- ဆောင်းပါးများ
- ခြောက်သွေ.တဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပစေဖို့ အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်ကြမယ်
ခြောက်သွေ.တဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပစေဖို့ အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်ကြမယ်
ခြောက်သွေ.တဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပစေဖို့ အိမ်မှာပဲ အလွယ်တကူ ပေါင်းတင်ကြမယ်
2nd August, 2019
ပျိုမေတို့ရဲ့ ဆံနွယ်လေးတွေ တောက်ပြောင်လှပ သန်စွမ်းဖို့ ဘယ်မှသွားစရာမလိုပဲ ကိုယ့်အိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ နည်းလမ်းများစွာကို ဖော်ပြပေးလိုက်ပါတယ်။
၁။ထောပတ်သီးဖြင့် ပေါင်းတင်ရန်
ထောပတ်သီးကို ကြက်ဥတစ်လုံးနဲ့ ရောမွှေပြီး တခေါင်းလုံးကို သေချာလိမ်းပေးပါ။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်နဲ့ Fatty Acid က ခြောက်သွေ.တဲ့ဆံသားကို တောက်ပစေပေါတယ်။ မိနစ်
(၂၀)လောက်ထားပြီး ပြောင်စင်အောင်ဆေးကြောပါ။ သင်ဟာ ခြောက်သွေ.တဲ့ ဆံပင်ကို ပိုင်ဆိုင်ထားရင်တော့ (၁)ပတ် (၁)ခါပြုလုပ်ပေးပါ။ ပုံမှန် ဆံပင်ဆိုရင်တော့ (၁)လ (၁)ခါဆို လုံလောက်ပါတယ်။
၂။ထောပတ်ဖြင့် ပေါင်းတင်ရန်
သင့်ဆံနွယ်လေးတွေ သန့်ရှင်းတောက်ပချင်ရင်တော့ ထောပတ်နဲ့ ဆံပင်ပေါင်းတင်လို့ရပါတယ်။ ဒီနည်းကို သိပ်ကြားဖူးမှာ မဟုတ်ပါဘူးနော်။ ထောပတ်နဲ့ ဆံနွယ်များကို သေချာစွာ နှံစပ်အောင်လိမ်းပေးပြီး Shower Capစွပ်ပြီး (၁)နာရီခန့်ပေါင်းတင်ပေးပါ။ ပြီးရင် ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ သေချာစွာ လျှော်ပြီးနောက်မှာ လှပတဲ့ ဆံနွယ်လေးတွေ ပိုင်ဆိုင်နိုင်ပါပြီ။
၃။သံလွင်ဆီဖြင့် ပေါင်းတင်ရန်
သံလွင်ဆီအနည်းငယ်ကို နွေးယုံနွှေးပါ။(ပွက်သည်အထိ အပူပေးရန်မလိုပါ)။ ပြီးလျှင် တစ်ခေါင်းလုံး အနှံ့လိမ်းပါ။ Shower Cap ဖြင့်အုပ်ပြီး တဘက်ဖြင့်ခေါင်းပေါင်းထားပါ။ (၄၅) မိနစ်ခန့်ထားပြီးလျှင် ခေါင်းလျှော်၍ ရပါပြီ။
၄။ Tea (လက်ဖက်ရည်ဖြင့် ဆေးပါ)
ရေနွေးလို့ကြားရင် လည်ချောင်းနာခြင်း ကုသဖို့အတွက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ သဘာဝအတိုင်းတောက်ပတဲ့ ဆံနွယ်လေးတွေ ပိုင်ချင်ရင်တော့ ဦးဆုံးရေ ထည့်ထားတဲ့ ရေနွေးကြမ်းနဲ့ (အခါးဓာတ်ပိုမိုရရှိရန်) ဆံပင်တွေကို ဆေးကြောပေးရမှာပါ။ ပြီးရင်တော့ ပုံမှန်ခေါင်းလျှော်ပေးနိုင်ပါတယ်။ သတိထားရမှာက သဘာ၀ အနက် ရောင် ဆံပင်တွေ (သို့) အညိုရင့်ရောင်တွေ အတွက် ဆို ပုံမှန်သုံးနေတဲ့ လက်ဖက်ခြောက်အမည်းရောင်နဲ့ အဆင်ပြေပါတယ်။ရွှေရောင်ဆိုးထားတဲ့ ဆံနွယ်တွေ အတွက်ကတော့ chamomile tea လို့ခေါ်တဲ့ ဒေစီပန်းတစ်မျိုးနှင့် ပြုလုပ်ထားသော ရေနွေးကြမ်းကို အသုံးပြုပေးနိုင်ပါတယ်။
၅။ apple cider vinegar (ပန်းသီးချဉ်ရည်ဖြင့် ပေါင်းတင်ရန်)
apple cider vinegar ကတော့ အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ အရာလို့ ညွှန်းချင်ပါတယ်။ apple cider vinegar ကို လက်ဖက်စားဇွန်း (၁)ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း (၂)ဇွန်းကို ကြက်ဥသုံးလုံးမှ အကာဖြင့် (အနှစ်မပါပါ) သမအောင်ရောမွှေပါ။ တစ်ခေါင်းလုံးသုတ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။ ပြီးလျှင်တော့ ခေါင်းလျှော်လို့ရပါပြီ။
၆။ကြက်ဥဖြင့် ပေါင်းတင်ရန်
ကြက်ဥတစ်လုံးကို ခေါင်းလျှော်ရည် အနည်းငယ်ထည့်ကာ မွှေပါ။ ငါးမိခန့်ထားပြီးလျှင် ပုံမှန်ခေါင်းလျှော်ပေးနိုင်ပါပြီ။ ကြက်ဥမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်သည့်အတွက် သင့်ဆံပင်ကို သန်စွမ်းတောက်ပစေမှာပါ။
၇။ botanical oils ဖြင့်ပေါင်းတင်ရန်
botanical oils ကို Food Store အတော်များများမှာ ရရှိနိုင်ပါတယ်။ မရခဲ့ရင် Olive Oils နှင့် ALmond Oils တို့ကို အသုံးပြုနိုင်ပါတယ်။ ဆံပင်ကို စိုအောင်အရင်ပြုလုပ်ပြီး botanical oils အနည်းငယ်ကို လိုအပ်သလို အသုံးပြုပါ။ မိနစ် (၃၀) ခန့်ထားပြီးလျှင်တော့ ခေါင်းလျှော်ပေးလို့ရပါပြီ။ ဆံပင်အုံ အရမ်းထူလွန်းခဲ့ရင် အုန်းဆီနဲ့လည်း ပေါင်းတင်ပေးနိုင်ပါတယ်။
၈။sandalwood oil (စန္ဒကူးဆီဖြင့် ပေါင်းတင်ရန်)
စန္ဒကူးဆီအနည်းငယ်ကို သံလွင်ဆီအနည်းငယ်ရောစပ်ကာ အချိန်အနည်းငယ်ကြာ ပေါင်းတင်ပေးနိုင်ပါတယ်။ နူးညံ့တောက်ပမှုကို အချိန်တိုအတွင်း ရရှိလာမှာပါ။
၉။ရေကူးပြီးနောက် ကာကွယ်ရန်
ရေကူးကန်ထဲမှာရှိတဲ့ Chemicals ဓာတ်တွေကနေ ကာကွယ်ဖို့ Apple Cider (၁)စ၊ ရေ (သုံးစ) ရောစပ်ပြီး ခေါင်းလျှော်ခါနီး သုံးပေးသင့်ပါတယ်။ပြီးရင် Conditionar ဆက်သုံးပါ။ ကမ်းခြေမှာ ရေဆော့ပြီး ခေါင်းလျှော်ရင်လဲ အသုံးပြုသင့်ပါတယ်။ ဒီနည်းကတော့ အလှအပရေးရာ အကြံပြု ဆွေးနွေးသူ Susie Galvez က အကြံပေးထားတာပါ။
၁၀။ သဘာဝအတိုင်း ရေစုပ်နည်း
စိုစွတ်နေတဲ့သင့်ဆံနွယ်တွေကို တဘက်ဖြင့် ခြောက်သွေ့အောင် ခပ်ကြမ်းကြမ်းသုတ်ခြင်းကဆံပင်နှစ်ခွဖြစ်စေပြီး ဆံပင်ကြမ်းစေပါတယ်။ ရေစိုနေတာကို ချက်ခြင်း မသုတ်သေးပဲ ချည်သားတဘက်ဖြင့် ခဏခေါင်းပေါင်းထားပေးခြင်းက ဆံပင် နှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ.ကြမ်းတမ်းခြင်း မှ ကာကွယ်ပေးနိုင်ပါတယ်။
၁၁။ ဆံပင်အမြဲမစည်းထားပါနှင့်
ဆံပင် အမြဲစည်းခြင်း နှင့် အရမ်းတင်းအောင်ထားခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
၁၂။omega-3s သောက်ပါ
ဆံပင်ကျန်းမာရေးအတွက် evening primrose oil (သို့) flaxseed oil 250mg ကိုတစ်နေ့ (၃)လုံးမျှ သောက်သုံးသင့်ပါတယ်။ Omega-3 Fatty Acids ဟာ ဆံပင် နှင့် လက်သည်း ခြေသည်းကျန်းမာရေးအတွက်
အထူးသင့်တော်ပါတယ်။
(rd-com မှ Article အား YourFitster Team မှဆီလျော်အောင် ဘာသာပြန်သည်)
ဆံပင်နဲ့ပါတ်သက်တဲ့ ဗဟုသုတလေးတွေ သူငယ်ချင်းတွေသိစေဖို့ Like & Share လုပ်ခြင်းဖြင့် မျှဝေလိုက်ပါအုံးနော် <3 sharing is caring <3