အဆိုအရ ဆာလောင်ခြင်းဟာ သင်အိပ်နေစဉ်မှာတောင် ဦးနှောက်ကို နိုးကြားစေပြီး အိပ်မပျော်ဖို့ တွန်းအားပေးတယ်လို့ဆိုပါတယ်။ ကောင်းမွန်စွာ အိပ်မပျော်စေတဲ့ အခြားအကြောင်းရင်းတွေလဲ များစွာရှိပါတယ်။
၁။စိတ်ပင်ပန်းမှု မြင့်တက်စေခြင်း
အလုပ်များတဲ့လူတစ်ယောက်အတွက် ၇နာရီ မှ ၉နာရီအတွင်းအိပ်ခြင်းက ကောင်းမွန်တဲ့ အိပ်စက်ခြင်းဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ စိတ်နဲ့ ခန္ဓာအတွက်ပင်ပန်းနွမ်းနယ်ခြင်းမှ ကုစားပေးခြင်းဖြစ်ပါတယ်။ ဒီလိုအိမ်မက်လှလှမက်နေတဲ့ အိပ်စက်ခြင်းကို ဖျက်ဆီးနိုင်တာကတော့ ဆာလောင်ခြင်းပဲ ဖြစ်ပါတယ်။ ဆာလောင်ခြင်းကြောင့်ကောင်းကောင်းအိပ်မရတဲ့အခါသင့်ကို ပိုပြီး စိတ်ပင်ပန်းမှု မြင့်တက်စေပါတယ်။
၂။နေထိုင်၍မကောင်းခြင်း
အလုံအလောက်အိပ်ချိန်မရှိခြင်းဟာ သင့်ကိုသက်တောင့်သက်သာနေထိုင်လို့မရအောင်တွန်းအားပေးပါတယ်။ ဒီညအိပ်ရေးမဝလို့ နောက်ရက် မျက်စိကြောင်နေတာမျိုးနဲ့ မတူပါဘူး။ အစာမရှိတဲ့အတွက် ခန္ဓာကိုယ်ဟာ လိုအပ်တဲ့ ကာဗွန်ဟိုက်ဒရိတ်ထုတ်လုပ်ဖို့ လုံလောက်မှုမရှိတာကြောင့် ပျော်ရွှင်စေတဲ့ ဟော်မုန်းထုတ်လုပ်မှုကို အနှောက်အယှက်ဖြစ်စေပါတယ်။ အထူးသဖြင့် သင်ဟာ စိုးရိမ်ကြောင့်ကြမှုကြောင့် စိတ်ကျရောဂါခံစားနေရတဲ့အခါမျိုးမှာ အစာမရှိပဲနဲ့ ညအိပ်ရာဝင်ခြင်းကို အထူးရှောင်ကြဉ်သင့်ပါတယ်။
၃။ဝိတ်တက်လာခြင်း
ညစာမစာခြင်းကြောင့် ဝိတ်ကျမယ်လို့ ကိုယ်တွေထင်ထားတဲ့ အတွေးကို ပညာရှင်တွေကတော့ ကိုယ့်အတွေးနဲ့ ဆန့်ကျင်ဘက် ဝိတ်တက်လာနိုင်တယ်လို့ဆိုပါတယ်။ မလိုချင်တဲ့ ဝိတ်တွေတက်လာခြင်းဟာ အောက်ပါအကြောင်းများကြောင့်ဖြစ်ပါတယ်။ ညအိပ်မပျော်တာကြောင့် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုနှေးကွေးစေပြီး ဒီလိုနှေးကွေးမှုက ဝိတ်တကယ်ကောကျမှာလားဆိုတာ စဉ်းစားစရာပါ။ နောက်တစ်ချက်က အိပ်မပျော်တဲ့အခါ အစာစားချင်တဲ့အာသီသကြောင့် အစားပိုစားမိပြီး ခါးမှာအဆီပိုတွေစုလာနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းနေလို့ပဲဖြစ်ဖြစ်၊ ဝိတ်ကျချင်လို့ပဲ ဖြစ်ဖြစ် မစားပဲ မနေသင့်ပါဘူး ညစာကောင်းကောင်း..စားပြီး ချက်ချင်းမအိပ်ဘဲ (၂)နာရီ၊ (၃)နာရီလောက်နေပြီးမှ အိပ်ရာဝင်သင့်ပါတယ်။
(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ညစာမစားဘဲ အိပ်လေ့ရှိတဲ့ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်
<3 sharing is caring <3