- ဆောင်းပါးများ
- အသားဖြူအောင် အသားအရေလှေ အာင် ဘယ်လိုနေကြမလဲ???
အသားဖြူအောင် အသားအရေလှေ အာင် ဘယ်လိုနေကြမလဲ???
(Just sharing my tips & experience ☺️ )
👩🏻⚕️ ဆေးခန်းလာတဲ့ customers တွေရော
အသိမိတ်ဆွေတွေရော အဓိကဖြစ်ချင်တဲ့ အမေးများတဲ့ အကြောင်းအရာကတော့ 🎀 အသားဖြူအောင်၊ skin glow ဖြစ်နေအောင်၊ skin လှအောင် 🎀 လုပ်ယူလို့ရလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ် ‼️‼️‼️
👩🏻⚕️အဖြေကတော့ အပြည့်အဝ ရပါတယ်လို့ပဲ ဖြေပါရစေ…..ဘာလို့လဲဆိုတော့ ချိုဇင်ကိုယ်တိုင်ကလည်း အရင်ကအသားအရေနဲ့ အခုလုပ်ယူထားတဲ့အသားအရေနဲ့က တခြားစီပါနော် 😁🧚🏻♀️
👩🏻⚕️ အဲ့တော့ အသားအရေလှအောင် ဖြူအောင် လုပ်ယူလို့ရစေမဲ့ tips လေးတွေကို share လုပ်ပေးလိုက်ပါတယ်နော် 🌈🌈🌈
(1) Drink Water
🌟 အနဲဆုံးတစ်နေ့ကို 2 – 3 L ခန့်သောက်ပါ 💦
(2) Do Physical Exercise
🌟 Yoga ဆော့တာပဲဖြစ်ဖြစ်၊ gym ဆော့တာပဲဖြစ်ဖြစ်၊ အိမ်မှာပေါ့ပေါ့ပါးပါး ချွေးထွက်စေတဲ့ ကိုယ်လက်လုပ်ရှားမှု လေ့ကျင့်ခန်းတစ်ခုခုဖြစ်ဖြစ် ပုံမှန်လုပ်ပါ 🧘🏻♀️🏋🏼♀️
(3) Exfoliate
🌟 scrub အနုလေးတွေနဲ့ body scrub ကို တစ်ပတ်ကို တစ်ကြိမ်မှ နှစ်ကြိမ်ခန့် လုပ်ပေးပါ
(scrub အကြမ်းကြီးတွေကိုတော့ အားမပေးပါဘူးနော် ⛔️⛔️⛔️)
(4) Keep Moisture
🌟 အစိုဓာတ်ကို ထိန်းထားပေးမဲ့ Moisturizing Lotion 🧴 တစ်ခုခု အမြဲလူးပါ
(5) Protect UV rays
🌟နေပူထဲသွားရင် sun screen အမြဲလူးဖို့ မမေ့နဲ့နော် 🌈
(6) Use Body Oil
🌟 Body Lotion ထဲကိုရောပြီးလူးပေးတာပဲဖြစ်ဖြစ်၊ အချိန်ရင် Extra Virgin Coconut Oil 🥥 ကို ရေမချိုးခင် နာရီဝက်အလိုလောက် အသားထဲကို စိမ့်ဝင်အောင်လူးထားတာပဲဖြစ်ဖြစ် တစ်ပတ်ကို ၁ ကြိမ် (သို့) ၂ ပတ်ကို ၁ ကြိမ်ခန့် လုပ်ပေးပါ
(7) Take Oral Supplements
🌟 side effect ကင်းတဲ့ စိတ်ချရတဲ့ collagen supplement တို့၊ whitening supplement တို့သောက်ပေးပါ
(ချိုဇင်ကတော့ အခုလောလောဆယ် GNC က Lac Taut White လေးသောက်နေတယ် 😁)
(8) Take Aesthetic Procedures
🌟 ထပ်ပြီးတော့မှ လုပ်ချင်တယ်ဆိုရင်တော့ Aesthetic Clinic တွေမှာ အသားအရေလှအောင် Injection Treatments လေးတွေယူပြီး skin လှအောင်လုပ်ယူလို့ရပါတယ်နော် ❄️❄️❄️
#glow_your_skin_with_dr_glow ✨✨✨