×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
  • ဆောင်းပါးများ
  • အိမ်မွေးတိရိစ္ဆာန်ရှိခြင်းက သင့် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးသလဲ?
အိမ်မွေးတိရိစ္ဆာန်ရှိခြင်းက သင့် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးသလဲ?
January 2, 2020 | by Your Fitster Team

အိမ်မွေးတိရိစ္ဆာန်ရှိခြင်းက သင့် ကျန်းမာရေးကို ဘယ်လိုအထောက်အကူပေးသလဲ?

ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ပျော်ရွှင်ခြင်းနဲ့ ချစ်ခင်မြတ်နိုးမှုကို ပေးတယ်ဆိုတာငြင်းလို့တော့မရပါဘူး။ ဒီထက်ပိုကောင်းတဲ့အချက်ကတော့ သင့်ကျန်းမာရေးကို သူတို့လေးတွေက ကောင်းစွာ အထောက်အပံ့ပေးတယ်ဆိုတာပါပဲ။ ခွေးလေးတွေနဲ့ တူတူ လမ်းလျှောက်ထွက်မလား။ ဘောလုံးဆော့နေတဲ့ ကြောင်လေးကို ကြည်နူးစွာ ငေးကြည့်မလား။ ကြက်တူရွေးလေးတွေကို စကားပြောတတ်အောင်သင်ပေးခြင်းဖြင့် စိတ်အာရုံနှစ်ထားမလား စသဖြင့် စိတ်ရောကိုယ်ပါ အပန်းပြေစေပါတယ်။ ပညာရှင်တွေကတော့ ကျန်းမာရေးအတွက် နဲ့ စိတ်ချမ်းသာဖို့အတွက် အိမ်မွေးတိရိစ္ဆာန်လေးတွေကို အောက်ပါအချက်အလက်များကြောင့် မွေးသင့်တယ်လို့ ထောက်ခံထားပါတယ်။

၁။ပင်ပန်းမှုလျော့စေခြင်း

မိသားစု၊ မိတ်ဆွေသူငယ်ချင်းထက် အိမ်မွေးတိရိစ္ဆာန်လေးတွေကြောင့် စိတ်ပင်ပန်းမှု ပိုသက်သာစေတယ်လို့ University at Buffalo ရဲ့ လေ့လာချက်အရသိရပါတယ်။ ရွှေငါးလေးတွေ ရေကူးနေတာကို ကြည့်နေရတဲ့ အခိုက်အတန့်က ပင်ပန်းမှုကို မေ့လျော့စေတယ်ဆိုတာကတော့ လက်ခံပေးရမယ့်အချက်ပါ။

၂။ကြာရှည်ခံစားနေရတဲ့ နာကျင်မှုဝေဒနာသက်သာစေသည်

အိမ်မွေးတိရိစ္ဆာန်ရှိခြင်းက နာကျင်မှုသက်သာစေတဲ့ဆေးကို ပါးစပ်ထဲတဖောက်ဖောက်ဝါးနေသလိုပဲလို့ဆိုပါတယ်။ အထူးသဖြင့် သင်ဟာ နာတာရှည် နာကြင်မှုဝေဒနာကို ခံစားနေရတဲ့သူဆိုရင်ပေါ့။ (ဥပမာ။ ။အရိုးအဆစ်ရောင်ရမ်းနာ၊ အာရုံကြောစနစ်ယိုယွင်းမှုကြောင့်ကိုယ်လက် လှုပ်ရှားမှု၊စကား ပြောဆိုမှုစ သည် ထိန်းမနိုင် ဖြစ်သော ရောဂါ စတာတွေခံစားနေရရင် အိမ်မွေးတိရိစ္ဆာန်လေးတွေက ဒီဝေဒနာတွေကို သက်သာစေတေယ်လို့ဆိုပါတယ်။

၃။စိတ်ခံစားမှုအားကောင်းစေသည်

ချစ်စရာကောင်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ အမူအကျင့်လေးတွေဟာ သင့်ကို ရယ်မောပျော်ရွှင်စေတဲ့ ဆေးတစ်မျိုးပါပဲ။ စိတ်ညစ်နေတဲ့အခါ၊ လူတွေအကုန်လုံး ကိုယ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ ခံစားရတဲ့အခါ အိမ်မှာမွေးထားတဲ့ ချစ်ဖို့ကောင်းတဲ့ ရော်ကီလေးကို ဖက်ထားလိုက်ပါ။ သူက သင့်ကို ဘာဖြစ်တယ်၊ညာဖြစ်တယ်အပြစ်ပြောမယ့်သူ၊ ဆုံးဖြတ်မယ့်သူ မဟုတ်တာသေချာပါတယ်။

၄။ ကိုလက်စရောလျော့ချပေးတယ်

ဘာကြောင့်လဲလို့ ရေရာတဲ့ အဖြေမရှိပေမယ့် အိမ်မွေးတိရိစ္ဆာန်ရှိတဲ့ သူတွေဟာ မရှိတဲ့လူတွေလောက် ကိုလက်စရော တက်လေ့မရှိဘူးလို့ ဆိုပါတယ်။ အိမ်မွေးတိရိစ္ဆာန်ရှိခြင်းနဲ့ ကိုလက်စတောမတက်ခြင်းဟာ ဘယ်လိုဆက်စပ်မှုရှိသလဲ အဖြေရှာလို့ မရပေမယ့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့သူတွေ အများစုဟာ အိမ်မွေး တိရိစ္ဆာ န်လေးေ တွကို အခြားလူများထက်ပိုပြီး လိုလိုလားလားရှိကြပါတယ်။

၅။ နှလုံးရောဂါနှင့် ပန်းနာရင်ကျပ်ရောဂါများမှ သက်သာစေတယ်

အိမ်မွေး ကြောင်လေးများနှင့် ခွေးလေးများရှိခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းမှ ၄၀% လျော့ချပေးပြီး၊ ပန်းနာရင်ကျပ်ဖြစ်ခြင်းမှ ၃၀% လျော့ချပေးနိုင်တယ်လို့ဆိုပါတယ်။ သဘာဝနည်းလမ်းတွေထဲက လွယ်ကူတဲ့နည်းလမ်းတစ်ခုပါပဲ။

၆။ ကိုယ်ခံအားစနစ်ကောင်းစေတယ်

သင့်ဝန်းကျင်မှာ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ ကြီးပြင်းလာတဲ့သူဆိုရင် အရွယ်ရောက်တဲ့အခါ သင်ဟာအခြားသူငယ်ချင်းတွေလောက် အလက်ဂျီ(ယားယံခြင်း၊ အဖုအပိန့်ထခြင်း) ဖြစ်ခြင်း မရှိဘဲ ကိုယ်ခံအားပိုမိုကောင်းမွန်စေပါတယ်။

(healthdigezt-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)

တိရိစ္ဆာန်လေးတွေချစ်တတ်တဲ့ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော်

<3 sharing is caring <3

သက်ဆိုင်သော ဆောင်းပါးများ