×

Your Fitster

ဤ Your Fitster App အား Download ယူပါ။
×
မိုးတွင်းမှာ ခြေချောင်းလေးတွေကို ဘယ်လိုဂရုစိုက်မလဲ?
August 8, 2019 | by YGN Health Spa

မိုးရာသီမှာတောင် လှပသန့်ရှင်းတဲ့ခြေချောင်းပိုင်ရှင်လေးတွေဖြစ်စေဖို့ Y.G.N Spa မှာကြိုတင်ဘိုကင်လုပ်ထားလိုက်တော့နော်။

မိုးတွင်းဘက်မှာခြေချောင်းလေးတွေဟာ ရေစိုပြီး မှိုနဲ့ ဘက်တီးရီးယားပိုမိုပေါက်ပွားနိုင်ပါတယ်။ ခြေချောင်းတွေရဲ့ကြားထဲကို ရောက်လာတဲ့ ရေနဲ့သဲတို့ကြောင့် ခြေဝဲစားခြင်း၊ ခြေချောင်းလေးများပွန်းခြင်း၊ ဖိနပ်ရေစိုကြောင့် အနံ့ဆိုးထွက်ခြင်းများကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်မိုးတွင်းနဲ့ သင့်တော်တဲ့ဖိနပ်ရွေးချယ်ဖို့လည်း အရေးကြီးပါတယ်။

ခြေထောက်အပိတ်ရှုးဖိနပ်များ၊ ကတ္တီပါဖိနပ်များဟာ ခြေထောက်ကို အနံ့ဆိုးများထွက်ပေါ်စေတာမို့ရှောင်ကြဉ်သင့်ပါတယ်။ ခြေထောက်အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပြီး သဲဝဲစားခြင်းတွေမှ ကင်းဝေးစေဖို့ မိုးတွင်းစီးဖိနပ်ပေါ့ပေါ့ပါးပါးကိုရွေးချယ်ဝတ်ဆင်ရပါမယ်။

ခြေဝဲစားခြင်း၊ သဲဝဲစားခြင်း၊ အနံ့ဆိုးထွက်ခြင်းတွေမှကင်းဝေးစေဖို့ ခြေထောက်ကို ခြောက်သွေ့အောင်ထားရပါမယ်။ အကယ်၍ အပြင်မှ ပြန်လာပြီး မိုးစိုနေလျှင် ခြေချောင်းလေးတွေကိုခြောက်သွေ့အောင်သန့်စင်ပါ။ မိုးတွင်းဘက်ဖြစ်လို့ Lotion လူးလို့အဆင်မပြေနိုင်ပါဘူး။

ဒါကြောင့်ခြေချောင်းလေးတွေကို ပေါင်ဒါအနုစားလေးလူးပေးလို့ရပါတယ်။ ခြေချောင်းလေးတွေကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်ဖို့ အချိန်မပေးနိုင်ရင်လည်း စိတ်မပူပါနဲ့၊ အားလုံးအဆင်ပြေစိတ်ချမ်းသာစေဖို့ Y.G.N Spa ရှိပါတယ်။ Y.G.N Spa မှာ ခြေသည်း၊ လက်သည်းတွေကို cleansing လုပ်နိုင်တဲ့အပြင် ခုလိုအေးပြီးစိုစွတ်တဲ့မိုးရာသီမှာ ခြေထောက်လေးတွေနွေးပြီး သွေးလည်ပါတ်မှုကောင်းမွန်အောင် Foot massage အသုံးပြုခြင်းဟာ အသင့်တော်ဆုံးလည်းဖြစ်ပါတယ်။

မိုးရာသီမှာတောင် လှပသန့်ရှင်းတဲ့ခြေချောင်းပိုင်ရှင်လေးတွေဖြစ်စေဖို့ Y.G.N Spa မှာကြိုတင်ဘိုကင်လုပ်ထားလိုက်တော့နော်။😍😍

Y.G.N Health Spa & Wellness Center
အမှတ် ၂၀၊ ၃လွှာ ပုလဲလမ်း၊ ရွှေတောင်ကြားရပ်ကွက် ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

☎☎ 09 777333358, 09 7322920

သက်ဆိုင်သော ဆောင်းပါးများ