×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
Interview with Dr Wint Wint Khine (Founder of Smart Skin)
December 2, 2019 | by Smart Skin Beauty Clinic

ယခုအပတ်မှာတော့ Smart Skin Beauty Clinic ရဲ့ Founder Dr Wint Wint Khine နဲ့ အင်တာဗျူးကို ပြောပြပေးလိုက်ပါတယ်။


Notice: Trying to access array offset on value of type bool in /home2/cp508933/public_html/www-yourfitster-com/wp-content/themes/ns-yourfitster/single-interviews.php on line 78

Dr Wint Wint Khine

Founder

Smart Skin Beauty Clinic

Interview Date: Nov 28, 2019

အသားရည်ကို ကြည်လင်တင်းတင်းလေးဖြစ်စေပြီး ဝက်ခြံ ချိုင့်ကွက် အမာရွတ်တွေကိုလည်း သက်သာစေတယ်ပေါ့နော်။ အသားရေ အရေးကြောင်းတွေဆိုရင်လည် လျော့ပါးစေတဲ့အတွက်ကြောင့်ပေါ့နော်။ မလုပ်ဖူးသေးတဲ့သူတွေလည်း တစ်ကြိမ်တစ်ခါလောက်တော့စမ်းကြည့်သင့်ပါတယ်။

ကျွန်မနာမည်က Dr.Wint Wint Khine လို့ခေါ်ပါတယ်။ Dr Jue Li လို့လည်း သိကြပါတယ်။ အစ်မက မလေးရှားနိုင်ငံကနေပြီးတော့ အထူးကု Master ဘွဲ့ကို ရရှိထားပြီးတော့ နိုင်ငံတကာအသိမှတ်ပြုလက်မှတ်တွေလည်း ရရှိထားပါတယ်။ အစ်မက ဆေးခန်းတစ်ခုမှာ လုပ်သက် ၅ နှစ်ကျော် အတွေ့ကြုံရှိခဲ့ပြီးတော့ ဒီအလှအပဆေးခန်းလေး Smart Skin ဆေးခန်းလေးကို ကိုယ်တိုင်ဦးစီးပြီးတော့ စတင်လုပ်ကိုင်ခဲ့ပါတယ်။

အစ်မတို့ Smart Skin ဆေးခန်းမှာ ရရှိတဲ့ကုသမှုတွေကတော့ ပုံစံ ၄ ခုနဲ့ သွားပါတယ်။ နံပါတ် ၁ ကတော့ Smart Bright Program ပေါ့နော်။ အဲ့တာလေးကကြတော့ IP ရယ် Laser Rejuvenation ဆိုတဲ့ Light Laser Therapy နောက်တစ်ခုကကျတော့ Brightening Facial Spa လို့ခေါ်တဲ့ အစ်မတို့ဆီမှာ နာမည်ကြီးတဲ့ Beauty Perfect,Vriterhato Facial, Luxury Facial Spa အစရှိတာလေးတွေလည်း လုပ်လို့ရတယ်။ နောက်တစ်ခုကြတော့ အခုခေတ်စားနေတဲ့ သွေးခြေကုထုံး PRP ကုသမှုတွေ ဝက်ခြံကုထုံး Body Fluit ကုသမှု Body Spa ကုသမှု အဲ့တာမျိုးလေးတွေလည်း အစ်မတို့ဆီမှာ ရတယ်ပေါ့နော်။ နံပါတ် ၂ အနေနဲ့ကတော့ Smart Slim Program လို့ခေါ်တဲ့ အဆီချကုသမှုပေါ့။ အဲ့တာတွေကြတော့ အဆီချတဲ့နေရာမှာ ဆေးထိုးပြီးတော့ ခန္တာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အဆီတွေကို ချတာလေးတွေရှိတယ်။ နောက်တခုကြတော့ Drip ချိတ်ပြီးတော့ ခြေဖျက်မှု အားကောင်းအောင် ပြုလုပ်တဲ့ဟာလေးတွေရှိတယ်။ နောက်တစ်ခုကြတော့ တချို့က အသားနာမှာကြောက်တဲ့အခါမှာ စက်နဲ့အဆီချတာပေါ့နော်။ သူက အသားရေတင်းရင်းအောင်လုပ်ပါတယ်။ အဲ့လိုကုသမှုလေးတွေရှိတယ်။ နံပါတ် ၃ အနေနဲ့က Smart Young Program ပေါ့နော်။ အသက်ရွယ်ရလို့ အိုမင်းလာတဲ့အခါ ရရှိလာတဲ့ အက်ကြောင်းတွေ လျော့ရွဲလာတဲ့ အသားရည်တွေကို ပြုပြင်ဖို့ Boat, Filter, Coligny ကြိုးတွေကို အသုံးပြုပြီးတော့ ကုသမှုလေးတွေလုပ်ပေးပါတယ်။ နောက်တစ်ခုကကျတော့ ကိုယ့်မျက်နှာမှာရှိတဲ့ မကြိုက်တဲ့ အစိတ်ပိုင်းတခုချင်းစီကိုလည်း မခွဲမစိတ်ပဲနဲ့ ပုံဖော်တဲ့ကုသမှုလေးတွေလဲလုပ်လို့ရပါတယ်။ နံပတ် ၄ အနေနဲ့ အစ်မတို့ဆီမှာ Smart Healty Hair Program ဆိုတဲ့ Program လေးပေါ့နော်။ ဆံပင်ကျွတ်သန်တာတွေ ဆံပင်ပါးတာတွေ အတွက်ပေါ့နော်။ ဦးရည်ပြားကို ဆေးထိုးပြီးတော့ ကုသလို့ရတဲ့ ကုသမှုလေးတွေရှိတယ်။ နောက်တစ်ခုကကျတော့ သွေးရေကြည်နဲ့လည်း ဦးရေပြားကို အားဖြည့်ကုသလို့ရတယ်။ ဒါကကျတော့ ဆံပင်ပါးတဲ့ သူတွေအတွက်ပေါ့နော်။ တချို့ကျတော့ ခန္တာကိုယ်မှာရှိတဲ့ မလိုချင်တဲ့နေရာမှာရှိတဲ့ အမွှေးမျှင်တွေကို လေဆာနဲ့မပေါက်တော့အောင် လျော့ပါးသွားအောင် လေဆာနဲ့လုပ်တဲ့ နည်းလည်းရှိပါတယ်။

အစ်မတို့ဆီမှာရှိတဲ့ကုသမှု ဈေးနှုန်းလေးကတော့ အနည်းဆုံး ၃ သောင်းခွဲကနေ သိန်းဂဏန်းထိရှိပါတယ်။

အစ်မတို့ဆေးခန်းက Quality ကို အဓိကထားတဲ့ ဆေးခန်းလေးမို့လို့ အသုံးပြုတဲ့ ပစ္စည်းတွေက USA Made, Korea Made, Sweden Made ပစ္စည်းတွေကိုပဲ အသုံးပြုပါတယ်။

အစ်မတို့ဆီမှာရှိတဲ့ White & Refical PRB အဆင့်မြင့် သွေးကြည်ကုထုံးကတော့ Best Seller ဖြစ်ပြီး လူတွေကြားမှာ Hot ဖြစ်နေတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။ သွေးရေကြည်ရဲ့ ကောင်းခြင်းတွေက လက်တင်းတာတွေ သက်သာစေတယ်။ ချွေးပေါက်ကျယ်တာတွေ ချွှေးပေါက်ကျဉ်းစေတယ်။ အသားရည်ကို ကြည်လင်တင်းတင်းလေးဖြစ်စေပြီး ဝက်ခြံ ချိုင့်ကွက် အမာရွတ်တွေကိုလည်း သက်သာ‌စေတယ်ပေါ့နော်။ အသားရေ အရေးကြောင်းတွေဆိုရင်လည် လျော့ပါးစေတဲ့အတွက်ကြောင့်ပေါ့နော်။ မလုပ်ဖူးသေးတဲ့သူတွေလည်း တစ်ကြိမ်တစ်ခါလောက်တော့စမ်းကြည့်သင့်ပါတယ်။ အစ်မတို့ နောက် ၁ နှစ်ထဲမှာ ထပ်တိုးလုပ်မယ့် ဝန်ဆောင်မှု ၁ ခုကတော့ မျက်ရစ်ကို Coligin ကြိုးနဲ့ ပုံဖော်ခြင်းပေါ့နော်။ ဒီ Coligin ကြိုးနဲ့ ပုံဖော်တာက ၃ နှစ်ကနေ ၅ နှစ်ခံပြီးတော့ မကြိုက်ရင်လဲ ပြန်လည်ပြုပြင်လို့ရတဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။

အခုလို အလှအပနဲ့ကျန်းမာရေးရာ ဗဟုသုတတွေကို မျှဝေပေးနေတဲ့ Your Fitster လည်း အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျေးဇူးတင်ပါတယ်။